အပြောင်းအလဲတစ်ခုကို ကြုံလာရချိန်တိုင်းမှာ လိုက်လျောညီထွေတုန့်ပြန်နိုင်စွမ်းက အရေးပါလှသလို စူးစမ်းလေ့လာအားကလည်း ထိုနည်းလည်းကောင်းပဲ။ ဒီနှစ်ခုကို ဉာဏ်ရှိသလို ယှဉ်တွဲအသုံးမချနိုင်ရင် အကူးအပြောင်းကာလတွေမှာ အတော်လေး ကသီလင်တနိုင်လှတယ်။ ခုလည်း အဲဒီလို အနေအထားမျိုးတွေ ခပ်စိတ်စိတ်လေး မြင်လာရတော့ ကိုယ်တောက်တိတောက်တဲ့ ရှာဖွေမှတ်ဖူးသိထားဖူးတဲ့ အကြောင်းအရာလေးတစ်ချို့ မျှဝေချင်လာတာနဲ့ ဒီစာကိုရေးဖြစ်ပါတယ်။ အပြောင်းအလဲက ရုတ်ချည်းဖြစ်လာတော့ ကိုယ်စွမ်းကိုယ်စရှိသမျှ Adaptability Skill တွေကို အားကုန်ထုတ်သုံးပြီး ဉာဏ်မှီသလောက် ခေတ်နောက်ပြေးလိုက်ရတာပါပဲ။ အားလုံးက တစ်တော့ခ်မှ တစ်တော့ခ်ဆိုတော့ ကိုယ်လည်း တစ်တော့ခ် ပဲပေါ့။ ဆိုတော့ ခေါင်းစဉ်ပါ ပေးထားချက်နဲ့ပဲ စကြပါစို့။ “တစ်တော့ခ်ရဲ့ Algorithm ဘယ်လို အလုပ်လုပ်သလဲ၊ တစ်တော့ခ်မှာ ဘယ်လို နေရာယူကြမလဲ” ဆိုတာပဲပေါ့။ ဖေ့စ်ဘုတ်မှာ ခေတ်မကောင်းချိန်မှာ လူအများစု ရွှေ့ပြောင်းအခြေချကုန်ကြတာက တစ်တော့ခ်ဆိုတာ မြေကြီးလက်ခတ်မလွဲလှဘူး။…
ဆိုရှယ်မီဒီယာ ရေစီးကြောင်း ဘာတွေဖြစ်လာမလဲ
လက်ရှိဖြစ်နေတဲ့ VPN ပြဿနာတွေရယ် Social Media Behavior တွေရယ်အရဆိုရင် လာမယ့် ၃ လကနေ ၆ လ ဝန်းကျင်အတွင်းမှာ Commercial Trends တွေရော Digital Marketing Trends တွေရော Socialtainment Platform တွေဆီ ကြီးကြီးမားမား ရွေ့သွားကြမယ်ထင်ပါတယ်။ ဆိုတော့ Digital Marketing ဘက်မှာ အပြောင်းအလဲ ခပ်ကြီးကြီးတွေနဲ့ ရင်ဆိုင်ရဖို့ ရှိလာပြီ။ ကြိုပြင်ထားဖို့လည်း လိုလာပြီ။ အာဏာရအစိုးရဘက်က VPN ကို Control လုပ်ဖို့ ကြိုးစားလာတာဟာ သူတို့ရဲ့ ကိုယ်ပိုင် Purpose တစ်စုံတစ်ရာကြောင့် ဖြစ်မယ်ဆိုတာ သေချာပေမယ့် Local Market ထဲမှာ အပြောင်းအလဲတွေ စဖြစ်နေခဲ့တာက အဲ့မတိုင်ခင်ကတည်းက လို့တောင် ပြောရမလားပဲ။…
အာဏာရှင်စနစ်ကို ရေသောက်မြစ်ရှာခြင်း
အာဏာရှင်စနစ်၊ အာဏာရှင်ခေတ်ဆိုတာ မြန်မာတွေအတွက်တော့ မျိုးဆက် ၃ ခု လုံး ကြုံဖူးတဲ့ အတွေ့အကြုံအိပ်မက်ဆိုးဖြစ်လာခဲ့ပြီ။ အာဏာရှင်စနစ်ဟာ မကောင်းဘူးလို့ သက်ကြီးစကား သက်ငယ်ကြား နားထောင်ခဲ့ရဖူးသလို ကိုယ်တိုင်ကိုယ်ကျလည်း ဖြတ်သန်းခဲ့ကြဖူးပြီ။ မြန်မာပြည်မှာ အာဏာရှင်စနစ်အကြောင်းပြောကြရင် အင်စတီကျူးရှင်းဆိုတဲ့ မျက်မှန်စိမ်းတပ်ပြီး ပြောတတ်ကြတယ်။ ဘယ်အဖွဲ့အစည်းကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘယ်နည်းလမ်းတွေကြောင့် စသဖြင့်ပေါ့။ တကယ်တမ်းတွေးကြည့်ရင် မြန်မာနိုင်ငံရဲ့ သက်တမ်း နှစ် ၁၀၀၀ ကျော်မှာ လူထုရွေးကောက်တင်မြှောက်မှုနဲ့ အုပ်ချုပ်ရေးအာဏာကို ပိုင်ဆိုင်ခွင့်ရတဲ့ အစိုးရတွေရဲ့ သက်တမ်းက မဆိုစလောက်လေးရယ်ပါ။ သက်ဦဆံပိုင်ဘုရင်ခေတ်နဲ့ ကိုလိုနီခေတ်တွေကို ချန်လှပ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလချည်း တိုင်းထွာမယ်ဆိုရင်တောင်မှ အာဏာရှင်စနစ်နဲ့ ကင်းလွတ်တဲ့ကာလက ၂၅% ဝန်းကျင်ပဲရှိပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်နဲ့ ပတ်သက်ဆက်နွယ်ရတဲ့ အချိန်ကာလတွေက အတော်လေးများလှတာကို မြင်ရပါလိမ့်မယ်။ လွတ်လပ်ရေးပြီးချိန်ကတည်းကနေ…
ဝိတ်ချနေချိန်မှာ အဖျော်ယမကာသောက်သုံးလို့ရသလား?
“ခင်ဗျား ဝိတ်ချနေတာနဲ့ပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး သောက်စားတာမျိုးကို ရပ်တန့်လိုက်စရာမလိုပါဘူး” လို့ ကိုယ်အလေးချိန် ထိမ်းသိမ်းရေး ပညာရှင် အလိုနာ ဘန်ဇနယ်လီက ပြောဖူးပါတယ်။ ယျေဘုယျအားဖြင့်တော့ ကိုယ်အလေးချိန် လျှော့ချနေသူတွေဟာ အရက်သေစာနဲ့ အဖျော်ယမကာ သောက်စားတာမျိုးကို တတ်နိုင်သမျှ ရှောင်ကျဉ်ကြပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ခုပြောချင်တာကတော့ အလေးချိန်လည်းချချင်တယ်။ အဖျော်ယမကာလေးလည်း တစ်ခါတစ်ရံ မှီဝဲချင်တယ်ဆိုတဲ့ သူတွေအတွက်ပါ။ တကယ်တမ်းအားဖြင့် အယ်လ်ကိုဟောမှာ ကယ်လိုရီဓာတ်တွေ ပါဝင်ပြီးတော့ ပရိုတိန်း၊ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ ဖိုက်ဘာဓာတ်တွေလည်း နည်းနည်းစီပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချနေသူတွေအနေနဲ့ သင့်တော်တဲ့ပမာဏမျိုးနဲ့ အဖျော်ယမကာသောက်သုံးတာမျိုးလုပ်ချင်တယ်ဆိုရင် လုပ်နိုင်တယ်ဆိုတဲ့သဘောပါ။ ဒါကြောင့် အရက်အပါအဝင် အဖျော်ယမကာတွေကို သင့်တော်ရုံ ပမာဏမျိုး သောက်သုံးပေးခြင်းဟာ မိမိတို့ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီစားသုံးမှုကို အထောက်အကူဖြစ်စေပါတယ်။ ဝိတ်ချနေချိန်မှာ…
ချောင်းဆိုးပျောက် ပူရှိန်းငုံဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ
ချောင်းဆိုးတယ်ဆိုတာက အချိန်မရွေး ရာသီမရွေး ဖြစ်နိုင်တဲ့ ရောဂါတစ်မျိုးပါ။ အအေးမိတုပ်ကွေးလို ရောဂါတွေကြောင့်ဖြစ်နိုင်သလို သာမန်ဖျားပြီးချိန်တွေမှာလည်း ချောင်းဆိုးဆက်မပြတ်ပဲ ကျန်ခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေများဆို လည်ချောင်းလေးတောင် နာပြီး ကျန်ချင်ကျန်ခဲ့တတ်ပါသေးတယ်။ များသောအားဖြင့်တော့ ခံရခက်တဲ့လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာကို သက်သာစေဖို့ Menthol ပါဝင်တဲ့ ချောင်းဆိုးပျောက် ပူရှိန်းဆေးပြားလေးတွေ (Menthol Lozenges ဒါမှမဟုတ် Sore Throat Lozenges) ငုံကြလေ့ရှိပါတယ်။ ပူပူရှိန်းရှိန်း၊ အနံ့ကလည်းမွှေးတေးတေး၊ အရသာလေးကလည်း စုံစုံနဲ့မို့ လူကြိုက်လည်းများလှပါတယ်။ ဒီဆေးပြားလေးတွေက ချောင်းဆိုးပျောက်ရုံတင်မက ခံတွင်းလည်း ရှင်းတာမို့ တစ်ချို့ ကြိုက်တတ်သူတွေက ဒီအတိုင်းဆောင်ထားပြီး ငုံတာမျိုးတောင် လုပ်တတ်ကြပါသေးတယ်။ ဒါပေမယ့်လည်း ဘယ်နေရာမှာမဆို တန်ဆေး လွန်ဘေးဆိုတဲ့ သတိပေးချက်ကလည်း ရှိနေတာကို သတိထားသင့်ပါတယ်။ ပူရှိန်းဆေးပြားတွေဟာ ရောဂါပျောက်ကင်းသက်သာစေဖို့ ထုတ်လုပ်ထားတာဖြစ်ပေမယ့် လိုအပ်တဲ့ ပမာဏထက်…
လူလုပ် ဝက်သားတု စားကြမလား
ဝက်သားဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အသားတစ်မျိုးလို့ ဆိုစမှတ်ရှိပါတယ်။ မြန်မာ့ဆိုရိုးတစ်ခုမှာလည်း “အသားမှာ ဝက်” လို့ ဆိုထားတယ်မဟုတ်လား။ အခုတော့ ဝက်သားကို နည်းပညာအကူအညီနဲ့ အတုဖန်တီးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး စိုက်ပျိုးထုတ်လုပ်မှုအခြေပြု ဝက်သားတုကို Consumer Electronics Show 2020 ပြပွဲမှာ ထုတ်ဖော် ပြသခဲ့ပြီးတော့ လူစိတ်ဝင်စားမှုလည်း ကြီးကြီးမားမားရခဲ့ပါတယ်။ လက်ရှိမှာ အဆိုပါ လူလုပ် ဝက်သားတုကို Impossible Pork လို့ နာမည်ပေးထားပြီးတော့ Kosher နဲ့ Halal Certified ရထားတာမို့ အစ္စလာမ်ဘာသာဝင်တွေပါ စားသုံးလို့ရပါတယ်။ ဒီဝက်သားကို အသုံးပြုထားတဲ့ ဟမ်ဘာဂါတွေကို Burger King ဆိုင်တစ်ချို့မှာ စတင်ပြီး စားသုံးလို့ရမှာပါ။ သဘာဝအတိုင်း မဟုတ်ပဲ လူသားနည်းပညာဖန်တီးထုတ်လုပ်ထားတဲ့ အဲဒီ Impossible Pork…
လုပ်ငန်းခွင်ထဲမှာ တရေးတမော အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၁၀ ခု
အလုပ်များတဲ့နေ့တွေမှာ နေ့ခင်းနေ့လယ်ပိုင်းတွေရောက်ရင် အိပ်ချင်သလိုလို အိပ်ငိုက်သလိုလိုမျိုး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အထူးသဖြင့် အလုပ်တွေများနေချိန်မျိုး၊ နေ့လယ်စာ စားထားပြီးချိန်မျိုးတွေမှာပေါ့။ အိမ်မှာရှိနေသူတွေအတွက်တော့ တရေးတမော အိပ်စက်ဖို့ အခွင့်အရေးရှိပေမယ့် လုပ်ငန်းခွင်ထဲက လူတွေအတွက်ကတော့ ဒီလိုအခွင့်အရေးမျိုး ရလာဖို့ ခက်ခဲပါတယ်။ တကယ်တော့ တရေးတမော အိပ်တယ်ဆိုတာ ကလေးတွေအတွက်သာမကပါဘူး။ အရွယ်ရောက်ပြီးသူတွေလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒီလို အိပ်စက်လို့ ပျင်းရိတယ်လို့ ထင်မြင်ခံရမှာကို စိတ်မပူပါနဲ့။ ဒါဟာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အပြုအမူတစ်ခုဖြစ်သလို လုပ်ငန်းခွင်အတွက်လည်း အကျိုးရှိစေတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ နေ့ခင်းနေ့လယ်တွေမှာ မိနစ် ၂၀၊ နာရီဝက်ဝန်းကျင်လောက် တရေးတမော အိပ်စက်ခြင်းဟာ မှတ်ဉာဏ်ကောင်းစေတာ၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို တိုးတက်စေတာအပါအဝင် အကျိုးကျေးဇူးတွေ အတော်များရှိပါတယ်။ နေ့လယ်စာ စားထားသည်ဖြစ်စေ မစားထားသည်ဖြစ်စေ နေ့ခင်းဘက် ၁ နာရီနဲ့…
ဘယ်သူကယ်နိုင်မလဲ အသည်းကွဲတဲ့ရောဂါ
ချစ်ရသူနဲ့ ကွေကွင်းရတဲ့အခါ၊ ကြေကွဲဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တွေ ကြုံလာရတဲ့အခါ၊ မိသားစုဝင်တွေ ကိုယ်ချစ်ချင်မြတ်နိုးတန်ဖိုးထားရသူတွေ ဆုံးပါးသွားတဲ့အခါ၊ ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေများလာတဲ့အခါမျိုးတွေမှာ လူတွေရဲ့ စိတ်နှလုံးဟာ ပြင်းထန်စွာ နာကျင်ခံစားရတတ်ပါတယ်။ ဒါကို အသည်းကွဲတယ်လို့ ယျေဘုယျအားဖြင့် ခေါ်ကြပါတယ်။ တကယ်တော့ အသည်းကွဲတယ်ဆိုတာဟာ ချစ်သူရည်းစားနဲ့ လမ်းခွဲလို့ ခံစားရရုံသက်သက်ဝေဒနာ မဟုတ်ပါဘူး။ ဒါဆို အသည်းကွဲတာ ရောဂါတစ်ခုလား? အသည်းကွဲတယ်ဆိုတာက ယာယီနှလုံးရောဂါလက္ခဏာ တစ်မျိုးပါ။ ပြင်းထန်တဲ့ စိတ်ခံစားနာကျင်ခံစားရမှုတွေနဲ့ ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ Broken Heart Syndrome လို့ လူသိများပေမယ့် Stress Cardiomyopathy ၊ Takotsubo Cardiomyopathy လို့လည်း ခေါ်ဝေါ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေ၊ စိတ်ဖိစီးမှုတွေကြောင့် နှလုံးအတွင် သွေးလည်ပတ်စီးဆင်းမှု လျော့နည်းပြီး နှလုံးကြွက်သားတွေ…
Energy Drink တွေကပေးတဲ့ ဆိုးကျိုးတွေ
Energy Drink လို့ ခေါ်တဲ့ ခွန်အားဖြည့်အချိုရည် ချိုချိုလေးတွေဟာ လူကြိုက်များတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ် ကလေးသူငယ်လေးတွေကနေအစ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်တွေအလယ် လူကြီးသူမတွေအဆုံး နှစ်သက်ကြလေ့ရှိပါတယ်။ ဒီအချိုရည်တွေကို ကမ္ဘာတစ်လွှားမှာ ဘယ်လောက်တောင် လူကြိုက်များလဲဆိုရင် လာမယ့် ၂၀၂၄ ခုနှစ်ရောက်ရင် ကမ္ဘာတစ်လွှား အဆိုပါအချိုရည်ဈေးကွက်ရဲ့ တန်ကြေးဟာ ဒေါ်လာ ၇၂ ဘီလီယံအထိရှိလာနိုင်မှာဖြစ်ပါတယ်။ လူတွေဘာကြောင့် ဒီအချိုရည်တွေကို စွဲစွဲလမ်းလမ်းနှစ်ခြိုက်သဘောကျနေကြတာလဲ။ လူတိုင်းနီးပါးက ခွန်အားဖြည့်အချိုရည်တွေဟာ စွမ်းအားကိုမြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ သူတို့ရဲ့ နှစ်သက်စရာအရသာအတွဲအဖက်ကြောင့် နှစ်ခြိုက်ကြတာဖြစ်ပါတယ်။ ခွန်အားဖြည့်အချိုရည်တွေဟာ တကယ်ရော ခွန်အားတွေပေးနိုင်ရဲ့လား၊ စွမ်းအားကိုတိုးစေမှာလား၊ ဦးနှောက်ကိုကြည်လင်စေပြီး စဉ်းစားတွေးခေါ်မှုတွေကို ပိုပြီး အထောက်အကူဖြစ်စေမှာလား … အဖြေကတော့ No ပါကွယ်။ ခွန်အားဖြည့်အချိုရည်တွေဟာ ကောင်းကျိုးတွေထက် ဘေးထွက်ဆိုးကျိုးတွေ ပိုပြီးများပြားပါတယ်။ လူတွေ သတိမထားမိတဲ့…
ဘီယာသောက်လို့ ဗိုက်ပူတာလား
ဘီယာတွေ အလွန်အကျွံသောက်သုံးတတ်တဲ့ အမျိုးသားတွေမှာ ဗိုက်ထွက်လာတဲ့ ပြဿနာမျိုး ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုမျိုးဖြစ်လာပြီဆိုရင် ချစ်သူခင်သူ ရင်းနှီးသူတွေက အဲဒီအမျိုးသားကို ဘီယာဗိုက် လို့ စနောက်ကျမှာ မလွဲဧကန်ပါပဲ။ အသောက်အစားလေးကလည်းရှိ မအားမလပ်လို့ လေ့ကျင့်ခန်းလည်း ပုံမှန်မလုပ်နိုင်တဲ့သူတွေဆိုရင် ဘီယာဗိုက်ဆိုတဲ့ ဘွဲ့ကိုရဖို့ သိပ်နီးစပ်ပါတယ်။ ကမ္ဘာပေါ်မှာ ဘီယာဗိုက်ဖြစ်နေတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ အတော်ကိုများပြားတဲ့ အမျိုးသားထုကြီးဟာ ဒီဘွဲ့ကို ရရှိနေကြပါတယ်။ တစ်ခုရှိတာက ဒီလို ဘီယာဗိုက်ဆိုတဲ့ ဘွဲ့အမည်နာမကြီးက တကယ်ကို ဘီယာသောက်လို့ ရလာတာလား။ ကြည့်ရအောင်။ ဘီယာဟာတကယ် ဗိုက်ပူစေသလား ဘီယာအလွန်အကျွံသောက်သုံးတာကြောင့် ဗိုက်ခေါက်ထွက်လာနိုင်တယ်လို့ ယတိပြတ်ပြောလို့မရပါဘူး။ တကယ်တမ်း ဗိုက်ပူစေတဲ့ပြဿနာက ဘီယာသောက်သုံးပြီးတဲ့နောက်မှာ ခန္တာကိုယ်အတွင်း စုကျန်ခဲ့တဲ့ ကယ်လိုရီတွေကို လုံလောက်မျှတအောင် မချေဖျက်နိုင်တာကြောင့်ဖြစ်ပါတယ်။ ဘီယာထဲကပါလာတဲ့ ကယ်လိုရီတွေအပြင်၊ အမြည်းအဖြစ် တွဲဖက်စားသောက်တဲ့ အစားအစာတွေက ကျန်ရှိနေတဲ့…
