‘တောသားမြို့ရောက် အတွေ့အကြုံသစ်များ’ ကျွန်တော် အမေရိကကို စပြီးထွက်ခွာလာတဲ့နေ့က ၂၀၁၉ ဧပြီလ ၁၀ ရက်နေ့ပါ။ မင်္ဂလာဒုံလေဆိပ်ကနေ မနက်စောစော လေယာဉ်နဲ့ ဟောင်ကောင်ကို သွားပြီး အဲ့ဒီကနေတဆင့် LA ကို ၁၄ နာရီလောက် လေယာဉ်ထပ်စီးလာခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ရှေ့ဆောင်းပါးတွေမှာပြောခဲ့သလိုပဲ ဆန်ဒီယေဂိုမှာ ၂ ရက် ၃ ရက် နားပြီး၊ ဒီဒေသ ပတ်ဝန်းကျင်တွေကို လည်ပတ်လေ့လာခဲ့တယ်ဆိုပါတော့။ ဘယ်မှမသွားဖြစ်တဲ့ရက်တွေဆိုရင် အန်တီလဲ့တို့နဲ့အတူ ဈေးဝယ်ထွက်တဲ့အခါလည်း ထွက်ပေါ့။ နေ့စဉ်နေ့တိုင်းနီးပါး ညနေစောင်းပြီဆိုရင် အေးမြပြီး နေရောင်ဖြာနေတဲ့ ကာလီဖိုးနီးယား ညနေခင်းလေးတွေကို ဝိုင်လေး တစ်ခွက်၊ မက္ကဆီကို အကြော်မုန့်တစ်မျိုးဖြစ်တဲ့ ဆယ်လ်ဆာ (Salsa Chips) လေး လက်တစ်ဆုပ်၊ အမေရိကန်အကြိုက် အချဉ်ရည့် ဒစ်ပ် (Dip or…
Category: World
“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၃
‘ပထမကမ္ဘာရဲ့ ကောင်းကင်ဘုံ’ ကာဘရီယိုကနေ မြောက်ဘက်ကို ဆက်သွားရင် လဟိုယာ (La Jolla) ၊ ဒယ်လ်မာ (Del Mar) တို့လို နာမည်ကျော် သူဌေးမြို့လေးတွေကို ရောက်ပါမယ်။ လဟိုယာရဲ့ အမှတ်သင်္ကေတက တောင်ကုန်းခပ်နိမ့်နိမ့်တွေပေါ်မှာ ဆောက်ထားတဲ့ စပိန်တောင်ပိုင်းစတိုင် တိုက်ပုလေးတွေ၊ ယူကလစ်ပင်တွေ၊ ခြံစည်းရိုး စက္ကူပန်းပင်တွေ၊ စင်ရော်တွေ၊ ငှက်ကြီးဝန်ပိုတွေနဲ့ ပင်လယ်ဖျံတွေပါပဲ။ ကျွန်တော် လဟိုယာဘက်ရောက်ချိန်မှာတော့ ဖျံတွေ မတွေ့ခဲ့ရပါဘူး။ ဆန်ဒီယေဂိုကို ရောက်ပြီး ဒုတိယရက်မှာတော့ ကျွန်တော် လဟိုယာဘက်ကို ရောက်ဖြစ်ခဲ့တယ်။ လဟိုယာဟာ ဆန်ဒီယေဂိုမြို့ရဲ့ မြောက်ဘက် နယ်စပ်မျဉ်းပါ။ ၇ မိုင်ရှည်ပြီး စက်ဝိုင်းကွေးသဏ္ဍာန်ရှိတဲ့ ပစိဖိတ်ကမ်းရိုးတန်းနဲ့ ရှုမျှော်ခင်းကောင်းတဲ့ တောင်ကုန်း ခပ်ပြေပြေလေးတွေကို ပိုင်ဆိုင်ထားတာက လဟိုယာရဲ့ ပြယုဒ်ပါပဲ။ လဟိုယာရပ်ကွက်လမ်းတွေထဲ လျှောက်သွားရတဲ့အရသာက အတော်မိုက်ပါတယ်။…
“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၂
‘စစ်သားဟောင်းကြီးများ ဘယ်တော့မှ မသေ’ ကျွန်တော် ဆန်ဒီယေဂိုရောက်ချိန်က နွေဦးမို့ ရာသီဥတုက အတော်သာယာပြီး နေလို့ကောင်းတယ်။ ဆောင်းလေခပ်အေးတွေ ကျန်နေသေးသလို နေခြည်နွေးနွေးတွေလည်း ယှက်ဖြာနေတဲ့ကာလပေါ့။ တစ်နှစ်လုံးမှာ အသာယာဆုံးအချိန်လို့ လူတိုင်းပြောကြတယ်။ ဆန်ဒီယေဂိုကမ်းခြေဟာ မြင်သာအောင်ပြောရရင် ကလောနဲ့ ငပလီပေါင်းစပ်ထားသလိုပဲ။ ဒီဒေသမှာ နွေဦးကာလဆိုရင် လမ်းဘေးဝဲယာတွေမှာ အလေ့ကျပေါက်နေတဲ့ ခရမ်းသွေးရောင် ကာလီဖိုးနီးယားဘိန်းပန်းတွေ၊ ဒုဓလီပန်း ဝါဝါလေးတွေ၊ ပြာလဲ့လဲ့ ချီကိုရီပန်းလေးတွေပြည့်နှက်နေတတ်တယ်။ အထူးသဖြင့် ကာလီဖိုးနီးယားဘိန်းပန်း (California Poppy) လို့ခေါ်တဲ့ Eschscholzia Californica တွေဟာ မြို့ရဲ့နေရာအနှံ့မှာ အရောင်အသွေးစုံစုံနဲ့လှပလို့နေတော့တာပါပဲ။ အနီ၊ လိမ္မော်၊ အဝါနဲ့ ခရမ်းရောင်စသဖြင့် အရောင်အဆင်းအမျိုးမျိုးပွင့်တတ်တဲ့ ဒီပန်းတွေဟာ ကာလီဖိုးနီးယားပြည်နယ်ရဲ့ အထိမ်းအမှတ်ပန်းမျိုးစိတ်ပါ။ ၁၉၀၃ ခုနှစ်ကတည်းက သတ်မှတ်ခဲ့တာပေါ့။ ကာလီဖိုးနီးယားမှာတော့ ဒီပန်းကို အလေးထားကြသလို နာမည်လည်း…
“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၁
‘ငပလီ၊ ကလော၊ မြင်းခြံ’ လော့စ် အိန်ဂျယ်လိစ်လေဆိပ် (LAX – Los Angeles International Airport) ကို ရောက်တော့ ဒီမှာ ည ၁၂ နာရီထိုးနေပြီ။ အမေရိကန် အနောက်ဘက်ကမ်းရဲ့ အလုပ်အရှုပ်ဆုံး လေဆိပ်ကြီးဟာ ကိုယ့်အတွက်တော့ ကြီးကျယ်ခမ်းနားလွန်းလှတယ်။ ၁၉၃၀ ပြည့်နှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ဒီလေဆိပ်ကြီးဟာ ဧက ၃၅၀၀ ကျော်ကျယ်တယ်။ ၂၀၁၉ တစ်နှစ်တည်းမှာတင် ခရီးသည်ပေါင်း ၈၈ သန်းကျော်ဝင်ထွက်သွားလာခဲ့တယ်တဲ့။ ကိုယ်လည်းဒီအထဲမှာ တစ်ယောက်အပါအဝင်ပေါ့။ ကမ္ဘာပေါ်မှာ တတိယမြောက်အလုပ်အများဆုံးလေဆိပ်ကြီးပါပဲ။ လူဝင်မှုကြီးကြပ်ရေးဂိတ်ကို ဖြတ်ပြီးတော့ ပါလာတဲ့ သေတ္တာတွေကို သယ်ဖို့ Luggage Claim တဲ့နေရာမှာ စောင့်ရတယ်။ အမေရိကမှာ တစ်လလောက်နေမှာမို့ ကိုယ့်မှာလည်း ပါလာတဲ့ အထုပ်တွေက အများသားရယ်။ ဒီမှာပဲ…
COVID အလွန်ခေတ်အတွက် Next Normal စိန်ခေါ်မှု
အရင်ဆုံး မေးစရာရှိတာ Next Normal ဆိုတာ ဘာလဲဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ “The Next Normal” ဆိုတာက ထိပ်တန်းစီးပွားရေးသုတေသန အဖွဲ့အစည်း McKinsey က စတင်သုံးစွဲခဲ့တဲ့ စကားလုံးပါ။ လက်ရှိ COVID ကာလနဲ့ လာမယ့် COVID အလွန်ကာလတွေမှာ မဖြစ်မနေလက်ခံကျင့်သုံးရတော့မယ် ဒါမှမဟုတ် လိုက်နာရတော့မယ်လို့ ရှုမြင်ခြင်းခံထားရတဲ့ စီးပွားရေးနယ်ပယ်ရဲ့ သဘောသဘာဝလို့ ဆိုနိုင်ပါတယ်။ COVID-19 ကပ်ဘေးနဲ့ New Normal တို့က ပုံသွင်းပေးလိုက်တဲ့ အနာဂတ်ကမ္ဘာ့မြင်ကွင်းလို့လည်း ပြောလို့ရနိုင်ပါရဲ့။ တကယ်တမ်းအားဖြင့် Next Normal ဟာ COVID မတိုင်ခင်ကတည်းက စတင်ခဲ့တာပါ။ ကပ်ဘေးမတိုင်ခင်ကာလမှာကတည်းက တစ်ကမ္ဘာလုံးမှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရွှေ့ အရှိန်အဟုန်က အမြင့်ဆုံးဖြစ်နေခဲ့တာပါ။ ဒီကာလနဲ့ တိုက်ဆိုင်စွာဖြစ်လာတဲ့ COVID-19 ကပ်ဘေးနဲ့ နောက်ဆက်တွဲနေထိုင်မှုပုံစံ…
မြန်မာ့ အကျိုးစီးပွားနှင့် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း
The Belt and Road Initiative (BRI) ကို တချိန်တုန်းကတော့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (One Belt One Road) ဟု ခေါ်ဆိုခဲ့ကြဖူးသည်။ ၂၀၁၃ ခုနှစ်ရောက်မှ BRI ဟု ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ မည်သို့ပင် ခေါ်တွင်နေသည်ဖြစ်စေ တရုတ်တို့သည် ပိုးလမ်းမသစ် စီမံကိန်းကို စတင် အကောင်အထည်ဖော်နေပြီဖြစ်ပြီး မြန်မာအစိုးရအာဏာပိုင်များသည်လည်း ယင်းစီမံကိန်းအပေါ် မျက်စိကျနေကြသည်မှာ အမှန်ပင်။ BRI စီမံကိန်းသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းတစ်ခုဖြစ်ပြီး တရုတ်အစိုးရက အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာ့ဝင်ရိုး ချိန်ခွင်လျှာကို ထိန်းညှိနိုင်ရန် ရည်ရွယ်ထားသည့် အစီအမံတစ်ခုဖြစ်သည်။ ၂၀၁၃ ခုနှစ်ကတည်းက အခြေခံအဆောက်အအုံဆိုင်ရာ ကနဦး စီမံကိန်းများစတင်နေခဲ့ပြီး အာရှ၊ ဥရောပနှင့် အာဖရိကတို့ကို ချိတ်ဆက်ထားသည့် စီးပွားရေး…
