အားအားယားယား ဝင်ပြောလိုက်ပါဦးမယ်။ COVID-19 ဟာ သွေးအမျိုးအစားအလိုက် ကူးစက်နှုန်းတို့ ခံစားရပုံတို့ ပြင်းထန်ပုံတို့ မတူဘူးဆိုတဲ့ သတင်းကြီးက ထိပ်တန်းမီဒီယာတွေမှာရော ကမ္ဘာ့မီဒီယာတွေမှာရော အတော်ကျယ်ကျယ်ပြန့်ပြန့် ရေးနေတာတွေ့နေရတယ်။ အဲ့သတင်းနဲ့ ပတ်သက်ပြီး ပြောစရာရှိတာက ပြည့်စုံမှုမရှိဘူးဆိုတာပါပဲ။ ပြီးခဲ့တဲ့ရက်တွေတုန်းက လူတွေရဲ့ သွေးအမျိုးအစားကိုလိုက်ပြီး ရောဂါကူးစက်နိုင်ခြေ ကွာခြားတယ်လို့ တရုတ်ဆေးသိပ္ပံပညာရှင်တွေက ကြေညာခဲ့တယ်။ ရှောင်နန်ဆေးရုံ Centre for Evidence-Based and Transnational Medicine ဌာနနဲ့ ဝူဟန်တက္ကသိုလ်တို့ရဲ့ သုတေသနရလဒ်သစ်ပါ။ သူတို့အဆိုအရ COVID-19 ဟာ A သွေးပိုင်ရှင်တွေကို ပိုထိခိုက်/ပိုကူးစက်စေနိုင်ပြီး အန္တရာယ်အနည်းဆုံးကတော့ O သွေးပိုင်ရှင်တွေလို့ ဆိုထားပါတယ်။ ဒီအချက်ကို မီဒီယာတွေက လိုသလိုဆွဲယူရေးကြပါတော့တယ်။ ဒီတော့ ယုန်ထင်ကြောင်ထင် ကိစ္စတွေ ဖြစ်လာရော။ A သွေးသမားတွေက လောင်ကုန်ကြပြီး…
To State or To Stateness
ဒီမိုကရေစီဆိုလို့ပါ။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော် ဆိုတဲ့ စကားကို ကျွန်တော်တို့ ကြားခဲ့ရတာ ကြာခဲ့ပါပြီ။ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိခြင်းမရှိခြင်းထက် အမည်ခံ ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ အစိုးရတစ်ခုရဲ့ ၅ နှစ်တာ သက်တမ်းကိုလည်း ဖြတ်သန်းခဲ့ပြီးကြပြီ။ လူထုထောက်ခံမှုနဲ့ တက်လာပြီး လူထုနဲ့ ဝေးကွာလာတဲ့ အစိုးရသက်တမ်းလည်း ကုန်လုနီးပြီ။ လာမယ့် လပိုင်းလောက်ဆို နိုင်ငံရေးအာဏာအပေါ် သက်ရောက်မှုရှိမယ့် ရွေးကောက်ပွဲကြီးလည်း လာတော့မယ်။ ဆိုတော့ ကျွန်တော်တို့ဟာ ၁၀ နှစ်သား ဒီမိုကရေစီနိုင်ငံသားလေးတွေတော့ ဖြစ်လာကြပြီပေါ့။ ဒီတော့ ကျွန်တော်တို့ဟ ဒီမိုကရေစီစစ်စစ်ဆီကို ရောက်နေပါပြီလား။ ကျွန်တော်တို့နဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်တစ်ခုကို ဖော်ဆောင်နိုင်ပြီလား၊ ဒီမိုကရေစီနိုင်ငံတော်တစ်ခုကို ဖန်တီးနိုင်ပြီလား မေးခွန်းတွေရှိလာပါတယ်။ သေချာတာကတော့ အရွေ့တွေရှိနေသလို မရွေ့တာတွေလည်း မြင်နေရဆဲပါ။ နာမည်ကျော်…
သူငယ်ချင်းသို့
ထုံးစံအတိုင်း မျက်စိ နှစ်လုံးစပွင့်တာနဲ့ အိပ်ယာ ခေါင်းရင်းက ဖုန်းကို စစမ်းတယ်။ အချိန်ကိုကြည့်လိုက်တော့ မနက် ၃ နာရီနဲ့ ၂၈ မိနစ်။ မျက်လုံးရဲ့ အကြည့်တွေက နာရီဂဏန်းတွေရဲ့အောက်က နေ့စွဲအရောက်မှာ ရပ်သွားတယ်။ မတ်လ ၅ ရက်နေ့ … ပါးစပ်ကနေ ‘Shit’ လို့ မကျေမချမ်း ရေရွတ်မိလိုက်တယ်။ ဟုတ်တယ်။ ခုဆို နင် ငါ့ကို ချန်ထားရစ်ခဲ့တာ ၆ နှစ်တောင်ရှိခဲ့ပြီပဲ။ ငါ ဘာလို့ မေ့နေခဲ့တာလဲလို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ တကယ်ဆို ငါ ဒီလို အခိုက်အတန့်မျိုးကို မေ့စရာအကြောင်းမှမရှိတာ။ နင်မရှိတော့ဘူးဆိုတဲ့ ခံစားချက်ကို ပြန်ခံစားမိတဲ့အခါ နင် ငါ့ကို ထားသွားတဲ့ အဲ့ဒီနေ့ကို ပြန်အမှတ်ရမိနေတုန်းပဲ။ ထုံးစံအတိုင်း ညမှာများသွားလို့ ငါ…
နွေ
သစ်ရွက်ခြောက်တို့ကြွေ၍ တောင်လေပူတို့ တလွင့်လွင် တလူးလူး မြူးထူးကြသော နွေရာသီ တစ်ရက်ဖြစ်လေသည်။ ရန်ကုန်နွေသည် လူကိုအရည်ပျော်သွားစေတော့မည့်အလား ထင်မှတ်မှားစေပြန်၏။ ရုံးပိတ်ရက်မို့ သူမ အိမ်တွင် တယောက်တည်း ပျင်းပျင်းရှိနေသည်။ နေ့လယ်နေ့ခင်း အပူဒါဏ်ကို ရှောင်လွဲရင်း အပန်းဖြေရန် လက်လှမ်းမှီရာ စာအုပ် တစ်အုပ်ကို ဆွဲယူပြီး အိမ်ရှေ့ရှိ ပိတောက်ပြာပင်အောက်သို့ သူမ ထွက်ခဲ့သည်။ နွေဦးရောက်ပြီမို့ ပိတောက်ပြာပင်ကြီးအောက်တွင် သစ်ရွက်ခြောက်တို့ ဖွေးဖွေးလှုပ် အတုန်းအရုံး။ ရွှေအိုရောင်သစ်ရွက်ခြောက်လေးများကို အုန်းလက်ခြောက်တံပျက်စီးနှင့်လှဲသည်။ ခြံထောင့်တွင် အကျအနပုံလိုက်သေးသည်။ ပြီးနောက် အရိပ်ကောင်းလှသည့် ပိတောက်ပြာပင်ကြီးအောက် သံမံတလင်းတွင် နေသားတကျထိုင်၍ လက်ထဲမှ စာအုပ်ကို ဖတ်ရန်ပြင်တော့သည်။ စာအုပ်၏ အမည်ကား “မင်းလူ၏ ဝတ္ထုတိုပေါင်းချုပ်” ဟူသတတ်။ ဦးစွာ မာတိကာကို သူမ ကြည့်လိုက်၏။ ယင်းနောက် မဖတ်ရသေးသည့်…
၂၀၁၅ နှင့် အခြေခံအဆောက်အအုံမျှော်လင့်ချက်
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် တွင် အာဆီယံ ဥက္ကဌ ရာထူးကို တာဝန်ယူထမ်းဆောင်ရန် ပြီးခဲ့သော အောက်တိုဘာလအတွင်က တရားဝင် ရာထူးလက်ခံရယူခဲ့ပြီးဖြစ်သည်။ နိုင်ငံရေး စီပွားရေး ပြုပြင်ပြောင်းလဲမှုများဆက်တိုက်ဆောင်ရွက်နေခြင်းကြောင့် နေချင်း၊ ညချင်း ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး စင်မြင့်ထက်တွင် ရုတ်ချည်းထင်ပေါ်လာခဲ့သော မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ ကိစ္စရပ် တစ်ခုဖြစ်သည်။ အာဆီယံဥက္ကဌရာထူးလက်ခံခဲ့ခြင်းကြောင့် တိုင်းပြည်၏ ဂုဏ်သိက္ခာပိုမိုတိုးတက်လာမည် သာမက တိုင်းပြည်အပေါ်နိုင်ငံတကာ၏ ယုံကြည်မှုပိုမိုလာမည်ဖြစ်သလို အခြားကဏ္ဍအသီးသီးတွင် အခွင့်အလမ်းများ၊ အကျိုးစီးပွားများလည်း ရရှိလာမည်မှာမလွဲမသွေဖြစ်သည်။ သို့သော် ယင်းအကျိုးအမြတ်များနှင့် ဒွန်တွဲ၍ စိန်ခေါ်မှုများနှင့် အခက်အခဲများကလည်း ရှိနေသေးသည်။ အထူးသဖြင့် အခြေခံအဆောက်အအုံမပြည့်စုံမှုနှင့် ပြည်တွင်းလက်နက်ကိုင်ပြဿနာများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအတွက် အကြီးများဆုံး စိတ်ခေါ်မှုဖြစ်သည်ဟု နိုင်ငံတကာအဖွဲ့အစည်းများနှင့် စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။ ပြည်တွင်းငြိမ်ချမ်းရေးအတွက် အစိုးရက အထူးအားသွန်ခွန်စိုက်ကြိုးပမ်းနေပြီး သိသိသာသာ…
၂၀၁၄ နှင့် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာ နှစ်ခု
သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍသည် ကမ္ဘာတစ်ဝှမ်းတွင် အချိန်နှင့်အမျှ လျှင်မြန်စွာ ပြောင်းလဲနေသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ ထို့အတူ မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည်လည်း အရှိန်အဟုန်ဖြင့် အလျှင်အမြန်ပြောင်းလဲလာနေသည်။ ၂၀၁၁ ခုနှစ်မှ စတင်၍ အစိုးရက မိုဘိုင်းဖုန်း SIM Card ဈေးနှုန်းများကို တဖြည်းဖြည်းခြင်းလျှော့ချပေးခဲ့ပြီး ၂၀၁၃ တွင်မှု အလှည့်အပြောင်း အဖြစ် နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများကို ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူ၍ ဆက်သွယ်ရေးကဏ္ဍကို အကြီးအကျယ်ပြောင်းလဲပစ်ခဲ့သည်။ နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီ နှစ်ခု ဖြစ်သော တယ်လီနော်နှင့် အော်ရီဒူးတို့ တင်ဒါအောင်မြင်ခဲ့ပြီးနောက် အဆိုပါကုမ္ပဏီများက မိမိတို့ လုပ်ကိုင်မည့် အစီအစဉ်များကို ကြိုတင်ကြေညာကြထားကြပြီး ပြည်သူများကလည်း ဈေးနှုန်းသက်သာခြင်း၊ နိုင်ငံတကာအဆင့်မှီ ဝန်ဆောင်မှုများ ပေးအပ်သွားမည်ဆိုခြင်းတို့ကြောင့် ဝန်ဆောင်မှုများမပေးမှီမှာပင် အဆိုပါကုမ္ပဏီများအပေါ် သဘောကြနှစ်ခြိုက်နေကြသည်။ ယင်းအနေအထားသည် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရန်မလိုအပ်ပဲ အော်ပရေတာလုပ်ကိုင်ခွင့် တစ်နေရာစီရရှိနေသော…
စမတ်ဖုန်းခေတ်
အသက်နှစ်ဆယ့်သုံးနှစ်အရွယ်လူငယ်တစ်ဦးဖြစ်သူ ကိုထက်ထက်လတ်က နာမည်ကျော် မိုဘိုင်းဖုန်းအရောင်းဆိုင်ကြီးတစ်ခုအတွင်းတွင် အရောင်းဝန်ထမ်းအမျိုးသမီးလေး ရှင်းပြနေသည်များကို စိတ်ပါဝင်စားစွာနားထောင်နေသည်။ အရောင်းဝန်ထမ်း အမျိုးသမီးလေးရှင်းပြပြီနောက် သူက စိတ်ကျေနပ်သွားသည့် ဟန်ပန်ဖြင့် မိုဘိုင်းဖုန်းကို ဝယ်ယူလိုက်သည်။ “ကျွန်တော့်မှာ ရှိတဲ့ပိုက်ဆံ သုံးသိန်းကျော်လောက်နဲ့ Screen ကျယ်ကျယ် Hardware ကောင်းကောင်းနဲ့ဆိုရင် ဒီဖုန်း သင့်တော်မယ်ထင်တယ်” ဟု သူအသစ်ဝယ်ယူလာသည့် တက်ဘလက်နှင့် ဖုန်း နှစ်မျိုးစလုံး အသုံးပြုနိုင်သော Galaxy Tab 3 ဖုန်းကိုကိုင်ရင်း သူကဆိုသည်။ မိုဘိုင်းဖုန်း SIM Card များဈေးနှုန်းလျော့ကျလာပြီးနောက်ပိုင်း ယခုမြင်ကွင်းမျိုးသည် ရန်ကုန်မြို့တွင် မထူးခြားတော့သော မြင်ကွင်းတစ်ခုသာဖြစ်သည်။ “အခုနောက်ပိုင်း ဟန်းဆက် အများဆုံးဝယ်တာက လူငယ်အများစုပါပဲ။ နိုင်ငံတကာမှလည်း ဒီလိုပဲ။ လူငယ်တွေက အဓိက မိုဘိုင်းဖုန်းအသုံးပြုသူတွေပဲလေ။” ဟု ရန်ကုန် မြောက်ဥက္ကလာရှိ Star…
မြန်မာ့ဆက်သွယ်ရေး နွေဦး
ဇွန်လ ၂၇ ရက် ရုံးခန်းတစ်ခုလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေသည်။ တာဝန်ရှိသူအချို့ ခန်းမထဲတွင် လူစုရန်ပြောကြားသောကြောင့် သူမ စိတ်လှုပ်ရှားစွာ လိုက်ပါသွားသည်။ သို့သော် လူကြီးများ၏ မျက်နှာ အနည်းငယ်ပျက်နေသောကြောင့် သူမစိုးရိမ်မိလာသည်။ အခန်းထဲသို့ အားလုံးရောက်ပြီး လူစုံသောအခါတွင် အမှုဆောင်အဖွဲ့ဝင်တစ်ဦးက “ဆက်သွယ်ရေးတင်ဒါ ကျွန်တော်တို့ မရဘူး” ဟု စိတ်မပါတပါနှင့် ပြောလိုက်သည်။ သူ့စကားဆုံးသည်နှင့် အခန်းထဲတွင် ဝုန်းခနဲ ပွက်လောရိုက်သွားသည်။ တစ်ချို့က ငိုကြသည်။ တစ်ချို့ က စိတ်ပျက်လက်ပျက်ဖြင့် ခန်းမ အပြင်ထွက်သွားပြီး မိမိနေရာ မိမိပြန်ထိုင်ပြီး ငူငူငိုင်ငိုင်ဖြင့်ဖြစ်ကုန်ကြသည်။ “မနက်ပိုင်းကတည်းက သတင်းတွေက အမျိုးမျိုးထွက်နေတာ။ ကိုယ့်ကုမ္ပဏီနာမည်ပါပေမယ့် တရားဝင်မဟုတ်သေးတော့ မပြောသေးဘူး။ စောင့်ကြည့်နေကြတာပေါ့။ အားလုံးကို ခန်းမထဲခေါ်ပြီး လိုင်စင်မရတော့ဘူးလို့ ပြောလိုက်တဲ့ အချိန်မှာ ငိုချလိုက်ကြတာ။ ဝမ်းနည်းပက်လက်ပဲ။”…
၂၀၁၄ ဆက်သွယ်ရေး ဗိုလ်လုပွဲ
ပုဆိန်ရိုးဟု အခေါ်ခံရမည်လား မဆိုတတ်၊ လက်ရှိဆက်သွယ်ရေး ဝန်ဆောင်မှုများကို စိတ် ပျက်နေပြီ ဖြစ်သည့် မြန်မာလူထုကမူ ပြည်ပ ဖုန်းကုမ္ပဏီနှစ်ခုကို မျှော်တလင့်လင့် ရှိနေပြီ ဖြစ်သည်။ နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီ နှစ်ခုဖြစ်သော တယ်လီနောနှင့် အော်ရီဒူးတို့ တင် ဒါ အောင်မြင်ခဲ့ပြီးနောက် အဆိုပါ ကုမ္ပဏီများက မိမိတို့လုပ်ကိုင်မည့် အစီအစဉ်များကို ကြို တင် ကြေညာထားကြပြီး ပြည်သူများကလည်း ဈေးနှုန်းသက်သာခြင်း၊ နိုင်ငံတကာ အဆင့်မီ ဝန်ဆောင် မှုများ ပေးအပ်သွားမည် ဆိုခြင်းတို့ကြောင့် ဝန်ဆောင်မှုများ မပေးမီမှာပင် မဆွတ်ခင် ညွတ်နေကြသည့် သဘောရှိသည်။ ယင်းအနေအထားသည် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်ရန် မလိုအပ်ဘဲ အော်ပရေတာ လုပ်ကိုင်ခွင့် တစ်နေရာစီ ရရှိနေသော ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းနှစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး…
CDMA ခေတ်ကုန်ပြီလား
ကိုကျော်ကျော်တစ်ယောက် လက်ထဲကဖုန်းကိုတစ်ချက်ကြည့်လိုက်သည်။ သူသည် မိုဘိုင်းဖုန်းအရောင်းဆိုင် တစ်ခုအတွင်းရောက်နေခြင်းဖြစ်ပြီး ဆိုင်ဝန်ထမ်းအမျိုးသမီးများရှင်းပြသည်ကို နားထောင်ရင်း သူနည်းနည်း စိတ်ညစ်သွားသည်။ “၁၅၀၀ တန် CDMA ဖုန်းတွေက Handset သိပ်များများရွေးစရာမရှိဘူး။ ဒါဆောင်ကျွန်တော်တို့က CDMA 800 MHz မို့လို့။ 450 ကိုင်တဲ့သူတွေဆိုရင် Smart Phone တောင်ကိုင်လို့မရဘူး။” ဟုသူကဆိုသည်။ လူငယ်တစ်ယောက်ပီပီ ဖုန်းကောင်းကောင်းသုံးချင်သော်လည်း ၁၅၀၀ တန် မိုဘိုင်းဖုန်းများသည် CDMA ဖုန်းများဖြစ်နေသည့်အတွက် နာမည်ကျော် အမှတ်တံဆိပ် မိုဘိုင်းဖုန်းများကို သုံးစွဲခွင့်မရဖြစ်နေသည်။ သို့သော် MEC Tel မှ ချထားပေးသည့် ယင်း ၁၅၀၀ တန် ဖုန်းများသာမက မြန်မာ့ဆက်သွယ်ရေးက ယခင်ချထားပေးထားသည့် CDMA 800 MHz နှင့် CDMA 450 MHz…
