The Belt and Road Initiative (BRI) ကို တချိန်တုန်းကတော့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (One Belt One Road) ဟု ခေါ်ဆိုခဲ့ကြဖူးသည်။ ၂၀၁၃ ခုနှစ်ရောက်မှ BRI ဟု ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ မည်သို့ပင် ခေါ်တွင်နေသည်ဖြစ်စေ တရုတ်တို့သည် ပိုးလမ်းမသစ် စီမံကိန်းကို စတင် အကောင်အထည်ဖော်နေပြီဖြစ်ပြီး မြန်မာအစိုးရအာဏာပိုင်များသည်လည်း ယင်းစီမံကိန်းအပေါ် မျက်စိကျနေကြသည်မှာ အမှန်ပင်။ BRI စီမံကိန်းသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းတစ်ခုဖြစ်ပြီး တရုတ်အစိုးရက အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာ့ဝင်ရိုး ချိန်ခွင်လျှာကို ထိန်းညှိနိုင်ရန် ရည်ရွယ်ထားသည့် အစီအမံတစ်ခုဖြစ်သည်။ ၂၀၁၃ ခုနှစ်ကတည်းက အခြေခံအဆောက်အအုံဆိုင်ရာ ကနဦး စီမံကိန်းများစတင်နေခဲ့ပြီး အာရှ၊ ဥရောပနှင့် အာဖရိကတို့ကို ချိတ်ဆက်ထားသည့် စီးပွားရေး…
4.0 ခေတ် ရေကြည်မြက်နုရာ
Industry 4.0 သည် မြန်မာ့စားပွဲဝိုင်းများပေါ် ရောက်လာခဲ့သည်မှာ မကြာသေး။ သို့သော် ကမ္ဘာ့စင်မြင့်ပေါ်သို့ ရောက်ရှိနေသည်မှာတော့ ၂၀၁၅-၁၆ ဝန်းကျင်ကတည်းကဖြစ်သည်။ အဆိုပါကာလများမှစတင်ကာ ကမ္ဘာတစ်ဝှမ်း ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲတိုင်းပြည်တိုင်းမှ အစိုးရတိုင်း၏ အနာဂတ်စီမံကိန်းများတွင် စက်မှုတော်လှန်ရေး ၄.၀ (Industry 4.0) ဆိုသည့် စကားရပ်တစ်ခု အလျှင်အမြန် နေရာယူလာခဲ့သည်။ ကွန်ပျူတာထိမ်းချုပ် စက်ပစ္စည်းများနှင့် လူလုပ်သိဉာဏ်တု နည်းပညာများ၏ မောင်းနှင်အားဖြင့် ရှေ့ဆက်ကြမည့် ကမ္ဘာကြီးကို ကိုယ်စားပြု၏။ ဒစ်ဂျစ်တယ်စီးပွားရေးလှိုင်းနှင့်အတူ Industry 4.0 သည် ကမ္ဘာလုံးဆိုင်ရာ ကဏ္ဍအသီးသီးအတွက် အဓိက မောင်းနှင်အားဖြစ်လာတော့မည်ဟု ဗျာဒိတ်ပြုခြင်းခံနေရသည်မဟုတ်ပါလား။ ကမ္ဘာ့သမိုင်းတစ်လျှောက်တွင်လည်း စီးပွားရေးလှိုင်းတစ်ခု ဖြစ်ပေါ်လာချိန်တိုင်းတိုင် အဆိုပါလှိုင်းကို အကျိုးရှိစွာ အသုံးချနိုင်သည့်နိုင်ငံများ အလျင်အမြန် တိုးတက်သွားခဲ့ဖူးသည့် ဥပမာများရှိခဲ့ဖူးသည်။ ယင်းကြောင့် Industry 4.0 တွင်လိုက်ပါ…
ဘုရားဟောနဲ့အညီ Cyber Crime ကို ကာကွယ်ခြင်း
ဖြစ်စဉ် ၁ “ကျွန်တော် ကံစမ်းမဲ ပေါက်တာလား မသိဘူး” ဘယ်ကမှန်းမသိဘူး။ ဒေါ်လာတစ်သန်း ကံစမ်းမဲပေါက်ကြောင်း အသိပေးစာတွေ မိုဘိုင်းဖုန်းတစ်ချို့ဆီဝင်လာတယ်။ ဝင်လာသမျှ မက်ဆေ့ချ်တိုင်းဟာ အမေရိကန် အော်ပရေတာတွေ၊ လုပ်ငန်းတွေရဲ့ နာမည်တွေနဲ့ဖြစ်ပြီး ပေးထားတဲ့ Link တွေ၊ Mail တွေဟာလည်း အမေရိကန် လိပ်စာတွေနဲ့ဖြစ်နေပါတယ်။ “သင့်ရဲ့ ဖုန်းနံပတ်ဟာ XXX ကုမ္ပဏီရဲ့ နှစ်ပတ်လည် အစီအစဉ်မှာ ကံထူးခဲ့တာမို့ ဒေါ်လာတစ်သန်း ဆုကြေးငွေရရှိမှာဖြစ်ပါတယ်။ အောက်ပါ e-mail ကို သင့်ရဲ့ အမည်၊ အသက်၊ နေရပ်လိပ်စာကို ပေးပို့ပေးပါ” ဆိုတဲ့ မက်ဆေ့ချ်မျိုးတွေဟာ မိုဘိုင်းဖုန်းတွေဆီကို တိုက်ရိုက် ဝင်ရောက်လာနေတာဖြစ်ပြီးတော့ မိုဘိုင်းလ်အော်ပရေတာတွေရဲ့ လုံခြုံရေးပိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုကတော့ စိတ်ပျက်စရာဖြစ်ပါတယ်။ ဖြစ်စဉ် ၂ “ညီမကို ကယ်ပါဦးရှင်”…
လိင်ပညာပေးသင်ကြားမှုအတွက် မေးခွန်း (၆) ရပ်
မြန်မာပြည်မှာက ပြဿနာတစ်စုံတစ်ရာကို ဆွေးနွေးငြင်းခုံကြတဲ့အခါ အဓိက အကြောင်းအရာကို ဖျောက်ပြီး ကိုယ်ကိုင်စွဲတဲ့ အယူအဆကိုပဲ တရားသေဆုပ်ကိုင်ပြီး ငြင်းခုံကြတတ်ကြတာဟာ ဓလေ့ကြီးတစ်ခုပဲ။ ခုလည်း Sex Education ကိစ္စကို ဆွေးနွေးငြင်းကြခုံကြတဲ့အခါ အများစုက အဓိကကျတဲ့ လိုရင်းအချက်တွေဆီ မရောက်ပဲ ကိုယ်ပိုင် အယူအဆတွေ၊ အစွဲတွေနဲ့ ရှုမြင်ပြောဆိုကြတာကို ကြားနေရပြန်တယ်။ စာသင်ကျောင်းတွေမှာ Sex Education (လိင်ပညာပေးမှု ဘာသာရပ်) သင်ကြားပေးဖို့ စတင်ကြိုးပမ်းလာတာဟာ လက်ခံကြိုဆိုရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Sex Edu သင်ကြားမှုကို စတင်တော့မယ်ဆိုရင် စဉ်းစားရမှာက အကျိုးကျေးဇူးနဲ့ ဘေးထွက်ဆိုးကျိုး ၂ ခုရဲ့ မျှခြေပါပဲ။ Sex Edu သင်ကြားမှုတိုင်းဟာ အကျိုးကျေးဇူးရနိုင်တယ်လို့ တဖက်သတ်ယူဆထားလို့မရသလို၊ ဒါကို သင်လို့မဖြစ်ဘူး ယဉ်ကျေးမှု၊ ဘာသာရေးတွေနဲ့ မသင့်လျော်ဘူးလို့လည်း…
မဟာက္ကိတ္ထိယဝါဒီများသို့
ခုခေတ်ထဲ မြင်ရပြုရ အဆင်မပြေတာလေးတစ်ခု အားအားယားယား ပြောဦးမယ်။ အရမ်းကို တက်ကြွပြီး အမျိုးသားထုကြီးကို တော်လှန်ပြမယ့် Feminist တွေအကြောင်းပေါ့။ Feminist တွေနဲ့ ပတ်သက်ရင် ကိုယ်သဘောမတွေ့ဆုံးက အမျိုးသားတွေဟာ သူတို့ကို ဖိနှိပ်ချုပ်ခြယ်သူတွေ၊ အမျိုးသားတွေဟာ မကောင်းဘူးလို့ တစ်ထစ်ချတွက်ထားတဲ့အချက်ပဲ။ လူရယ်လို့ဖြစ်လာရင် အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်၊ ဘာသာရေးနဲ့ မျိုးဗီဇတွေကြောင့် ရှင်သန်ရပ်တည်လာတဲ့ စိတ်ပိုင်းဆိုင်ရာ အမူအကျင့်ခြင်းမတူခြားနားကြတယ်။ ဒီအချက် ၄ ချက်ပေါ်မူတည်ပြီး စရိုက်တွေ၊ အကျင့်တွေ၊ သဘာဝတွေဖြစ်လာတယ်။ အမျိုးသားတွေ ကြီးစိုးတဲ့ ခေတ်မှာ အမျိုးသားတွေ အားကောင်းတာ၊ ဦးဆောင်နေကြတာဟက ပတ်ဝန်းကျင်၊ ဓလေ့ထုံးတမ်း၊ သမိုင်းနဲ့ ဘာသာရေးလို အရာတွေက ပုံသွင်းပေးလိုက်တာ။ ဒါကို လက်ဆင့်ကမ်းလာသူတွေက နောက်မျိုးဆက်ဆီ ဒါကိုပဲ ပြန်လက်ဆင့်ကမ်းမှာပဲ။ ဒါဆို နောက်မျိုးဆက်ဆီကို သမမျှတတဲ့…
ဦးနှောက်ပိစိထဲက အတွေးတစ်စ
သံပုံးတွေ သံပုံးတွေ ထူးထူးဆန်းဆန်း အော်သံ ပိစိလေးကြောင့် ကျွန်တော် နားစွင့်မိလိုက်တယ်။ အိမ်ခေါင်းရင်းအိမ်က ၃ နှစ်သမီးလေး အော်နေသံဗျ။ ရုတ်တရက်ဆိုတော့ ခေါင်းထောင်သွားတယ်။ ဒီကလေး ဘာတွေ အော်နေတာပါလိမ့်ပေါ့။ နားကို သေချာစွင့်မိတော့မှ ကလေးမလေးကို မိခင်လုပ်သူက ဘုရားစာ တိုင်ပေးနေတဲ့ အသံကို ကြားရတယ်။ အသံက ခပ်တိုးတိုး ငြင်ငြင်သာသာလေးရယ်။ … “သမ္ဗုဒ္ဓေ အဌဝီသဉ္ဇ ဒွါဒသဉ္ဇ သဟဿကေ” တဲ့… အော် သမ္ဗုဒ္ဓေဂါထာတော်ရယ်ပဲ။ ကလေးကို ဘုရားစာ သင်ပေးနေတာပ…လူမှုဘဝမှာ ကိုယ့်အပူတွေနဲ့ကိုယ်မို့ ဘုရာ တရားဆိုတာလဲ ဝေးနေခဲ့တာကြာပြီပဲဆိုပါတော့။ ခုလို ကလေးမလေးရဲ့ ဘုရားစာဆိုသံကြားတော့ မထင်မှတ်ပဲ ဆက်နားထောင်နေမိတယ်။ မပီကလာပီကလာနဲ့ ရွတ်နေတဲ့ ကလေးမလေးရဲ့ ရွတ်ဆိုသံဟာ ဌာန်ကရိုဏ်းမကျပေမယ့် ကြည်ကြည်မြမြလေးရယ်။ ရုတ်တရက် စိတ်ကလေး…
ရွက်မဲ့လှေ
“လူတစ်ယောက်သေသွားလို့ ငိုတိုင်းသာ အဲ့လူပြန်ရှင်လာမယ်ဆိုရင်တော့ အားရပါးရ ငိုလိုက်စမ်းပါသားရယ်” မှတ်စုထဲက စာကြောင်းလေးသည် သူ့ကို ငေးကြည့်နေသယောင်ယောင်။ ညစ်ထေးနေသည်ဟု မဆိုသာသည့်တိုင် အချိန်ကာလတိုက်စားမှုများကြောင့် နွမ်းလျနေသည့် ကတ္တူစာရွက်ဟောင်းလေးပေါ် မျက်ရည်စက်တစ်ချို့ ပစ်ကျသွားခဲ့ကြသည်။ တစ်ချို့မျက်ရည်စများသည် စာရွက်ကို ကိုင်ထားသည့် သူ့လက်ဖမိုးလေးကိုပင် လာစင်သည်။ ဒီစာသားလေးကို သူ တေးမှတ်ထားခဲ့သည်မှာ ၁၉ နှစ်တိုင်ခဲ့ပြီ။ ရုတ်တရက် ရေဒီယိုကထွက်ပေါ်လာသည့် သီချင်းသံက ဆွတ်ဆွတ်ပြန့်ပြန့်။“မွန်း လွဲ ချိန် နေရောင်လည်း ကျ လုပြီ …” … အဆိုတော် လွှမ်းမိုး၏ တေးသံသည် မျက်ရည်မခိုင်သူကို ငိုကြွေးရန် တွန်းပို့နေပြန်သည်။ သြော် … ဒီနေ့ဆို အဖေဆုံးတာ ၁၉ နှစ် ရှိပြီပဲလို့ သူ တွေးနေမိသည်။ လက်ထဲက မှတ်စုစာအုပ်လေးကို ပိတ်ရင်း…
ကြယ် ကြည့် သူ
သူ ထမင်းစားပွဲရှေ့က ခုံမှာ ခနထိုင်လိုက်သည်။ နောက်တော့ ဘေးနားက ရေခဲသေတ္တာအဟောင်းလေးကို ကောက်ဖွင့်ပြီး ရေတစ်ဘူးယူသောက်လိုက်၏။ Mogu (ဂျယ်လီအချိုရည်) ဘူး ခပ်သေးသေးတွေထဲထည့်ထားသည့် အမေ့ရဲ့ ရေခဲရေ ခပ်အေးအေးက တချက်တချက် သောက်ရတာ သိပ်မဝ။ ဒုတိယမြောက်ရေဘူးကို အငမ်းမရသောက်ပြီးနောက် နံဘေးနံရံပေါ်က နာရီကို သူလှမ်းကြည့်လိုက်မိသည်။ နာရီလက်တံသည် ၁၀ နာရီနှင့် ၁၂ မိနစ်ကို ညွှန်ပြနေသည်။ “အော် မိုးတောင် အတော်ချုပ်ပါပေါ့လား” လို့ သူတွေးမိသည်။ တစ်ဖက်အိမ်က လွင့်ပြန်လာသည့် Myanmar Idols တီးလုံးသံသဲ့သဲ့ကိုလည်း ကြားလိုက်ရတော့မှ ဒီနေ့ သောကြာနေ့ဖြစ်မှန်း သူသတိထားမိသွားသည်။ အချိန်ကာလတွေ နေ့ရက် သတ်မှတ်ချက်တွေကို သူသတိမထားခဲ့မိတာ ကြာလေပြီ။ သူဝန်ထမ်းလောကကို စွန့်ခွာပြီးကတည်းက စာပေရေးသားခြင်းဖြင့် အသက်မွေးဖို့ ရည်ရွယ်ခဲ့သည်။ သူ…
အိမ်ယောင်ဆောင်တဲ့ အိမ်
“ဘာဟင်းရလဲ” ဆိုတဲ့ မေးသံကြောင့် ဒေါ်တူး တွေးလက်စ အတွေးတွေရပ်သွားတယ်။ “ထမင်းဖြူနဲ့ ချဉ်ပေါင်ကျော်ပဲ ကျန်တော့တယ်၊ ကလေး” လို့ ဒေါ်တူးတစ်ယောက် ကမန်းကတန်းဖြေလိုက်ရတယ်။ ဟင်းလာဝယ်တဲ့ ကောင်လေးက သူ့ကို အထူးအဆန်းဟန်နဲ့ ပြူးတူးပြဲတဲပြန်ကြည့်နေတာ မြင်လိုက်ရတော့ … “ဟင်းသီးဟင်းရွက်ဈေးတွေတက်လို့ ဟေ့ … ဟင်းတောင် မတင်နိုင်တော့ဘူး။ နောက်နေ့ဆို ဆိုင်တောင် ထွက်ချင်မှ ထွက်မှာ” လို့ စောင့်အောင့်ပြီးပြောလိုက်တယ်။ ဟိုဘက်လမ်း သံရည်ကြိုစက်မှာလုပ်တဲ့ ကောင်လေးခမျာမှာတော့ အူလည်လည်ပုံနဲ့ ချဉ်ပေါင်ကျော် ၁၀၀ ဖိုးနဲ့ ထမင်းဖြူ ၂ ထုပ်ဝယ်ပြီး ပြန်သွားလေရဲ့။ ဒီတော့မှပဲ ဒေါ်တူးလည်း သူ့တွေးလက်စ အတွေးကို ပြန်ဆက်ရတယ်။ မနေ့ကညနေပိုင်းဈေးသွားကတည်းက ကြက်သွန်ဈေးက တစ်ပိဿာ ၃၀၀၀၊ ၃၅၀၀ အထိ တက်နေတယ်။ အသားဟင်းတွေ…
“Facebook” နှင့် “ကုလား” က ပေးသော သင်ခန်းစာ
ယခုကာလတွင် လူမှုကွန်ယက် ဝက်ဘ်ဆိုက် Facebook တွင် သောသောညံနေသည့် ကိစ္စရပ်မှာ “ကုလား” ဆိုသည့် စကားလုံးကို Hate Speech ဟု Facebook Team က ယူဆသတ်မှတ်လိုက်ခြင်းအကြောင်းပင်ဖြစ်သည်။ ယင်းနှင့်အတူ ကုလား ဆိုသည့် အသုံးအနှုန်းသည် အမုန်းစကား ဟုတ်မဟုတ်ဆိုသည့် အမြင်မတူစွာ အငြင်းပွားမှုများကိုလည်း မြင်တွေ့နေရသည်။ အဆိုပါ “ကုလား” ဝေါဟာရနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝိုင်း၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ များ နှင့် NGO တချို့၏ အကြံပြုချက်များအရ ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Facebook က ဆိုခဲ့သည်။ မည်သည့်အဖွဲ့အစည်းများဟု အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိပေ။ တကယ်တမ်းအားဖြင့် ကြည့်မည်ဆိုလျှင် မြန်မာဝေါဟာရများတွင် ကုလားဆိုသည့် ဝေါဟာရအသုံးအနှုန်း တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်း ၇၀၀…
