ဘာကြောင့် နေ့စဉ် တရားထိုင်သင့်တာလဲ

စိတ်ဖိစီးမှုနဲ့ သောကဗျာပါဒတွေဟာ နေ့စဉ်လူနေမှုဘဝမှာ ရင်ဆိုင်နေရလေ့ရှိတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ မကိုင်တွယ်နိုင်တော့ဘူးလို့ ခံစားမိတဲ့ အခက်အခဲတွေကြောင့် ဒီလို စိတ်ဖိစီးမှုတွေ ရလာတတ်ပါတယ်။ ကျွန်တော်တို့တွေဟာ နေ့စဉ်နဲ့အမျှရင်ဆိုင်နေရတဲ့ ပြဿနာတွေ အခက်အခဲတွေနဲ့ ဖိအားတွေကို ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ပြဿနာတိုင်းဟာ အဖြေရှိတာ မှန်လို့လား။ ပြဿနာတိုင်းကို ပြန်လည်ဖြေရှင်းနေဖို့ လိုအပ်လို့လား။ ဒီလို စိတ်အာရုံနောက်ကျိစရာ စိတ်ညစ်ညူးစရာ အခြေအနေတွေကို တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်နိုင်ဖို့ တရားရှုမှတ်ခြင်းက ကောင်းသော နည်းလမ်းတစ်ခုပါတယ်။ တရားရှုမှတ်ခြင်းနည်းလမ်းကို အသုံးချပြီး စိတ်ဖိစီးမှုတွေ၊ အမျိုးမျိုးသော သောကတွေကို လျှော့ချနိုင်ပါတယ်။ တရားရှုမှတ်တာဟာ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး တစ်နေ့ကို ၁၀ မိနစ် ကနေ နာရီဝက် ဝန်းကျင်လောက်အထိ ပုံမှန်ပြုလုပ်ပေးရုံနဲ့ အကျိုးကျေးဇူးတွေ အများအပြားရနိုင်ပါတယ်။ တရားရှုမှတ်ခြင်းအလေ့အထဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း…

စမတ်ဖုန်းက လူ့အရေပြားကို ဘယ်လို ဒုက္ခပေးသလဲ

စမတ်ဖုန်း လှလှလေးတွေဟာ ဆွဲဆောင်မှုရှိလှပြီးတော့ နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ် ကုန်ပစ္စည်းတစ်ခုဖြစ်သလို တန်ဖိုးရှိတဲ့ အဆင်တန်ဆာတစ်ခုလို့လည်းဆိုလို့ရပါတယ်။ လူတိုင်းဟာ စမတ်ဖုန်းလှလှလေးတွေကို ကိုင်ဆောင် အသုံးပြုနေကြပေမယ့် ဒီဖုန်းတွေကနေပေးတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ သတိမူမိကြတာနည်းပါတယ်။ တကယ်တမ်းအားဖြင့် စမတ်ဖုန်းတွေဟာ လေထုထဲက ဘက်တီးရီးယားပိုးမွှားတွေ ကပ်ညိနိုင်ချေက အလွန်မြင့်မားတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ လေ့လာချက်တွေအရဆိုရင်တော့ စမတ်ဖုန်းတစ်လုံးဟာ ပျမ်းမျှ တစ်လက်မ ပတ်လည်ကို ဘက်တီးရီးယား ၂၅၀၀၀ လောက်ကပ်ညိနေနိုင်ပါတယ်။ မီးဖိုချောင်၊ အိမ်သာ၊ တိရစ္ဆာန်တွေနဲ့ ဆက်စပ်နေရင် ဒီထက်ပိုများနိုင်ပါသေးတယ်။ ဒီပမာဏဟာ အိမ်သာကမုတ်ခွက်ထက် ပိုညစ်ပတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေဟာ အလှအပကို ချစ်မြတ်နိုးသူတွေအတွက် အန္တရာယ်တွေကို ဖိတ်ခေါ်နေတဲ့ အရာတစ်ခုလို့ဆိုလို့ရပါတယ်။ အထူးသဖြင့် အရေပြားအလှအပကို မြတ်နိုးသူတွေအနေနဲ့ စမတ်ဖုန်းလှလှလေးတွေကြောင့် ဖြစ်လာနိုင်တဲ့ အရေပြားဆိုင်ရာ ပြဿနာလေးတွေကို သိထားနိုင်ဖို့ စုစည်းဖော်ပြလိုက်ပါတယ်။ …

သတင်းဆိုးတွေကြောင့် စိတ်ပင်ပန်းနေရပြီလား

ဆိုရှယ်မီဒီယာခေတ်မှာ သတင်းတုယောင်တွေ၊ သတင်းဆိုးတွေ၊ အနိတ္ထာရုံတွေ၊ ဖရုသဝါစာ ယုတ်ရင်းကြမ်းတမ်းတဲ့စကားတွေကို ရှောင်လွှဲနိုင်ဖို့ ခက်ခဲလှပါတယ်။ ကလေးသူငယ် လိင်အကြမ်းဖက်မှုတွေကအစ သြစတြေးလျ တောမီးအလယ် ထရမ့်ပ်နဲ့ အီရန်တို့ရဲ့ တင်းမာမှုတွေကြောင့် တတိယကမ္ဘာစစ်ဖြစ်တော့မယ် အဆုံး ဆိုးရွားလှတဲ့သတင်းတွေ၊ ပြဿနာတွေဟာ နေရာတိုင်းကနေ ပေါပေါသီသီထွက်ပေါ်လာနေပါတယ်။ ဒီလိုသတင်းမျိုးတွေဟာ စိတ်ကျန်းမာရေး အားနည်းသူတွေကိုမပြောနဲ့ သာမန်လူတွေကိုယ်တောင် စိတ်ထဲ တမျိုးတမည် စိတ်မချမ်းမသာဖြစ်စေမှာတော့ အမှန်ပါပဲ။ လိင်အကြမ်းဖက်မှုတွေ၊ ကိုယ်ဝန်ဖျက်ချမှုတွေ၊ ရောဂါဘယဘေးတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေလို ကိစ္စမျိုးတွေကို နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတဲ့ လူသားတွေဟာ အဲ့ဒီသတင်းတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲ့မှုတွေကို မသိမသာရော သိသိသာသာပါ ခံစားနေရတယ်လို့ ကျွမ်းကျင်သူတွေကလည်း ဆိုထားပါတယ်။ စိတ်ဓာတ်ကျတာတွေ၊ စိတ်ထိခိုက်တာတွေအပြင် စိတ်ရောဂါဖြစ်သွားနိုင်လောက်တဲ့အထိ ဆိုးရွားပါတယ်။ နေ့စဉ်နဲ့အမျှ စိတ်ညစ်ညူးဖွယ်သတင်းတွေကို မြင်တွေ့နေရတဲ့ ဒီကနေ့ခေတ်မှာ ဒီလို အခြေအနေမျိုးတွေကို…

ခြေနင်းတော် ရွှေဖိနပ်ကြောင့် ခြေထောက်မထိခိုက်စေဖို့ဆိုရင်

ဖိနပ်တို့ အဝတ်အစားတို့ ခန္တာကိုယ်ပေါ်မှာ ဆင်မြန်းရတဲ့အရာတွေဟာ ယျေဘုယျအားဖြင့် အဆင်တန်ဆာတစ်ခုအဖြစ် ရှုမြင်ခြင်းခံရတတ်ပါတယ်။ အထူးသဖြင့် ဖိနပ်ပေါ့။ ဒါပေမယ့် မှန်ကန်သင့်လျော်တဲ့ ဖိနပ်ကို စီးပေးခြင်းဟာ  မိမိရဲ့ခြေထောက်ကို သက်သောင့်သက်သာဖြစ်စေသလို ခန္တာကိုယ်အပေါ် မလိုလားအပ်တဲ့ ထိခိုက်မှုတွေဖြစ်မလာအောင်လည်း ကာကွယ်ရာ ရောက်တယ်ဆိုတာမျိုးကိုတော့ သိတဲ့သူနည်းပါးပါတယ်။ ဖိနပ်ဆိုတာဟာ ခြေထောက်အတွက် ကူရှင်ထိုင်ခုံတစ်ခုလိုပါပဲ။ ခန္တာကိုယ်ဟာ အနေအထားမှန်ကန်တဲ့ ထိုင်ခုံမျိုးမှာ သက်သောင့်သက်သာ ထိုင်ပြီးနားဖို့ လိုအပ်သလို ခြေထောက်ဟာလည်း သူ့ကို ကောင်းကောင်း ပံ့ပိုးပေးနိုင်တဲ့ ဖိနပ်မျိုး စီးထားဖို့ လိုပါတယ်။ ဒါမှ ခြေထောက်လည်း သက်သောင့်သက်သာဖြစ်မှာဖြစ်ပြီး ခြေလှမ်းတိုင်းကို စိတ်အေးအေးချမ်းချမ်းနဲ့ လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ကိုယ့်အတွက် သက်သောင့်သက်သာရှိစေမယ့် ဖိနပ်ဆိုတာ ဘယ်လိုမျိုးလဲ နူးညံ့ရမယ် – ဖိနပ်အလယ်သားဟာ ဖိနပ်တစ်ခုမှာ အရေးအပါဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ သူဟာ ခန္တာကို မှန်မှန်ကန်ကန်…

ကိုယ့်ကိုယ်ကို သတ်သေချင်သူတွေ ဆိုရှယ်မီဒီယာမှာ ဘာတွေ တင်တတ်သလဲ

စိတ်ဖိစီးမှုတွေ၊ လူမှုဘဝအခက်အခဲတွေ၊ လူမှုရေးပြဿနာတွေနဲ့ မိသားစုအဆင်မပြေမှုတွေကြောင့် ဒီကနေ့ခေတ်မှာ ကိုယ့်ကိုယ်ကို သတ်သေမှုတွေ ပိုမိုများပြားလာနေပါတယ်။ နည်းပညာတွေ ခေတ်မှီဖွံ့ဖြိုးလာတဲ့ ဒီခေတ်မှာ လူတွေဟာ လူမှုကွန်ယက်တွေကို နေ့စဉ်လူနေမှုဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ပိုမိုအသုံးချလာနေကြတာမို့ စိတ်ဓာတ်ကျဆင်းနေပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့အထိ ဆုံးဖြတ်ထားတဲ့သူတွေကိုယ်တိုင်တောင်မှ လူမှုကွန်ယက်တွေပေါ်မှာ သဲလွန်စတွေ ချန်ထားရစ်ခဲ့လေ့ရှိတယ်ဆိုတာကို ပိုမို သိနားလည်လာရပြီဖြစ်ပါတယ်။ လက်ရှိမှာ လူမှုကွန်ယက်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Facebook ဟာ သူတို့ရဲ့ လူမှုကွန်ယက်ပလက်ဖောင်းတွေပေါ်က အသုံးပြုသူတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ အမူအကျင့်တွေကို မှတ်ဉာဏ်တုနည်းပညာ (AI) ကို အသုံးပြုပြီး လေ့လာဆန်းစစ်မှုတွေပြုလုပ်ထားပါတယ်။ ၂၀၁၇ ခုနှစ်မှာစတင်ခဲ့တဲ့ အဆိုပါ AI အခြေပြု ဆန်းစစ်လေ့လာမှုတွေအရ ကိုယ့်ကိုယ်ကို သတ်သေချင်နေသူတွေဟာ လူမှုကွန်ယက်ပေါ်မှာ သူတို့ရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို မကြာခန ဖွင့်ဟဖော်ထုတ်လေ့ရှိတယ်လို့…

Game of Thrones ထဲက သမိုင်း၊ သမိုင်းထဲက Game of Thrones (၂)

ဘုရင့်နိုင်ငံတော် “သေဆုံးခြင်းသမိုင်းကို မှင်ရည်ဖြင့် ပုံဖော်ရေးဖွဲ့ကြသော်ငြား အသက်သွေးဖြင့်သာ ရှင်သန်ခွင့်ကို ရနိုင်ပေမည်” ရော့ဒ်ရစ်ခ် ဟာလော အန်းလ်ဝစ်ခ်ရဲတိုက်သည် နယ်စပ်နယ်နိမိတ်တစ်လျှောက်ရှိ လူရိုင်းမျိုးနွယ်စုများ၏ တိုက်ခိုက်မှုများကို ခုခံရာတွင် ခံစစ်တန်း၏ ပထမဆုံးသောစည်းဟု ဆိုနိုင်သည်။ အမေ့ခံ ခံတပ်ကြီးကို တောင်စောင်းတစ်ခုပေါ်တွင် တည်ဆောက်ထားပြီး အင်္ဂလန်မြောက်ပိုင်းရှိ ချက်ဗယော့တ်တောင်တန်းဒေသတစ်လျှောက် အချက်အခြာလမ်းကြောင်းများကို ထိမ်းချုပ်နိုင်သည့် နေရာလည်းဖြစ်၏။ ခံတပ်မြို့တွင်းသို့ ဝင်ရောက်နိုင်မည့် တစ်ခုတည်းသော လမ်းကြောင်းမှာ မျှော်စင်ခပ်မြင့်မြင့်ဖြင့် တွဲလျက်တည်ဆောက်ထားသော ဂိတ်ပေါက်ဝတွင် စစ်ဆေးခံပြီး ကျဉ်းမြောင်းသည့် လမ်းမှတဆင့် ဖြတ်သန်းသွားရန်သာရှိသည်။ နေ့စဉ်နှင့်အမျှ ကုန်စည်များကို သယ်ဆောင်လာကြသော ဝန်တင်မြင်းများနှင့် လူအပေါင်းတို့သည် အထက်ပါနည်းလမ်းအတိုင်းပင် ရဲတိုက်ထံသို့ လိုအပ်သည့် ကုန်စည်များကို ပို့ဆောင်ကြရသည်။ ကျူးကျော်သူများရောက်ရှိလာပြီး ကျေးရွာများကိုဖျက်ဆီးတိုက်ခိုက်ကာ အဓမ္မပြုကျင့်မှုများ၊ လုယက်သတ်ဖြတ်မှုများ ပြုလုပ်လာသည့်အခါတိုင်း ဒေသခံများသည် ရဲတိုက်ရှိရာသို့ စုဝေးထွက်ပြေးလာကြပြီး…

Game of Thrones ထဲက သမိုင်း၊ သမိုင်းထဲက Game of Thrones (၁)

နိဒါန်း တစ်ခုသောအချိန်ကာလ၌ ငယ်ရွယ်ပျိုမြစ်သည့် လူငယ်လေးတစ်ဦးသည် ဖခင်ဖြစ်သူဆုံးရှုံးခဲ့သည့် ရာဇပုလ္လင်ကို ပြန်လည်ရယူရန် တော်လှန်ရေးတစ်ရပ် ဦးဆောင်ဆင်နွဲလေသည်။ ကလေးဘဝတွင် မျက်မြင်ကြုံခဲ့ဖူးသည့် ဖခင်ဘုရင်ကြီး၏ ထီးနန်းနှင့် အသက်ဆုံးရှုံးမှုမှ သူ့အနေဖြင့် သင်ခန်းစာကောင်းများ ရယူနိုင်ခဲ့ပြီးဖြစ်၏။ သူတို့မျိုးရိုးသည် တက်ကြွပြီး သြဇာတိက္ကမနှင့်ပြည့်စုံသည့် မြောက်ပိုင်းမင်းဆက်များမှ တိုက်ရိုက်ဆင်းသက်လာကြသူများ ဖြစ်ကြသည်။ ဤအချက်ကြောင့်ပင်လျှင် သူ၏တန်ဖိုးနှင့် လက်စားချေလိုမှုကို တိုက်ပွဲများဖြင့် သက်သေပြခဲ့ခြင်းဖြစ်ချေမည်။ သူ့အနေဖြင့် ငယ်ရွယ်စဉ်မှာပင် တိုက်ပွဲပေါင်းမြောက်များစွာကို အနိုင်ယူနိုင်ခဲ့သကဲ့သို့ အနီးချုပ်စပ် ပဒေသရာဇ်နယ်မြေဒေသများကို ဦးဆောင်နေကြသည့် အရှိန်အဝါကြီးမားလှသော မိသားစုများ၏ သစ္စာခံမှုကိုလည်း ရယူနိုင်ခဲ့သည်။ တိုက်ပွဲများတစ်လျှောက် ၎င်းအား အဓိကပံ့ပိုးထောက်ခံပေးခဲ့သူမှာ မိခင်ဖြစ်သူကိုယ်တိုင် ဖြစ်၏။ မိခင်ဖြစ်သူ မိဘုရားကြီးသည် သားတော်ကို ပံ့ပိုးရင်း တခြားသော လူမမယ်သားငယ် နှစ်ဦးကိုလည်း ရက်စက်ကြမ်းတမ်းလှသည့် ရန်သူများ၏လက်မှ ကင်းဝေးစေရန် အားထုတ်ကြိုးပမ်းရသူ…

အင်တာနက်ပေါ်က စက္ကန့် ၆၀

ဒီကနေ့ခေတ်မှာ အင်တာနက်ကိုအခြေပြုပြီး နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုက အံ့မခန်းပါပဲ။ အင်တာနက်ပေါ်မှာ စီးပွားရှာလို့ရသလို၊ အင်တာနက်ကောင်းမှုနဲ့ အိမ်ထောင်လည်းကျသွားနိုင်တယ်၊ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုလည်း ခံယူလို့ရတယ်၊ အိမ်မှာအသုံးမလိုတဲ့ ပစ္စည်းတွေကိုလည်း ရောင်းချင်ရောင်းနိုင်သေးရဲ့။ ဒါတွေတင်မကပါဘူး နှစ်သက်ရာပညာတွေကို သင်ယူလေ့လာလို့ရသလို စိတ်များပါမယ်ဆိုရင် နိုင်ငံရေးကမ်ပိန်းတွေဆိုတာလည်း လုပ်ချင်တဲ့ဆန္ဒသာရှိ အပြင်လောကမှာထက် ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်သေးတယ်။ အင်တာနက်နည်းပညာက လူတစ်ဦးချင်းစီတိုင်းရဲ့ နေ့စဉ်ဘဝမှာ ခုလိုမျိုး အရေးပါလာတဲ့အခါ လူသန်းပေါင်းများစွာရဲ့ ဘဝလမ်းကြောင်းတွေကို ထိန်းကျောင်းမောင်းနှင်တဲ့အရာပါဖြစ်လာတော့တာပါပဲ။ လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ အင်တာနက်က ဘယ်လောက်တောင် နေရာယူထားသလဲဆိုတာကို မြင်သာအောင် ရှင်းပြချင်ပါတယ်။ လက်ရှိ ၂၀၂၀ ခုနှစ်မှာ လူတစ်ယောက်ရဲ့ အင်တာနက် အသုံးပြုချိန်က တစ်နေ့ကို ၁၈၁ မိနစ် (၃ နာရီနဲ့ တစ်မိနစ်) တိတိ ရှိပါတယ်။ ၃၈ မိနစ်က ကွန်ပျူတာနဲ့ သုံးကြတာဖြစ်ပြီးတော့…

“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၁၄ (နောက်ဆုံး အပိုင်း)

‘ဆန်ဒီယေဂိုအလွမ်း’ နေရောင်ခြည်ဟာ ပတ်ဝန်းကျင်တစ်ခွင်ကို ဖြာလဲ့လို့ ကျနေတယ်။ တိုက်ခတ်လာတဲ့ လေပြေညှင်းလေးကတော့ လိုအပ်တာထက်ပိုပြီး အေးစက်နေသလိုပဲ။ တောင်ကုန်းခပ်မြင့်မြင့်ပေါ်ကနေ ပစိဖိတ်သမုဒ္ဒရာ ရေပြင်ကျယ်ကြီးကို လှမ်းငေးနေရတာကို ကျွန်တော် အမြဲတမ်းသဘောကျခဲ့တာ။  တစ်ချက်တစ်ချက် ခပ်သော့သော့ကလေးတိုက်ခတ်လာတတ်တဲ့ လေအဟုန်မှာ အင်နဲ့အားနဲ့ ရွက်တိုက်ဖို့ ချိန်ကိုက်စောင့်နေတဲ့ ရွက်လှေငယ်လေးတွေကလည်း ရေပြင်ပြာပြာအနှံ့မှာ ဟိုတစ်စီး ဒီတစ်စီးရယ်။ ကျွန်တော့်အတွေးထဲမတော့ ဒီမြင်ကွင်းကို သိပ်မကြာခင်မှာ ခွဲခွာရတော့မယ့်အကြောင်းတွေးရင်း လွမ်းသလိုလို။ ကျွန်တော် အိမ်ပြန်ရမယ့်ရက်နဲ့ နီးကပ်လာနေပြီမဟုတ်လား။ အယ်လ်အေကနေ နောက်ဆုံးတစ်ခေါက်ပြန်လာပြီးတဲ့နောက်မှာ ကျွန်တော် ဆန်ဒီယေဂိုက ကိုယ်မရောက်ဖြစ်သေးတဲ့ နေရာတွေကို ဆက်ပြီးသွားတယ်။ မရောက်ဖူးတဲ့နေရာတွေဆီသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာခဲ့ပေမယ့် တကယ်တမ်းစပြီးရောက်ခဲ့တာက ဆန်ဒီယေဂိုကို ရောက်ရောက်ချင်း ပထမဆုံးသွားပြီး လည်ပတ်ခဲ့ဖူးတဲ့ ကာဘရီယိုအထိမ်းအမှတ် ရုပ်ထုကြီး (Cabrillo National Monument) ဆီပေါ့။ ပြောရရင်…

“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၁၃

‘ကန္တာရ ခရီးသည်’ နိုင်ရာဂရာမှာ ၂ ရက်နေပြီးတဲ့နောက်မှာတော့ ဆန်ဒီယေဂိုကို ပြန်ဖို့ ဘက်ဖလိုကို Uber တက္ကစီငှားပြီး ပြန်လာပါတယ်။ ဟိုတယ်ကိုလာကြိုတဲ့ တက္ကဆီ ဒရိုင်ဘာက စပိန်လူမျိုးတစ်ယောက်ပါ။ ကျူးဘားကနေတဆင့် အမေရိကန်မှာ လာအခြေချနေထိုင်သူပါတဲ့။ လမ်းတစ်လျှောက်လုံးသူနဲ့ စကားစမြည်ပြောဖြစ်တော့ နိုင်ရာဂရာဟာ နေဖို့ မသင့်တော်တော့တဲ့ အရပ်လို့ သူကဆိုပါတယ်။ လမ်းမှာထင်ထင်ရှားရှားမြင်တွေ့နိုင်တဲ့ နိုင်ရာဂရာမြစ်ကမ်းပါးက ရေအားလျှပ်စစ် စီမံကိန်းစက်ရုံကြီးကိုပြပြီး ဒါကြီးကြောင့် နိုင်ရာဂရာပျက်စီးနေတာလို့ ဆိုပါတယ်။ ဒီရေအားလျှပ်စစ် စီမံကိန်းကနေပြီးတော့ ကနေဒါနဲ့ အမေရိကန်ကို လျှပ်စစ်ဓာတ်အားအဓိက ပံ့ပိုးပေးနေတာဖြစ်ပေမယ့် ဒီစီမံကိန်းကြောင့်ပဲ ပတ်ဝန်းကျင် ဂေဟစနစ်ပျက်ယွင်းရပြီး နိုင်ဂရာမြစ်ထဲမှာ ငါးမျိုးစိတ်တွေ ကုန်သလောက်ဖြစ်နေပြီလို့ သူက ပြောပြပါတယ်။ နိုင်ရာဂရာကနေအထွက် ဘက်ဖလိုဘက်ကို အသွား နိုင်ရာဂရာမြစ်ကို တံတားကနေတဆင့် ဖြတ်ကူးတော့ မြစ်ကြောင်းထဲမှာ ရေတွေညစ်ညမ်းနေတာကို မြင်ခဲ့ရပါသေးတယ်။…