မြန်မာဆန်သော ဂိမ်းများကို အသက်သွင်းသူ

ရန်ကုန်မြို့၊ ပြည်လမ်းအနီး ခုနှစ်မိုင်ရှိ ဂိုထောင်တစ်လုံးနှင့်ပိုမိုဆင်တူသော နှစ်ထပ်အိမ်တစ်လုံး၏ အပေါ်ထပ်တွင် ကွန်ပျူတာရှေ့ ကုပ်ကုပ်လေးထိုင်၍ အလုပ်လုပ်နေသော သူ့ကို အမြဲတွေ့နိုင်သည်။ ပျော်ပျော်နေတတ်သည့် ဟန်ပန်နှင့် ရိုးရှင်းစွာနေထိုင်တတ်သည့် သူသည် ပြည်တွင်းတွင် နာမည်ကြီးနေသော “ခြင်းလုံး”၊ “ဆိုက်ကားဆရာ ငပိန်” စသည့် နာမည်ကျော် မြန်မာမိုဘိုင်းဂိမ်းများကို ဖန်တီးနေသူတစ်ဦးဖြစ်သည်။ သူ့နာမည်က မြင့်ကျော်သူ ဖြစ်ပြီး ပြည်တွင်း Game Studio တစ်ခုဖြစ်သည့် Total Gamplay Studio ကိုတည်ထောင်၍ Chief Technology Officer အဖြစ် တာဝန်ယူဆောင်ရွက်နေသူလည်းဖြစ်သည်။ လူငယ်တစ်ယောက်၏ အိမ်မက် “ဂိမ်းနဲ့ စပြီးရင်းနှီးဖြစ်တာက ၂ တန်းလောက်ကပေါ့။ ၂ နှစ်တန်းလောက်က အဲတုန်းက Nintendo ခေတ်။ အဖေက Nintendo Entertainment System(NES)…

ဆေးကျောင်းသားဘဝကို စွန့်၍ Software ရေးသူ

ဆေးကျောင်းသားဘဝကို စွန့်လွှတ်၍ နည်းပညာနယ်ပယ်ထဲသို့ ခြေစုံပစ်ဝင်ခဲ့သူ။ မြန်မာနိုင်ငံတွင် IT ကို ထဲထဲဝင်ဝင် မသိခင်ကာလကတည်းက Software ထုတ်လုပ်သည့်လုပ်ငန်းလုပ်ကိုင်ရန်ရွေးချယ်ခဲ့သူ။ ပြည်ပတွင် ပညာသင်ယူပြီးနောက် ပြည်ပတွင် လုပ်ငန်းမလုပ်ကိုင်ပဲ ပြည်တွင်း Software Industry ဖွံ့ဖြိုးရေးဆောင်ရွက်ရန် အမိမြန်မာပြည်သို့ ပြန်လာခဲ့သူ။ ထူးထူးခြားခြား နည်းပညာနယ်ပယ်မှ စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ။ သူက ဒေါက်တာထွန်းသူရသက် ဖြစ်သည်။ တိုက်ပုံအင်္ကျီ၊ ပုဆိုးနှင့် ရိုးရှင်းအေးဆေးသည့်စတိုင်နှင့် မြန်မာဆန်ဆန်နေထိုင်တတ်သည့် သူ့အသွင်အပြင်က နည်းပညာနယ်ပယ်မှ ပညာရှင်ရှင်တစ်ယောက်နှင့် မတူပဲ ကျောင်းဆရာတစ်ယောက်နှင့်ပိုတူသည်။ သို့သော် သူသည် Software နည်းပညာနယ်ပယ်မှ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Information Technology(MIT) ကုမ္ပဏီကို စတင်တည်ထောင်သူနှင့် လက်ရှိအမှုဆောင်အရာရှိချုပ်ဖြစ်သည်။ ဆေးကျောင်းမတက်ဘူး Software ရေးမယ် ကိုထွန်းသူရသက်သည် ငယ်စဉ်က ရန်ကုန် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းတွင်…

မိုဘိုင်းက အဖြေဖြစ်လာဖွယ်ရှိသည့် မြန်မာ့ဂိမ်းဈေးကွက်

မြနန္ဒာသီချင်း၏ အလိုက်တီးလုံးလေးက အခန်းအတွင်းပျံ့လွင့်နေသည်။ အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦးဖြစ်သည့် ကိုညီညီဦးက HTC ဖုန်းကို အသေအချာအာရုံစိုက်၍ ကြည့်ရှုနေပြီး ဖုန်းမျက်နှာပြင်ပေါ်တွင် ထောက်ထားသည့် လက်က ဘယ်ညာ ပြေးလွှားနေသည်။ ကိုညီညီဦးသည် မိုဘိုင်းဖုန်းပေါ်တွင် အသုံးပြုနိုင်သည့် ဂိမ်းတစ်ခုကို ကစားနေခြင်းသာဖြစ်ပြီး အဆိုပါဂိမ်း၏ အမည်က “ဆိုက်ကားဆရာငပိန်” ဖြစ်သည်။ အဆိုပါဂိမ်းကို ပြည်တွင်းရှိ Game Developer (ဂိမ်းဖန်တီးထုတ်လုပ်သူ) တစ်ခုဖြစ်သည့် Total Gameplay Studios က မြန်မာသင်္ကြန်ကို အခြေခံ၍ ရေးဆွဲဖန်တီးထားခြင်းဖြစ်သည်။ “ကျွန်တော်က ဂိမ်းကစားရတာကို သဘောကျတယ်ဗျ။ ဘယ်လို ဂိမ်းအမျိုးအစားမဆို အနည်းဆုံးတော့ စမ်းပြီးတော့ ကစားမိတယ်။ အခုကစားနေတဲ့ ဂိမ်းကိုလည်း ကိုယ့်နိုင်ငံက ထုတ်တဲ့ဂိမ်းဖြစ်နေတဲ့အတွက် ပိုသဘောတယ်။” ဟု ကိုညီညီဦးကဆိုသည်။ အဆိုပါဂိမ်းသည်…

၂၀၁၅ ကို စိုးရိမ်နေရသည့် အဖျော်ယမကာလုပ်ငန်းများ

၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် စတင်ပြဌာန်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့မှုများစတင်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ အဖော်ယမကာကုမ္ပဏီများအပါအဝင် နိုင်ငံတကာလုပ်ငန်းစုကြီးများ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့သည်။ ပက်စီ၊ ကိုကာကိုလာ၊ Sunkist၊ 100 Plusနှင့် နာမည်ကျော်ဘီယာများဖြစ်သည့် Carlsberg၊ Heineken၊ Cheng အစရှိသော နိုင်ငံတကာအဆင့်နာမည်ကျော် အဖျော်ယမကာကုမ္ပဏီများက ပြည်တွင်းတွင် စက်ရုံများတည်ဆောက်ကာ ကုန်ပစ္စည်းများထုတ်လုပ်ရန် ပြင်ဆင်လာကြသည်။ ယင်းထဲမှ သိသာထင်ရားသောပြိုင်ဆိုင်မှုအဖြစ် ကမ္ဘာကျော် Carbonated အချိုရည် Brand များဖြစ်သည့် ပက်စီနှင့် ကိုကာကိုလာတို့ဝင်ရောက်လာခြင်းနှင့် Carlsberg နှင့် Heineken တို့ပြည်တွင်းတွင် ထုတ်လုပ်ရန် ဝင်ရောက်လာခြင်းပင်ဖြစ်သည်။ အမေရိကန်နိုင်ငံမှ ပိတ်ဆို့အရေးယူမှုများကြောင့် ၁၉၉၇ ခုနှစ်တွင် ပြည်တွင်းတွင် ထုတ်လုပ်မှု ရပ်ဆိုင်း၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသော ပက်စီနှင့် နှစ်ပေါင်း…

လိုင်စင်ရပြီးနောက်

ပြည်ပဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီများ မျှော်လင့်စောင့်စားနေသော မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရားဝင်ချထားပေးလိုက်ပြီဖြစ်သည်။ ယင်းသည် မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် သမိုင်းဝင်အပြောင်းအလဲတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီ ၄ ခု၏ မိုဘိုင်းဆက်သွယ်ရေးဈေးကွက်လုပွဲအတွက် တာထွက်ခရာမှုတ်လိုက်ခြင်းပင်ဖြစ်သည်။ ယခင်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)တစ်ဦးတည်းက လက်ဝါးကြီးအုပ်လုပ်ကိုင်ခွင့်ရရှိခဲ့သော မိုဘိုင်းဆက်သွယ်ရေးကဏ္ဍတွင် ယခုအခါပြည်တွင်းမှ ရတနာပုံ၊ ပြည်ပမှ တယ်လီနောနှင့် အူရီးဒူးတို့ပါ ဝင်ယှဉ်ပြိုင် ဆင်နွဲရတော့မည်ဖြစ်သည်။ ပြည်ပ အော်ပရေတာ ကုမ္ပဏီ နှစ်ခုကို ဆက်သွယ်ရေးလိုင်စင်ချထားပေးပြီးနောက် အဆိုပါကုမ္ပဏီများကလည်း ကြိုတင် ကြေညာထားကြသည့်အတိုင်း မိုဘိုင်းဆက်သွယ်ရေးကွန်ယက်တည်ဆောက်မှုလုပ်ငန်းများ စတင်နေကြပြီဖြစ်သည်။ ပြည်တွင်း မိုဘိုင်းဆက်သွယ်ရေးဈေးကွက်အတွင်း နေရာတစ်နေရာ အခိုင်အမာရရှိထားသည့် MPT၊ ငွေကြေးအင်အားအလုံးအရင်းဖြင့် ဝင်ရောက်လုပ်ကိုင်မည့် အူရီးဒူး၊ နည်းပညာနှင့် ဆက်သွယ်ရေးလုပ်ငန်း အတွေ့အကြုံကြွယ်ဝသည့် တယ်လီနောနှင့် မြန်မာ့ဆက်သွယ်ရေးနှင့်…

စပ်ဖျဉ်းဖျဉ်း ဆက်သွယ်ရေးဈေးကွက် အပြောင်းအလဲ

အူရီဒူးကုမ္ပဏီက သြဂုတ်လအတွင်း မိုဘိုင်းဖုန်း ဆင်းမ်ကတ်များကို စတင်မိတ်ဆက်ရောင်းချလိုက်ခြင်းသည် မြန်မာနိုင်ငံသမိုင်းတွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ပထမဆုံး မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို စတင်လိုက်ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာ ဆိုးဝါးညံ့ဖျင်းသော ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် ယဉ်ပါးနေခဲ့သည့် မြန်မာနိုင်ငံသားများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအပြင် အခြားရွေးချယ်စရာ မိုဘိုင်းအော်ပရေတာတစ်ဦး တိုးလာခြင်းလည်းဖြစ်သည်။ ထပ်မံ၍လည်း စက်တင်ဘာလဆန်းပိုင်းတွင် တယ်လီနောနှင့် ယခုနှစ်မကုန်မီကာလအတွင်း ပြည်တွင်းမှ ရတနာပုံတို့ကလည်း မိုဘိုင်းဝန်ဆောင်မှုများ ဖြင့်ပြည်တွင်းဈေးကွက်အတွင်း အပြိုင်အဆိုင်ဝန်ဆောင်မှုများ စတင်တော့မည်ဖြစ်သည်။ ပြည်တွင်းရှိ ပြည်သူများအတွက် ရွေးချယ်စရာများ ပိုမိုများပြားလာပြီဖြစ်သော်လည်း ရွေးချယ်မှုပြုလုပ်ရာတွင် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း ဈေးကွက်အခြေအနေများအရ ထင်ထင်ရှားရှားမြင်တွေ့နေရသည်။ “ဆိုင်တွေမှာ စရောင်းရောင်းခြင်းမှာပဲ အူရီးဒူး တစ်ကတ်ဝယ်လိုက်တယ်။ ဖုန်းခေါ်ဆိုခကတော့ သက်သာတယ်လို့ပြောလို့ရတယ်။ အင်တာနက် Speed ကတော့ မြန်ပါရဲ့။ ဒါပေမယ့် အင်တာနက်သုံးခက မသက်သာဘူး။” ဟု မြောက်ဥက္ကလာပမြို့နယ်နေ ဦးကျော်စွာကဆိုသည်။ စတင်ရောင်းချစဉ်က…

၂၀၁၅၊ ၉၀ ရာခိုင်နှုန်းနှင့် ဆက်သွယ်ရေကဏ္ဍအတွက် စိန်ခေါ်သံ

“တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ မအားသေးပါရှင်”။ ရုတ်တရက်ပေါ်လာသည့် အသံကြောင့် ကိုထွန်းမြင့် စိတ်ပျက်မိသွားသည်။ အရေးတကြီး အလုပ်ကိစ္စများ၊ မိသားစုကိစ္စများ ဆက်သွယ်စဉ် ယင်းကဲ့သို့သော အသံကြားရပါက သူအလွန်စိတ်ပျက်မိသကဲ့သို့ စိတ်လည်း အလွန်တိုရသည်။ “ဆက်သွယ်ရေးတာဝါတိုင်နဲ့ ၂ လမ်းပဲခြားတဲ့နေရာမှာနေပြီး ဖုန်းလိုင်းမိမတာနဲ့ မကြာခဏ ကြုံနေရတယ်။ အခုနောက်ပိုင်းမှာ လိုင်းမမိတာတွေပိုများလာတယ်။ MPT က ဘာမှမလုပ်ပဲ ငုတ်တုတ်များထိုင်နေကြလား မသိဘူး။” ဟု သူက စိတ်ပျက် လက်ပျက်ဆိုသည်။ မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ခန့်နေထိုင်ပြီး မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုနိုင်သူဦးရေမှာ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် ၆ သန်းကျော်သာရှိသေးကာ အာဆီယံနိုင်ငံများအတွင်း တယ်လီဖုန်းသိပ်သည်းဆ (Tele Density) အနိမ့်ပါးဆုံးနိုင်ငံဖြစ်သည်။ “အရင်ကတည်းက အခြေခံအဆောက်အအုံတည်ဆောက်ရေးကို ဦးစားမပေးပဲနဲ့ ဖုန်းတွေကို ဈေးတင်ရောင်းဖို့ပဲ စဉ်းစားခဲ့တာကိုး…

မိုဘိုင်းဝန်ဆောင်မှု အရွေ့

ပြည်ပ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီများ လုပ်ငန်းများစတင်နေကြပြီဖြစ်သည်။ ပြည်တွင်းမှ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် ရတနာပုံတယ်လီပို့ကလည်း လိုင်စင်ရယူရန်နှင့် ပြည်ပမိတ်ဖက်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းရန် ဆောင်ရွက်နေပြီး နောက်ဆုံးအခြေအနေသို့ရောက်ရှိနေပြီဟု ဆိုထားသည်။ လက်ရှိ တစ်ဦးတည်း အော်ပရေတာ လုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာ့ဆက်သွယ်ရေးကလည်း ပြည်ပ အင်အားကြီး ဆက်သွယ်ရေးကုမ္ပဏီ တစ်ခု နှင့် ပူးပေါင်းရန် ပြင်ဆင်နေသည်။ အများပြည်သူမျှော်လင့်နေသော နိုင်ငံတကာအဆင့်မှီဆက်သွယ်ရေးဝန်ဆောင်မှုများသည် မကြာမတင်ကာလအတွင်း ပြည်တွင်းတွင် စတင်နိုင်မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည် ပြိုင်ဆိုင်မှုရှိသည့် ဆက်သွယ်ရေးဈေးကွက်သစ်တစ်ခု ပေါ်ထွက်လာတော့မည်ဖြစ်သည်။ နိုင်ငံတကာအဆင့်မှီဟု အပြိုင် အဆိုင်ပြောနေကြသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြည်သူများသာ မက ဈေးကွက်ကပါ မျှော်လင့်နေပြီဖြစ်သည်။ မိုဘိုင်းဖုန်းဈေးကွက်အတွင်း ဝန်ဆောင်မှုနှင့် ရောင်းချမှု ပုံစံများ ပြောင်းလဲလာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ဘာတွေပြောင်းလာနိုင်သလဲ လက်ရှိပြည်တွင်းတွင် SIM Card…

၂၀၁၃ မှစ၍

၂၀၁၃ ဆိုသော နှစ်တစ်နှစ်သည် ကုန်ဆုံးခဲ့ပြီဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် အပြောင်းအလဲများ အသီးသီးဖြစ်ပေါ်ခဲ့ကြသည်။ လောကနိယာမသဘောအရ အကောင်း၊ အဆိုးဒွန်တွဲနေသော်လည်း အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲများ အများစုဖြစ်ပေါ်လာခဲ့သော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ အထူးသဖြင့် ယခင်က နာတာရှည်ရောဂါတစ်ခုကဲ့သို့ တိုင်းပြည်၏ အဓိကအားနည်းချက်တစ်ခုသဖွယ် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော လက်ဝါးကြီးအုပ်မှု၊ ခြစားမှုများနှင့် အခြေခံအဆောက်အအုံအားနည်းချက်များဖြင့် ရောပျွမ်းရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကဏ္ဍတွင် ကြီးမားသော အပြောင်းအလဲများဖြစ်ပေါ်လာခဲ့သည်။ လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ အာဏာရလာပြီး နောက်ပိုင်း နိုင်ငံတကာတွင် မြန်မာနိုင်ငံသည် အံ့အားသင့်ဖွယ်ရာ အပြောင်းအလဲများကို ဖန်တီးပြနိုင်ခဲ့သောနိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေးဇာတ်ခုံပေါ်သို့ ပြန်လည် တက်လှမ်းလာခဲ့သည်။ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး စသည့် ကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းအားထုတ်မှုများနှင့် အခြေခံအဆောက်အအုံကဏ္ဍ…

စာသင်ကျောင်းတံခါးတို့ ပြန်မဖွင့်မီ

COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းက စာသင်ကျောင်းတွေကို ပိတ်ပင်ထားခဲ့ရပါတယ်။ ခုချိန်မှာတော့ ကျောင်းဖွင့်ရာသီကို ပြန်လည်ရောက်ရှိလာပါပြီ။ ရောဂါကူးစက်မှုဟာ သိသာစွာကျင်းသွားခြင်းမရှိသေးပေမယ့် ရောဂါအခြေအနေကို ထိန်းချုပ်နိုင်လာတဲ့ တိုင်းပြည်တစ်ချို့ကတော့ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်လာကြပြီဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်မှာ လာမယ့်ဇွန်လဆိုရင် စာသင်ကျောင်းတချို့ကို ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်သလို မြန်မာနိုင်ငံမှာလည်း ဇူလိုင်လဝန်းကျင်မှာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာပါ။ ဒီလို ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့ ဆုံးဖြတ်ချက်တွေဟာ ကမ္ဘာတစ်ဝှမ်းက ၁.၄ ဘီလီယံသော ကျောင်းသားတွေ အပေါ်သက်ရောက်မှုတွေရှိလာတော့မှာဖြစ်ပါတယ်။ ကပ်ဘေးကာလမှာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ရတာဟာ အန္တရာယ်များတဲ့ အစီအစဉ်တစ်ခုဖြစ်သလို ကျောင်းသားတွေရဲ့ အနာဂတ်ကိုလည်း ထည့်သွင်းစဉ်းစားရတာမို့ ကျဉ်းထဲကျပ်ထဲက အတိမ်းအစောင်းမခံတဲ့ အခြေအနေတစ်ခုပါ။ စာသင်ကျောင်းတွေ ဘယ်လိုပြန်ဖွင့်ကြမလဲ နိုင်ငံတကာမှာတော့ ဒေသခံကျန်းမာရေးဌာနတွေနဲ့ ညှိနှိုင်းပြီး စာသင်ကျောင်းတွေကို ပြန်ဖွင့်ဖို့ စီစဉ်နေကြပါတယ်။ ဥပမာအားဖြင့် ပြောရရင်…