ဆယ်စုနှစ်များနှင့်ချီ နိုင်ငံတကာနှင့်ဆက်ဆံမှု အလှမ်းဝေးခဲ့ရာမှ မြင်သာသည့်နိုင်ငံရေး၊ စီးပွားရေးပြောင်းလဲမှုများကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI)များ မြန်မာနိုင်ငံကို မျက်စေ့ကျကာ ဆက်တိုက်ဝင်ရောက်လာသည်။ နိုင်ငံစုံ ကုမ္ပဏီကြီးမျာ း(Multinational Corporation)ဝင်ရောက်လာခြင်းက ယင်းတို့နှင့် ချိတ်ဆက်ထားသော ကမ္ဘာတစ်ဝန်းရှိ ကြော်ငြာနှင့် ပြန်ကြားရေးကုမ္ပဏီများကိုပါ ကျွဲကူးရေပါ ဝင်ရောက်လာစေသည်။ “ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက်ဝင်လာရင် ဒါမျိုးကဖြစ်လာမှာပဲ။ Multinational Corporation တွေဝင်လာရင် သူတို့ Client တွေပါလာမှာပဲ” ဟု Mango Media မှ အုပ်ချုပ်မှုဒါရိုက်တာဒေါ်အေးနှင်းဆွေက ဆိုသည်။ ၁၉၉၀ ပြည့်လွန်နှစ်များကလည်း ဈေးကွက်စီးပွားရေးစနစ် စတင်မည်ဟုဆိုချိန်တွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုအချို့ ဝင်ရောက်လာခဲ့ဖူးပြီး ယခုကဲ့သို့ မီဒီယာကုမ္ပဏီ များလည်း ပမာဏ အနည်းငယ် ဝင်ရောက်လာခဲ့ဖူးသည်။ သို့သော် ထိုစဉ်က အများဆုံးဝင်ရောက်လာသော လုပ်ငန်းများမှာ…
ကမ္ဘာကျော် ဆက်သွယ်ရေးကုမ္ပဏီများ အပြိုင်လုနေသည့် နှစ်နေရာ
အစိုးရက နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားသည့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများကို ပုဂ္ဂလိက ကုမ္ပဏီလေးခုသို့ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ရာ ကျန်ရှိနေသည့် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် နှစ်နေရာအတွက် ကမ္ဘာကျော် ဆက်သွယ်ရေး ကုမ္ပဏီများ လုပ်ကိုင်ခွင့်ရရှိရန် အပြိုင်အဆိုင်ဆွဲဆောင် လာကြသည်။ လက်ကျန်နှစ်နေရာအတွက် စကာတင်ရွေးချယ်ခံထားရသော ဆက်သွယ်ရေးကုမ္ပဏီ ၁၂ခုက ယှဉ်ပြိုင်ရမည်ဖြစ်ရာ လုပ်ကိုင်ခွင့်ရရှိရေး အတွက် ကမ္ဘာကျော် ဆက်သွယ်ရေးကုမ္ပဏီများက ကမ်းလှမ်းမှုမျိုးစုံကို အပြိုင်အဆိုင် ထုတ်ပြန်ကြေညာလာကြသည်။ “ကျွန်တော်တို့ လိုင်စင်ရခဲ့ရင် မြန်မာနိုင်ငံရဲ့ အကောင်းဆုံးဆက်သွယ်ရေး ကဏ္ဍကို ကျွန်တော်တို့ ဘာသာကြိုးစား တည်ဆောက်သွားပါမယ်။ မိုဘိုင်းဝန်ဆောင်မှုတွေ၊ အင်တာနက် စနစ်တွေ အပါအဝင် ဖုန်းခေါ်ဆိုမှုတွေကို တစ်မိနစ် ၂ဝ လောက်နဲ့ ခေါ်ဆိုခွင့်ပေးသွားပါမယ်။ လူတိုင်း ဖုန်းကိုင်နိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းသွားမှာပါ” ဟု ဧပြီလအတွင်း မြန်မာနိုင်ငံ လာရောက်ခဲ့သည့်…
ဆီကြေး(ဂျီး) နံ့ပျယ်လာသည့် ကားဝပ်ရှော့များ
မြောက်ဥက္ကလာ သုဓမ္မာလမ်းပေါ်ရှိ သူတို့ ဝပ်ရှော့လေးသည် များစွာပြောင်းလဲသွားလေပြီ။ ပြီးခဲ့သော နှစ်က မော်ဒယ်မြင့်ယာဉ်များ လာရောက်ပြင်ဆင်စဉ် အလုပ်တတ် မကိုင်တတ်အနေအထားကို သူတို့ကဲ့သို့ ကားဝပ်ရှော့စက်ပြင်ဆရာတို့ တဖြည်းဖြည်း ကျော်လွှားနေပြီဖြစ်သည်။ ဝပ်ရှော့လေးသာမက ဝပ်ရှော့မှ စက်ပြင်ဆရာ ကိုကျော်ကျော်သည်လည်း ပြောင်းလဲလာပြီ။ “မနှစ်က နှစ်လယ်လောက်က မှတ်မှတ်ရရ ကျွန်တော်တို့ရဲ့ ဝပ်ရှော့မှာ မော်ဒယ်မြင့်ကားတစ်စီးလာအပ်တယ်။ ကားကမော်ဒယ်အသစ် ပြဿနာက ကားချက်မီးလင်းနေတာ။ ဒါပေမယ့် ဘာလုပ်ရမှန်း မသိဘူး။” ဟု ကိုကျော်ကျော်(အမည်လွှဲ)က ၎င်း၏ မော်တော်ယာဉ်ပြုပြင်မှု အတွေ့အကြုံတစ်ခုကို ပြန်ပြောပြသည်။ “ချက်မီးလင်းတယ်ဆိုတာ ကွန်ပျူတာဘောက်စ်ကနေ Error ပြလိုက်တာ။ ဒါပေမယ့် အဲဒီအချိန်တုန်းက သိမှ မသိတာ။ အဲဒီတော့ ဘာလုပ်လိုက်လဲဆိုတော့ကာ အဲဒီမီးနဲ့ဆိုင်တဲ့ကြိုးကိုလိုက်ရှာတယ် ပြီးတော့ ဖြတ်လိုက်တယ်။ ပိုဆိုးသွားရော။ ကောင်းချင်လို့ပြင်မှ ပိုဆိုးသွားပါလေရော။” ဟု…
သန်းခြောက်ဆယ် အိပ်မက် တကယ်ဖြစ်ပြီလား
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်ပ ဆက်သွယ်ရေး ကုမ ္ပဏီနှစ်ခု ဖြစ်သော နော်ဝေ အခြေစိုက် Telenor/နှင့် ကာတာအခြေစိုက် Q-Tel (Ooredoo) ကုမ္ပဏီ တို့ကို ဆက်သွယ်ရေး အော်ပရေတာလိုင်စင်ချထားပေးရန် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေးအော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့်ရွေးချယ်ရေးကော်မတီ၏ ရွေးချယ်မှုဖြင့် ဇွန်လ ၂၇ ရက်နေ့တွင် ရွေးချယ်လိုက်ပြီဖြစ်သည်။ ထို့အပြင် အကြောင်းအမျိူးမျိုးကြောင့်ရွေးချယ်ခံရသည့်တာဝန်ကိုမထမ်းဆောင်နိုင်ပါက အစားထိုးအနေနှင့် ပြင်သစ်တယ်လီကွန်းOrange နှင့် Marubeni ကော်ပိုရေးရှင်းကို အရန် အဖြစ်ရွေးချယ်လိုက်သည်။ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများ ယခုလာမည့်လွှတ်တော်တွင် အတည်ပြုပြီးပါမှ အဆိုပါဆက်သွယ်ရေး လိုင်စင်ရကုမ္ပဏီများကို လိုင်စင်များတရားဝင်ချပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေးအော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့်ရွေးချယ်ရေးကော်မတီက ထုတ်ပြန်ကြေညာသည်။ အဆိုပါ ကုမ္ပဏီများသည် ပြည်တွင်းမှ မြန်မာ့ဆက်သွယ်ရေးနှင့် MEC Tel တို့ ပူးပေါင်းထားသည့် Myanmar…
အစဉ်အလာကို ကျော်နိုင်ဖွယ်မရှိသေးတဲ့ လျှပ်စစ်မီးနဲ့ ဒီနှစ်နွေ
ဖြတ်ခနဲရုပ်တရက် မှောင်မိုက်သွားသောကြောင့် ကလေးများက ဟေးခနဲ အော်ကြလိုက်သည်။ လူကြီးအချို့က မကြေမနပ်မြည်တွန်တောက်တီးကုန်ကြသည်။ လက်ဖက်ရည်ဆိုင်တစ်ခုလုံး တီးတိုးတီးတိုးစကားသံများသာ ဆူညံစွာထွက်ပေါ်လာသည်။ မိုးတွင်းကာလမကုန်သေးသော်လည်း မီးက ယခုကဲ့သို့ အလျဉ်းသင့်သလို ပြတ်တောက်လေ့ရှိသည်။ မိုးရာသိကာလဖြစ်သော်လည်း လိုင်းပြဿနာများအပါအဝင် အမျိုးမျိုးသောအကြောင်းများကြောင့် မကြာခဏမီးပျက်တတ်ကြောင်း ဗဟန်းမြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းတစ်ဦးကဆိုသည်။ “ဘောလုံးပွဲရှိတဲ့ရက်တွေဆို မကြာခဏ ပြတ်တတ်တယ်။ အခုမိုးတွင်းကြီးတောင်မှ မိုးရွာရင်လည်း ပြတ်တယ်။ မလာရင်လည်း ပြတ်ချင်ထပြတ်တာပဲ။” ဟု မြောက်ဥက္ကလာပမြို့နယ်မှ ဆုံဆည်းရာလက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုထူးက ဆိုသည်။ ရန်ကုန်မြို့အပါအဝင် မြို့တော်တော်များများတွင် လက်ဖက်ရည်ဆိုင်အများစုသည် နိုင်ငံတကာဘောလုံးပွဲများ၊ နေ့စဉ်ထွက် မြန်မာကားများ သာမက တစ်နေကုန်ထုတ်လွှင့်ပေးနေသော Skynet၊ 5 Movies နှင့် Myawady Digital တို့မှ ရုပ်ရှင်ကားများကို လည်း တစ်နေကုန် ဖွင့်လှစ်ပြသကြလေ့ရှိသည်။ ထို့ကြောင့် မီးမလာပါက…
အထုံးမဖြည်နိုင်သော အလုပ်အကိုင်လမ်းစများ
ယုံကြည်ချက်အပြည့်နှင့် အင်တာဗျူးဖြေမည်ဆိုလိုက်မည်ဟုအားခဲထားသော်လည်း ကိုညီညီ(နာမည်လွဲ)အတွက် အထင်နှင့်အမြင် တက်တက်စင်လွဲမှားသွားခဲ့သည်။ အလုပ်လျှောက်လွှာတွင်ပူးတွဲတင်ထားသော အင်ဂျင်နီယာဘွဲ့လက်မှတ် နှင့် အခြားသင်တန်းလက်မှတ်များကို ကိုယ်တိုင်အားရကျေနပ်ခဲ့သော်လည်း အင်တာဗျူးမေးမြန်းသူက လုပ်ငန်းအတွေ့အကြုံရင့်သူကိုသာ ပိုလိုချင်ကြောင်း ပွင့်ပွင့်လင်းလင်းဖွင့်ပြောသည့်အတွက် အားခဲထားသမျှ သဲထဲရေကျဟု ခံစားရသည်။ အခြေခံပညာသင်ကြားသည့်အပါအဝင် တက္ကသိုလ်ပညာသင်ကြားသည့်နှစ်နှင့် ကွန်ပျူတာသင်တန်းတက်သည့်နှစ် အားလုံးပေါင်း ၂၀နှစ်နီးပါးကို ရင်းနှီးမြုပ်နှံထားသူ အသက် ၂၅ နှစ်အရွယ် ကိုညီညီအတွက် လုပ်ငန်းခွင်က အဆင်သင့်ဆီးကြိုမှုကို မခံခဲ့ရသည့်အပြင် အခြားအလုပ်အသစ်များကိုထပ်မံလျှောက်ထားရန်ပင် ရရှိထားသော အသိအမှတ်ပြုလက်မှတ်များကို ယုံကြည်မှု ပျောက်လာမိသည်။ ထပ်မံ၍ စိတ်ဝင်စားသော အလုပ်တစ်ခုခုရရန် “ဘာသင်တန်း ဆက်တက်ဦးရမလဲ”ဟု စိတ်ထဲတွေးရင်း ကိုညီညီအတွက် အလုပ်မရတော့မည်ကို တဖြည်းဖြည်းကြောက်လာသည်။ အုပ်ချုပ်ရေးယန္တရား ပြောင်းလဲလာမှုများဖြစ်ခဲ့သော ၂၀၁၀ ခုနှစ်နှောင်းပိုင်းမှစတင်ကာ နိုင်ငံတကာစီးပွားရေး လုပ်ငန်းစုများက မြန်မာနိုင်ငံ၏အရင်းအမြစ်များကို မျက်စိကျပြီး ဈေးကွက်လာရောက်ချဲ့ထွင်လိုချိန် ပြည်တွင်း လုပ်ငန်းရှင်များကလည်း…
အာရှ၏ နောက်ဆုံး စားကျက်မြေ
လွန်ခဲ့သော သုံးနှစ် ဝန်းကျင်က မြန်မာနိုင်ငံသို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အစုလိုက်အပြုံလိုက် ဝင်လာမည်ဟု ပြောလျှင် မည်သူမှယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ သို့သော် ထိုအရာများသည် အမှန်တကယ်ဖြစ်လာနေသည်။ လက်ရှိ သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ နိုင်ငံ၏ ကျွယ်ဝလှသော သယံဇာတများ၊ နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုများ ပယ်ဖျက်ပေးခဲ့ခြင်းများ၊ နိုင်ငံတကာနှင့် တက်ကြွစွာပိုမိုပူးပေါင်းဆာင်ရွက်လာမှုများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလည်တွင် စိတ်ဝင်စားစရာနေရာတစ်ခုဖြစ်လာသည်။ အသစ်ပြင်ဆင်ပြဌာန်းလိုက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကလည်း အခွန်ကင်းလွတ်ခွင့်ကာလ(Tax Holiday) ၅ နှစ်ပေးခြင်းကဲ့သို့သော အခွင့်အရေးများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ခဲ့သည်။ “ပြည်သူတွေမှာ အလုပ်အကိုင် တစ်ခုမရှိဘဲနဲ့တော့ သူတို့ရဲ့ လူနေမှုဘဝတိုးတက်ဖို့ မဖြစ်နိုင်ဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ခရီးစဉ်အတွင်း ကျိုဒိုသတင်းဌာနနှင့် အင်တာဗျုးတွင် ပြောကြားသည်။ ယင်းသည်…
အခြေခံလူတန်းစားတို့ စိုးရိမ်ရမည့် ငွေကြေးဖောင်းပွမှု
ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအတွက် စီးပွားရေးစောင့်ကြည့်အစီရင်ခံစာကို ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် ကမ္ဘာ့ဘဏ်က တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။ ကမ္ဘာ့ဘဏ်အနေဖြင့် အဆိုပါ အစီရင်ခံစာကို မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးစောင့်ကြည့်အစီရင်ခံစာများကို ၆ လ ၁ ကြိမ် ထုတ်ပြန်သွားရန် အစီအစဉ်ထားသည်။ နိုဝင်ဘာ ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် ယင်းအစီရင်ခံစာအရ သဘာဝဓာတ်ငွေ့၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆောက်လုပ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်တင်ပို့မှုများ ဖွံ့ဖြိုးလာသောကြောင့် ယခု ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ ဒဿမ ၅ ရာခိုင်နှုန်း တိုးတက်မှုရှိပြီး လာမည့် ၂၀၁၄ တွင် ၆ ဒဿမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း အဆိုပါအစီရင်ခံစာတွင်ပင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုအခြေအနေမှာမူ…
နေ့မင်းသားတို့ ပျော်စံရာ
အချိန်ကနေ့လည်ခင်း ဖြစ်နေသော်လည်းအခန်းအတွင်းမှောင်မိုက်ဓာတ်ကနေရာတော်တော်များများကို ကြီးစိုးထားသည်။ မှောင်မှိုင်းမှိုင်းအခန်းအတွင်းတွင် စူးရှတောက်ပသော Disco Light များကတလက်လက်တောက်ပနေသည်။ ခန်းမ၏ အလယ်တွင် စက်ဝိုင်းပုံစားပွဲငယ်တစ်ခုအခန့်သားရှိသည်။ စားပွဲငယ်၏ ဘေးပတ်ပတ်လည်ရှိလူငယ်ငါးဦးကတက်တက်ကြွကြွ ဟန်ပန်မျိုးဖြင့် တစ်စုံတစ်ရာကိုစောင့်မျှော်နေသလိုပင်။ အခန်းတွင်းရှိလူများအားလုံးကလှုပ်လှုပ်ရွရွဖြင့် သူတို့ကိုစိတ်ဝင်တစား ကြည့်နေကြသည်။ “Ready နော်။ 1, 2, 3 …စပြီ။” စင်မြင့်ပေါ်ရှိ DJ က အော်ဟစ်သတိပေးသံအဆုံးတွင် လူငယ်ငါးဦးတို့သည် စားပွဲငယ်ပေါ်ရှိ Jonny Walker အရက် သုံးပတ်စီထည့်ထားသောတစ်ခါသုံးပလတ်စတစ်ခွက်ငယ်ထဲမှ အရက်များကိုပိုက်ဖြင့် အလျင်အမြန်စုပ်ယူနေကြသည်။ ယင်းလူငယ်ငါးဦးထဲမှ အမြန်ဆုံးကုန်အောင် သောက်နိုင်သူသည် အနိုင်ရရှိမည်ဖြစ်သည်။ အနိုင်ရသူအတွက်လည်း Jägermeister ၁.၅ လီတာအရက်ပုလင်းတစ်တောင့်က ဒိုင်လုပ်သူ၏ လက်ထဲတွင် အဆင်သင့် ရှိနေသည်။ အထက်ပါမြင်ကွင်းမှာ Day Party များတွင် ကျင်းပလေ့ရှိသော Break Drink…
မြို့ပြရန်ကုန်၏ အမွေ
သူ့ဟန်က တစ်စုံတစ်ရာကို အလွန် စိုးရိမ်နေ သလို ပင်။ အဆောက်အအုံ တစ်ခုကို သေချာ ကြည့်နေ သည်။ အမှတ်တံဆိပ် သက်တမ်း နှစ် ၉၀ ကျော်ရှိ မာဘိုရို စီးကရက် တစ်လိပ်ကို မက်မက်မောမော ဖွာရှိုက်လိုက်ရင်း စိုးရိမ်တကြီး လေသံဖြင့် စကား စပြောသည်။ “နောက် ၂ နှစ်၊ သုံးနှစ်အတွင်း ဒီအဆောက်အအုံ တွေကို ဘယ်သူမှ ဘာမှ မကာကွယ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဒီအဆောက်အအုံတွေကို ဘယ် တော့မှ မြင်ခွင့်ရတော့မှာ မဟုတ်ဘူး” ဟု စိုးရိမ် တကြီး ဆိုလိုက်သူမှာ ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်ဦး ဖြစ်သည်။ ကုလသမဂ္ဂ…
