၁၉၃၉ ခုနှစ်က A History of Rangoon စာအုပ်ကို ရေးသားခဲ့သူ ဗြိတိသျှလူမျိုး သမိုင်းပညာရှင် B.R.Pearn က ရန်ကုန်မြို့ကို ကာလရှည်တည်တန့် ရှည်ကြာစွာတည်ရှိနေစေရန် ဖန်တီးပေးထားသည့် အရာ နှစ်ခုရှိသည် ရေးသားခဲ့ဖူးသည်။ ဆိုလိုသည်မှာ ရွှေတိဂုံစေတီတော်နှင့် ရန်ကုန်မြစ်တို့ ဖြစ်၏။ ရှေးယခင်က ရန်ကုန်သည် ရွှေတိဂုံ စေတီတော်ခြေရင်းနှင့် ရန်ကုန်မြစ်ကမ်းအကြားတွင် တည်ရှိနေခဲ့သောကြောင့် ၎င်းက ဤသို့ ဆိုခဲ့ခြင်းဖြစ်ဟန်တူသည်။ မည်သို့ပင်ဆိုစေကာမူ အဆိုပါအရာနှစ်ခုကပင် မြန်မာနိုင်ငံ၏ သမိုင်းတန်ဖိုးမြင့် မြို့တော်တစ်ခုကို ထုဆစ်ခဲ့ကြသည်ကတော့ အမှန်ပင်ဖြစ်သည်။ အဆိုပါနေရာ နှစ်ခုကပင် ရန်ကုန်မြို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကို ဖန်တီးခဲ့ကြသည်။ စေတီတော်ကြီး၏ အသိဉာဏ်ပညာဆိုင်ရာ အရေးပါမှုနှင့် မြစ်ကြီး၏ အချက်အခြာကျမှုများက အခြေချသူများ၊ ဘုရားဖူးများ၊ ကုန်သည်များ၊ ဘုရင်များ၊ သာသနာပြုများ၊…
Category: Yangon
ဦးနှောက်ပိစိထဲက အတွေးတစ်စ
သံပုံးတွေ သံပုံးတွေ ထူးထူးဆန်းဆန်း အော်သံ ပိစိလေးကြောင့် ကျွန်တော် နားစွင့်မိလိုက်တယ်။ အိမ်ခေါင်းရင်းအိမ်က ၃ နှစ်သမီးလေး အော်နေသံဗျ။ ရုတ်တရက်ဆိုတော့ ခေါင်းထောင်သွားတယ်။ ဒီကလေး ဘာတွေ အော်နေတာပါလိမ့်ပေါ့။ နားကို သေချာစွင့်မိတော့မှ ကလေးမလေးကို မိခင်လုပ်သူက ဘုရားစာ တိုင်ပေးနေတဲ့ အသံကို ကြားရတယ်။ အသံက ခပ်တိုးတိုး ငြင်ငြင်သာသာလေးရယ်။ … “သမ္ဗုဒ္ဓေ အဌဝီသဉ္ဇ ဒွါဒသဉ္ဇ သဟဿကေ” တဲ့… အော် သမ္ဗုဒ္ဓေဂါထာတော်ရယ်ပဲ။ ကလေးကို ဘုရားစာ သင်ပေးနေတာပ…လူမှုဘဝမှာ ကိုယ့်အပူတွေနဲ့ကိုယ်မို့ ဘုရာ တရားဆိုတာလဲ ဝေးနေခဲ့တာကြာပြီပဲဆိုပါတော့။ ခုလို ကလေးမလေးရဲ့ ဘုရားစာဆိုသံကြားတော့ မထင်မှတ်ပဲ ဆက်နားထောင်နေမိတယ်။ မပီကလာပီကလာနဲ့ ရွတ်နေတဲ့ ကလေးမလေးရဲ့ ရွတ်ဆိုသံဟာ ဌာန်ကရိုဏ်းမကျပေမယ့် ကြည်ကြည်မြမြလေးရယ်။ ရုတ်တရက် စိတ်ကလေး…
ရွက်မဲ့လှေ
“လူတစ်ယောက်သေသွားလို့ ငိုတိုင်းသာ အဲ့လူပြန်ရှင်လာမယ်ဆိုရင်တော့ အားရပါးရ ငိုလိုက်စမ်းပါသားရယ်” မှတ်စုထဲက စာကြောင်းလေးသည် သူ့ကို ငေးကြည့်နေသယောင်ယောင်။ ညစ်ထေးနေသည်ဟု မဆိုသာသည့်တိုင် အချိန်ကာလတိုက်စားမှုများကြောင့် နွမ်းလျနေသည့် ကတ္တူစာရွက်ဟောင်းလေးပေါ် မျက်ရည်စက်တစ်ချို့ ပစ်ကျသွားခဲ့ကြသည်။ တစ်ချို့မျက်ရည်စများသည် စာရွက်ကို ကိုင်ထားသည့် သူ့လက်ဖမိုးလေးကိုပင် လာစင်သည်။ ဒီစာသားလေးကို သူ တေးမှတ်ထားခဲ့သည်မှာ ၁၉ နှစ်တိုင်ခဲ့ပြီ။ ရုတ်တရက် ရေဒီယိုကထွက်ပေါ်လာသည့် သီချင်းသံက ဆွတ်ဆွတ်ပြန့်ပြန့်။“မွန်း လွဲ ချိန် နေရောင်လည်း ကျ လုပြီ …” … အဆိုတော် လွှမ်းမိုး၏ တေးသံသည် မျက်ရည်မခိုင်သူကို ငိုကြွေးရန် တွန်းပို့နေပြန်သည်။ သြော် … ဒီနေ့ဆို အဖေဆုံးတာ ၁၉ နှစ် ရှိပြီပဲလို့ သူ တွေးနေမိသည်။ လက်ထဲက မှတ်စုစာအုပ်လေးကို ပိတ်ရင်း…
ကြယ် ကြည့် သူ
သူ ထမင်းစားပွဲရှေ့က ခုံမှာ ခနထိုင်လိုက်သည်။ နောက်တော့ ဘေးနားက ရေခဲသေတ္တာအဟောင်းလေးကို ကောက်ဖွင့်ပြီး ရေတစ်ဘူးယူသောက်လိုက်၏။ Mogu (ဂျယ်လီအချိုရည်) ဘူး ခပ်သေးသေးတွေထဲထည့်ထားသည့် အမေ့ရဲ့ ရေခဲရေ ခပ်အေးအေးက တချက်တချက် သောက်ရတာ သိပ်မဝ။ ဒုတိယမြောက်ရေဘူးကို အငမ်းမရသောက်ပြီးနောက် နံဘေးနံရံပေါ်က နာရီကို သူလှမ်းကြည့်လိုက်မိသည်။ နာရီလက်တံသည် ၁၀ နာရီနှင့် ၁၂ မိနစ်ကို ညွှန်ပြနေသည်။ “အော် မိုးတောင် အတော်ချုပ်ပါပေါ့လား” လို့ သူတွေးမိသည်။ တစ်ဖက်အိမ်က လွင့်ပြန်လာသည့် Myanmar Idols တီးလုံးသံသဲ့သဲ့ကိုလည်း ကြားလိုက်ရတော့မှ ဒီနေ့ သောကြာနေ့ဖြစ်မှန်း သူသတိထားမိသွားသည်။ အချိန်ကာလတွေ နေ့ရက် သတ်မှတ်ချက်တွေကို သူသတိမထားခဲ့မိတာ ကြာလေပြီ။ သူဝန်ထမ်းလောကကို စွန့်ခွာပြီးကတည်းက စာပေရေးသားခြင်းဖြင့် အသက်မွေးဖို့ ရည်ရွယ်ခဲ့သည်။ သူ…
အိမ်ယောင်ဆောင်တဲ့ အိမ်
“ဘာဟင်းရလဲ” ဆိုတဲ့ မေးသံကြောင့် ဒေါ်တူး တွေးလက်စ အတွေးတွေရပ်သွားတယ်။ “ထမင်းဖြူနဲ့ ချဉ်ပေါင်ကျော်ပဲ ကျန်တော့တယ်၊ ကလေး” လို့ ဒေါ်တူးတစ်ယောက် ကမန်းကတန်းဖြေလိုက်ရတယ်။ ဟင်းလာဝယ်တဲ့ ကောင်လေးက သူ့ကို အထူးအဆန်းဟန်နဲ့ ပြူးတူးပြဲတဲပြန်ကြည့်နေတာ မြင်လိုက်ရတော့ … “ဟင်းသီးဟင်းရွက်ဈေးတွေတက်လို့ ဟေ့ … ဟင်းတောင် မတင်နိုင်တော့ဘူး။ နောက်နေ့ဆို ဆိုင်တောင် ထွက်ချင်မှ ထွက်မှာ” လို့ စောင့်အောင့်ပြီးပြောလိုက်တယ်။ ဟိုဘက်လမ်း သံရည်ကြိုစက်မှာလုပ်တဲ့ ကောင်လေးခမျာမှာတော့ အူလည်လည်ပုံနဲ့ ချဉ်ပေါင်ကျော် ၁၀၀ ဖိုးနဲ့ ထမင်းဖြူ ၂ ထုပ်ဝယ်ပြီး ပြန်သွားလေရဲ့။ ဒီတော့မှပဲ ဒေါ်တူးလည်း သူ့တွေးလက်စ အတွေးကို ပြန်ဆက်ရတယ်။ မနေ့ကညနေပိုင်းဈေးသွားကတည်းက ကြက်သွန်ဈေးက တစ်ပိဿာ ၃၀၀၀၊ ၃၅၀၀ အထိ တက်နေတယ်။ အသားဟင်းတွေ…
ဆီကြေး(ဂျီး) နံ့ပျယ်လာသည့် ကားဝပ်ရှော့များ
မြောက်ဥက္ကလာ သုဓမ္မာလမ်းပေါ်ရှိ သူတို့ ဝပ်ရှော့လေးသည် များစွာပြောင်းလဲသွားလေပြီ။ ပြီးခဲ့သော နှစ်က မော်ဒယ်မြင့်ယာဉ်များ လာရောက်ပြင်ဆင်စဉ် အလုပ်တတ် မကိုင်တတ်အနေအထားကို သူတို့ကဲ့သို့ ကားဝပ်ရှော့စက်ပြင်ဆရာတို့ တဖြည်းဖြည်း ကျော်လွှားနေပြီဖြစ်သည်။ ဝပ်ရှော့လေးသာမက ဝပ်ရှော့မှ စက်ပြင်ဆရာ ကိုကျော်ကျော်သည်လည်း ပြောင်းလဲလာပြီ။ “မနှစ်က နှစ်လယ်လောက်က မှတ်မှတ်ရရ ကျွန်တော်တို့ရဲ့ ဝပ်ရှော့မှာ မော်ဒယ်မြင့်ကားတစ်စီးလာအပ်တယ်။ ကားကမော်ဒယ်အသစ် ပြဿနာက ကားချက်မီးလင်းနေတာ။ ဒါပေမယ့် ဘာလုပ်ရမှန်း မသိဘူး။” ဟု ကိုကျော်ကျော်(အမည်လွှဲ)က ၎င်း၏ မော်တော်ယာဉ်ပြုပြင်မှု အတွေ့အကြုံတစ်ခုကို ပြန်ပြောပြသည်။ “ချက်မီးလင်းတယ်ဆိုတာ ကွန်ပျူတာဘောက်စ်ကနေ Error ပြလိုက်တာ။ ဒါပေမယ့် အဲဒီအချိန်တုန်းက သိမှ မသိတာ။ အဲဒီတော့ ဘာလုပ်လိုက်လဲဆိုတော့ကာ အဲဒီမီးနဲ့ဆိုင်တဲ့ကြိုးကိုလိုက်ရှာတယ် ပြီးတော့ ဖြတ်လိုက်တယ်။ ပိုဆိုးသွားရော။ ကောင်းချင်လို့ပြင်မှ ပိုဆိုးသွားပါလေရော။” ဟု…
နေ့မင်းသားတို့ ပျော်စံရာ
အချိန်ကနေ့လည်ခင်း ဖြစ်နေသော်လည်းအခန်းအတွင်းမှောင်မိုက်ဓာတ်ကနေရာတော်တော်များများကို ကြီးစိုးထားသည်။ မှောင်မှိုင်းမှိုင်းအခန်းအတွင်းတွင် စူးရှတောက်ပသော Disco Light များကတလက်လက်တောက်ပနေသည်။ ခန်းမ၏ အလယ်တွင် စက်ဝိုင်းပုံစားပွဲငယ်တစ်ခုအခန့်သားရှိသည်။ စားပွဲငယ်၏ ဘေးပတ်ပတ်လည်ရှိလူငယ်ငါးဦးကတက်တက်ကြွကြွ ဟန်ပန်မျိုးဖြင့် တစ်စုံတစ်ရာကိုစောင့်မျှော်နေသလိုပင်။ အခန်းတွင်းရှိလူများအားလုံးကလှုပ်လှုပ်ရွရွဖြင့် သူတို့ကိုစိတ်ဝင်တစား ကြည့်နေကြသည်။ “Ready နော်။ 1, 2, 3 …စပြီ။” စင်မြင့်ပေါ်ရှိ DJ က အော်ဟစ်သတိပေးသံအဆုံးတွင် လူငယ်ငါးဦးတို့သည် စားပွဲငယ်ပေါ်ရှိ Jonny Walker အရက် သုံးပတ်စီထည့်ထားသောတစ်ခါသုံးပလတ်စတစ်ခွက်ငယ်ထဲမှ အရက်များကိုပိုက်ဖြင့် အလျင်အမြန်စုပ်ယူနေကြသည်။ ယင်းလူငယ်ငါးဦးထဲမှ အမြန်ဆုံးကုန်အောင် သောက်နိုင်သူသည် အနိုင်ရရှိမည်ဖြစ်သည်။ အနိုင်ရသူအတွက်လည်း Jägermeister ၁.၅ လီတာအရက်ပုလင်းတစ်တောင့်က ဒိုင်လုပ်သူ၏ လက်ထဲတွင် အဆင်သင့် ရှိနေသည်။ အထက်ပါမြင်ကွင်းမှာ Day Party များတွင် ကျင်းပလေ့ရှိသော Break Drink…
မြို့ပြရန်ကုန်၏ အမွေ
သူ့ဟန်က တစ်စုံတစ်ရာကို အလွန် စိုးရိမ်နေ သလို ပင်။ အဆောက်အအုံ တစ်ခုကို သေချာ ကြည့်နေ သည်။ အမှတ်တံဆိပ် သက်တမ်း နှစ် ၉၀ ကျော်ရှိ မာဘိုရို စီးကရက် တစ်လိပ်ကို မက်မက်မောမော ဖွာရှိုက်လိုက်ရင်း စိုးရိမ်တကြီး လေသံဖြင့် စကား စပြောသည်။ “နောက် ၂ နှစ်၊ သုံးနှစ်အတွင်း ဒီအဆောက်အအုံ တွေကို ဘယ်သူမှ ဘာမှ မကာကွယ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဒီအဆောက်အအုံတွေကို ဘယ် တော့မှ မြင်ခွင့်ရတော့မှာ မဟုတ်ဘူး” ဟု စိုးရိမ် တကြီး ဆိုလိုက်သူမှာ ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်ဦး ဖြစ်သည်။ ကုလသမဂ္ဂ…
လမ်းပျော် ဓာတ်ပုံဆရာကို Viewfinder မှ ကြည့်ခြင်း
“ကျွန်တော် ကိုယ့်ကိုယ်ကို Artist လို့ ပြောရတာ ရှက်တယ်” လက်ထဲက ဘီယာခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်သည်။ ပိန်ချောင်ချောင် မျက်နှာနှင့်မလိုက်လှစွာ သူ့မျက်လုံးတွေက အရောင်တောက်နေသည်။ မှန်သားခင်းထားသည့် စားပွဲခုံပေါ်တွင် ကျည်အပြည့်ဖြည့်ထားသည့် သေနတ်တစ်လက်လို ကင်မရာတစ်လုံးကို ဓားလွယ်ခုတ်ဟန်ဖြင့် ချထားသည်။ ပြောဟန်ဆိုဟန် ခြေဟန်လက်ဟန်ကလည်း Rapper ပုံ ပေါက်နေသေး၏။ သူက တွေးတွေးဆဆပုံစံဖြင့် ဆက်ပြောသည်။ “ကျွန်တော်က ဒီလို Street ဓာတ်ပုံတွေရိုက်နေရတာကို Passionate ဖြစ်တယ်။ ပျော်တယ်။ ဓာတ်ပုံဆိုတာကြီးက ပိုပြီး သိလာလေလေ ပိုပြီး နက်ရှိုင်းလာလေလေပဲဗျ” သူ့နာမည်ရင်းက မျိုးသော်ဖြစ်သည်။ တကယ်တမ်းဆိုရလျှင် သူနှင့် ကျွန်တော် အွန်လိုင်းမှတဆင့် သိကျွမ်းခဲ့သည်မှာ ၅ နှစ်ဝန်းကျင်ရှိပြီ။ Photo Rhymer ဟု Tag ထိုးထားသည့်…
