Sex Edu နဲ့ စိန်ခေါ်ချက်များ

ဒီတိုင်းပြည်မှာက ပြဿနာတစ်စုံတစ်ရာကို ငြင်းခုံကြတဲ့အခါ အဓိက အကြောင်းအရာကို ဖျောက်ပြီး ကိုယ်ကိုင်စွဲတဲ့ အယူအဆကိုပဲ တရားသေဆုပ်ကိုင်ပြီး ငြင်းကြခုံကြတာ ဓလေ့ကြီးလိုကိုဖြစ်နေတာ။ ခုလည်း Sex Ed ကိစ္စ ငြင်းကြခုံကြတဲ့ အခါ အများစုက လိုရင်းဆီ မရောက်ပဲ ကိုယ်ပိုင် အယူအဆတွေနဲ့ပဲ လည်နေကြတယ်။ တကယ်တမ်း ဒီတိုင်းပြည်က ကျောင်းတွေမှာ Sex Ed သင်ဖို့ စတော့မယ်ဆိုရင် စဉ်းစားရမှာက အကျိုးကျေးဇူးနဲ့ ဘေးထွက်ဆိုးကျိုး ၂ ခုရဲ့ မျှခြေပဲ။ Sex Ed သင်ကြားမှုတိုင်းဟာ အကျိုးကျေးဇူးရနိုင်တယ်လို့ တဖက်သတ်ယူဆထားလို့မရသလို ဒါကို သင်လို့မဖြစ်ဘူး ယဉ်ကျေးမှု၊ ဘာသာရေးတွေနဲ့ မသင့်လျော်ဘူးလို့လည်း လှေနံဓားထစ်ပြောလို့မရဘူး။ ဒီနှစ်ခုကြားက မျှခြေကို ရှာဖို့လိုတယ်။ Sex Ed ဟာ တိကျပြီး အတိမ်းအစောင်းမခံတဲ့…

ငါးပြေမဟင်းတစ်ခွက်နဲ့စာတစ်စု

ဒီနေ့ အိမ်မှာ ငါးပြေမဟင်းချက်တယ်။ မိုးမဝင်သေး၊ မိုးဦးတောင် မကျသေးချိန်မို့ ငါးပြေမဟင်းစားရတာက နည်းနည်းတော့ ဆန်းတယ်။ အကောင်လည်း သိပ်မဖွံ့ဘူးပေါ့။ တကယ်ဆို ကျွန်တော်က ငါးပြေမဟင်းဆို အလွန်အကျူးကြိုက်တတ်တာ။ ဒါပေမယ့် ဒီလို ငါးပြေမကို ရူးရူးမူးမူးမကြိုက်လာခင် လွန်ခဲ့တဲ့ ၂၅ နှစ် လောက်ကဆို ကျွန်တော်က ငါးဆို ဘာငါးမှ မစားခဲ့ဘူးရယ်။ အမေကဆို “ငါးကြော် မကြိုက်တဲ့ ကြောင်မိုက်” ဆိုပြီး ခနခန နောက်ပြောတတ်တယ်။ ကျွန်တော့်အသက် ၁၀ နှစ်လောက်ရောက်တော့ အမေပေးဖတ်လို့ ရသမဂ္ဂဇင်း တွေ စဖတ်ခွင့်ရတယ်။ အဲ့ဒီမှာ ကျွန်တော်နဲ့ ငါးပြေမကို ကံဇာတ်ဆရာက ထိပ်တိုက်ပေးတွေ့တော့ပါပဲ။ အဲ့တုန်းက ဖတ်ခွင့်ရတာ လုံမလေး မဂ္ဂဇင်းနဲ့ မဟေသီ မဂ္ဂဇင်း ပေါ့လေ။ အနုပညာဘက်ပိုကဲတဲ့ မဟေသီမဂ္ဂဇင်းထက်…

စင်ကာပူ အစ ရန်ကုန်လား၊ ရန်ကုန်အစ စင်ကာပူလား

“စင်ကာပူမြို့က ရန်ကုန်မြို့တည်ပြီးသည့်နောက်မှ ပေါ်ပေါက်လာတာ။ အင်္ဂလိပ်အစိုးရက စင်ကာပူကို တည်တုန်းက ရန်ကုန်မြို့ကို တည်ထားတဲ့ စနစ်တချို့ကို ပြန်လည်အသုံးပြုခဲ့တယ်။” ဟု စင်ကာပူတွင်နေထိုင်ဖူးသည်ဆိုသည့် တက္ကစီသမားက အာပေါင်အာရင်းသန်သန်ဖြင့် ဆိုလိုက်သည်။ ချွေးပြိုက်ပြိုက်ကျအောင် ပူပြင်းသောနွေတစ်ည၌ စမ်းချောင်းမှ မြောက်ဥက္ကလာသို့ တက္ကစီငှား၍ ပြန်လာစဉ်ဖြစ်သည်။ “လက်ရှိမှာ ကိုယ်တွေက သူတို့ကို ပြန်အတုယူရမှာက ရှက်ဖို့တောင်ကောင်းတယ်။” ဟု သူက ဆိုသည်။ တကယ်တမ်း ကျွန်တော်တို့ စပြောဖြစ်သည့် အကြောင်းအရာက လှည်းတန်းတံတားပေါ်ဖြတ်သန်းရင်း ရန်ကုန်ကို စင်ကာပူဖြစ်အောင်လုပ်မည်ဆိုသည့် အရင်အစိုးရလက်ထက်က issue အဟောင်း။ ယင်းအစီအစဉ်မှာ ဘာမျှဖြစ်မလာကြောင်း၊ ဘက်ဂျက်များ ပျောက်ဆုံးသွားသည်သာ အဖတ်တင်ကြောင်၊ မီးပွိုင့်များ အဆင့်မြှင့်တင်မည်ဆိုပြီး ပိုက်ဆံတွေ ဘယ်ရောက်ကုန်မှန်းမသိကြောင်း၊ အလျှိုအလျှိုပေါ်ပေါက်လာသည့် အဆင်မပြေသည့် တံတားစီမံကိန်းများအကြောင်း၊ လေထဲတိုက်အိမ်ဆောက်ခဲ့သည့် မြို့သစ်စီမံကိန်းများအကြောင်း စသဖြင့်စသဖြင့်။ယင်းမှတဆင့် သူ့စကားတွေက…

ကိုဗစ်နဲ့ အစိုးရ အစမ်းသပ်ခံရမည့် ကာလ

ကိုယ်က မြန်မာစကားပုံလေးတွေ လေ့လာရတာ အမြဲစိတ်ဝင်စားတယ်။ ဒီနေ့ COVID-19 အကြောင်း သတင်းတွေ ဖတ်နေရင်း အစိုးရဟာ သတင်းထိန်ချန်တယ်ဆိုတဲ့ စာတွေ ဆက်တိုက်ဖတ်ရတာများလာတော့၊ ခေါင်းထဲဝင်လာတဲ့ စကားပုံလေးက “တစ်မင်းပြောင်းမှ တစ်မင်းအကြောင်းသိ” တဲ့။ ကဲ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလုံးစာ မြန်မာ့နိုင်ငံရေး ခတ်ကွင်းကြီးနဲ့ ယှဉ်ထိုးကြည့်ရင် ဘယ်လောက် ပနံရလိုက်သလဲ။ မင်းတစ်မင်း၊ အစိုးရတစ်ဆက်ကနေ နောက်တစ်ဆက်ကို ပြောင်းလဲပြီး တကယ်ဖြတ်သန်းရချိန်မှာ သူတို့ရဲ့ ကောင်းခြင်းဆိုးခြင်း၊ တော်ခြင်းညံ့ခြင်း၊ လုပ်နိုင်စွမ်း၊ စီမံနိုင်စွမ်းနဲ့ ဉာဏ်အရည်အသွေးကို သိနားလည်ကြရမယ် မဟုတ်လား။ ကိုယ်သတင်းထောက်စဖြစ်တော့ ဦးသိန်းစိန်အစိုးရလက်ထက် အစောပိုင်းကာလတွေပေါ့။ နဂိုစိတ်အခံအားဖြင့် နိုင်ငံရေးကို စိတ်ဝင်စားပေမယ့် သတင်းလောကထဲဝင်လာချိန်မှာတော့ နိုင်ငံရေးသတင်းထက် စီးပွားရေးကို ပိုဓာတ်ကျခဲ့တယ်။ ကိုယ်က geo-politic တို့ political economy တို့ကို…

ကျွန်တော်နဲ့ ပုဇွန်ဆိတ်

အိမ်ပြင်တာ တတိယမြောက်နေ့၊ အရပ်ထဲ ရေမလာတာ ၅ ရက်မြောက်နေ့ပေါ့။ ဆိုတော့ ထုံးစံအတိုင်းအလုပ်မအားတဲ့ တစ်ရက်ပါပဲ။ ပူပူပြင်းပြင်း နွေခေါင်ခေါင်ထဲမယ်၊ တစ်အိမ်လုံး ရှုပ်ပွ၊ နေရထိုင်ရခက်၊ ကျပ်ကျပ်ညပ်ညပ်ပစ္စည်းတွေ အကြားထဲ သားအမိနှစ်ယောက် တိုးခွေ့ပြီး နေလယ်စားလိုက်ရတဲ့ ရက်တွေထဲက တစ်ရက်ပေါ့။ ချွေးတလုံးလုံး အလောတကြီးဆိုပေမယ့်လည်း ဒီနေ့ နေ့လယ်စာကတော့ တခြားရက်တွေထက်စာရင် စားရတာ အတော်မြိန်သဗျ။ ခါတိုင်းဆို ပူစပ်ပူလောင် ရန်ကုန်နွေက အစားအသောက်ပျက်လောက်အောင် ဒုက္ခပေးတယ်။ ဒီနေ့တော့ အမေက ပုဇွန်ဘော့ကျိတ် ခပ်သေးသေးကောင်လေးတွေကို ငြုပ်သီးခပ်စပ်စပ်လေးနဲ့ ကြော်တယ်။ ကင်ပွန်းချဉ်ရွပ်လေးကို ပုတက်ဆာလေးနဲ့ ကတိုက်ကရိုက်ကြိုထားတဲ့ အရည်သောက်ကလေးကလည်းပါသပေါ့ဗျာ။ ကျွန်တော်ဆိုသည်မှာလည်း လူကသာ ရေမချိုး၊ မိုးမချိုး နေတာ ရေထဲက အကောင်ပလောင်တွေဆို အသေကြိုက်တာရယ်။ ဆိုတော့ လူမမယ်ကလေး လက်သန်းကွေး အရွယ်လောက်ရှိတဲ့…

ကျွန်တော်၊ အမေရိကနဲ့ လူသားဆန်ခြင်း

မနှစ်က ဒီလိုနေ့မျိုးမှာ ကျွန်တော် ဟောင်ကောင်မှာပေါ့။ LAX ကို သွားဖို့ လေယာဉ်စောင့်နေချိန်ပါ။ ဘဝမှာ အမှတ်တရတစ်ခုအဖြစ် အမြဲရှိနေမယ့် ခရီးတစ်ခုရဲ့ အစပါပဲ။ တစ်လကြာခဲ့တဲ့ ခရီးရှည်ကြီးတစ်ခုဟာ ဘဝမှာ မတူညီတဲ့အမြင်တွေ၊ အိပ်မက်တွေ၊ စိတ်ကူးစိတ်သန်းတွေ၊ ရှုမြင်ပုံတွေ၊ ရပ်တည်ချက်တွေ၊ ဗဟုသုတတွေအများကြီးရစေခဲ့တယ်။ “ဟာ US သွားတာပဲ ဒီလိုပဲဖြစ်မှာပေါ့။ မထူးပါဘူး” လို့ လူတချို့က တွေးချင်တွေးကြလိမ့်မယ်။ ဒါပေမယ့် ခြားနားပါတယ်။ ကျနော်ရခဲ့တဲ့ အတွေ့အကြုံမျိုးကို လူတိုင်း ရချင်မှ ရပါလိမ့်မယ်။ တကယ်ပါ။ ကျနော်က ခွကျကျ ကောင်တစ်ကောင်ပါ။ Journalism Background ရှိထားတဲ့ ကိုယ့်အကျင့်က ဘယ်ပြည်ပခရီးသွားသွား အဆင်မပြေဆုံး၊ အညံ့ဆုံး၊ အစုတ်ဆုံး၊ စည်းကမ်းမရှိဆုံးဆိုတဲ့နေရာတွေ လိုက်ရှာတတ်တယ်။ ဒီကလူတွေ မြင်နေတဲ့ အမြင်တချို့ဟာ မှားယွင်းနေတယ်ဆိုတာကို…

Lockdown ဝိရောဓိ

Lockdown ချပါ Lockdown ချပါနဲ့ တစာစာအော်နေတာတွေ မြင်ရတော့ စိတ်ထဲတွေးမိတာရှိတယ်။ Lockdown ချတဲ့ကိစ္စက ထင်သလောက်မလွယ်ဘူး။ လူဦးရေ ၆ သန်းကျော်နေပြီး လက်လုပ်လက်စားတွေနဲ့ အခြေခံအလုပ်သမားအများစုနေတဲ့ ရန်ကုန်ကို ဘယ်လို အင်အားနဲ့ Lockdown ချမှာလဲ။ မြန်မာပြည်ရဲ့ လူမှုဖူလုံရေးစနစ်ကလည်း သိတဲ့အတိုင်း။ တကယ်လို့ ရန်ကုန်ကိုပဲ Lockdown ချမယ်ဆိုရင် –၁ – အစိုးရမှာ တိကျပြီး အားကိုးလောက်တဲ့ Plan ရှိရမယ် (ပလန်ရှိမရှိတော့ မသိဘူး၊ ပြည်ဝင်ခွင့်စပိတ်ချိန်မှာ ရောဂါသည်တွေ အရှိန်နဲ့တိုးနေတဲ့ US နဲ့ UK ကို ချန်ထားခဲ့တယ်။ နောက်မှ လိုက်ပိတ်တယ်။ ခု လူနာ ၈ ယောက်မှာ ၅ ယောက်က အဲ့တိုင်းပြည်တွေကဝင်လာတဲ့လူတွေ၊ ဘယ်လိုအတွေးနဲ့ ဘယ်လို…

အစိုးရ အပြောင်းအလဲနှင့် လူထု၏ စမ်းသပ်ခံကာလ

ကြုံဖူးသည်။ လွန်ခဲ့သည့် ၅ နှစ်တာကာလလုံးသည် အစိုးရဆိုသည်မှာ မီဒီယာနှင့် ပြည်သူတို့၏ အဓိက ပစ်မှတ်ဖြစ်သည်။ ထစ်ခနဲဆိုသည်နှင့် အစိုးရပြေးဆဲနေကြဖြစ်သည်။ မီးမလာလည်းဆဲ၊ ရေမလာလည်းဆဲ၊ အခွန်ကောက်လဲဆဲ၊ ချီးပါလဲဆဲ၊ သေးပေါက်လည်းဆဲ၊ ရပ်ကွက်ထဲ ခွေးနှစ်ကောင်ကိုက်လည်း အစိုးရမကောင်းလို့လို့ ဆဲခဲ့ကြဖူးသည်။ … အစိုးရဟူသည် အဆဲခံပုဂ္ဂိုလ်များဟူ၍ပင် အဓိပ္ပါယ်ဖွင့်ဆိုရမည့် သကဲ့သို့ပင်။ ဒါကြောင့်ပင် သူတို့ကလည်း တန်အောင် မ သွားကြသည်လား မသိ။ ယခုတော့ ခေတ်ပြောင်းလေပြီ။ အစိုးရသစ်။ ပြည်သူတွေ အားကိုးသည့် ပြည်သူက ရွေးချယ်သည့် အစိုးရ ဖြစ်လာပြီဖြစ်သည်။ ဒီတော့ မီဒီယာတွေနဲ့ ပြည်သူတွေရဲ့ ရပ်တည်ချက်နဲ့ သည်းခံနိုင်စွမ်းနဲ့ ရင့်ကျက်မှုက ဘယ်သို့ ဘယ်ပုံလာမည်မသိ။ အစိုးရပြောင်းသောကြောင့် မီးမပြတ်တော့မည်မဟုတ်၊ ရေဒလဟောထွက်လာမည်မဟုတ်၊ အသက်မရှိသည့် သဘာဝအရင်းအမြစ်များပင် မပြောင်းလဲသေးချိန်တွင် အသက်ရှိသည့်…

မျိုးဆက်တစ်ခု၏ နောက်ဆုံးခရီး

ဝက်သစ်ချပင် အရိပ်တွေ ထိုးယှက်နေတဲ့ မြက်ခင်းပြင်ပေါ်မှာ ဝါညိုရောင် အသွေးနဲ့ သစ်သားခေါင်းတလား တစ်ချို့ ဟိုတစ ဒီတစ။ မျက်နှာကို ခွဲစိတ်ခန်းသုံး မျက်နှာဖုံးနဲ့ စည်းကာထားတဲ့ ခပ်ရွယ်ရွယ် လူတစ်ချို့ဟာ ထရပ်ကားပေါ်က နောက်ထပ် ခေါင်းတလားတစ်ချို့ကို သယ်ထုတ်နေကြတယ်။ မြင်ကွင်းက စိတ်မချမ်းမြေ့ဖွယ်။ မျိုးဆက်တစ်ခု သေဆုံးသွားပြီလို့ အီတလီအာဏာပိုင်တွေက ဆိုလိုက်ပါတယ်။ ခုပြောပြခဲ့တဲ့ မြင်ကွင်းနဲ့ ဆက်စပ်တွေးတောလိုက်ရုံနဲ့ အနိတ္ထာရုံ ဇာတ်လမ်းတစ်ခု ဖြစ်ပျက်နေပြီဆိုတာကို သဘောပေါက်ကြမယ်ထင်ပါရဲ့။ များပြားလှတဲ့ အခေါင်းတလားတွေဟာ လူငယ်တွေကို ကိုယ်စားမပြုပါဘူး။ ဇရာကို ရင်ဆိုင်ရင် နောက်ဆုံးအချိန်ကာလတွေကို မြတ်နိုးရာမိသားစုကိုယ်စီနဲ့ ဖြတန်သန်းနေကြတဲ့ သက်ကြီးရွယ်အိုတွေရဲ့ ရုပ်အလောင်းတွေပါ။ ခုလို ကာလအတွင်း ဒီလို စုပေါင်းအသုဘအခမ်းအနားတွေကို လွန်ဘာဒီဒေသတစ်ဝှမ်းက သချိၤုင်းတွေမှာ ကြေကွဲဝမ်းနည်းဖွယ် အထပ်ထပ်အဖန်ဖန် မြင်တွေ့နေရပါလိမ့်မယ်။ ကြောက်မက်ဖွယ်ပျံ့နှံ့လာနေတဲ့ COVID-19…

ကိုဗစ်နဲ့ သတင်းမီဒီယာကျင့်ဝတ် – ၁

ကျနော် သတင်းမီဒီယာ Industry ထဲက လာခဲ့တဲ့သူပါ။ ဒါကြောင့် အမြဲ ဆန်ရင်းနာနာဖွတ်ပါတယ်။ အမြင်မတော်တာရှိရင် ပြောဖြစ်ပါတယ်။ ဆောင်းပါးတွေ ရေးပြီး ထောက်ပြခဲ့တာတွေလည်းရှိဖူးပါရဲ့။ နောက်ပိုင်း ၁ နှစ်- ၂ နှစ်တာ ကာလတွေမှာတော့ သိပ်မပြောဖြစ်တော့ပါဘူး။ ခုတော့ ပြောချင်စိတ်ရှိလာလို့ ပြောပါဦးမယ်။ ခုနောက်ပိုင်း COVID-19 ကပ်ဘေးစလာပြီးတဲ့အခြေနေမှာ လောက်လောက်လားလား မီဒီယာကြီးတွေဆီက တင်ဆက်နေတဲ့ သတင်းတွေမှာ ဦးတည်ချက် အရမ်းဆိုးရွားလာနေတယ်လို့ ခံစားလာရတယ်။ ဒီရက်ပိုင်းမှာတင် ရုပ်သံသတင်းတစ်ပုဒ်နဲ့ ပုံမှန် အွန်လိုင်းသတင်းတစ်ပုဒ်ကို မျက်လုံးထဲ မှတ်မှတ်ထင်ထင် သတိထားမိလာတယ်။ ၂ ခု လုံးက တချိန်က ရွှေထီးဆောင်းခဲ့ဖူးတဲ့ Exile Media ကြီးတွေက တင်ဆက်သွားကြတာပါ။ ရုပ်သံသတင်းက သီလဝါစက်မှုဇုံမှာ လဲကျသွားတဲ့ တရုတ်နိုင်ငံသားအကြောင်း သတင်းပါ။သတင်းရဲ့ ဦးတည်ချက်က…