‘ဆန်ဒီယေဂိုအလွမ်း’ နေရောင်ခြည်ဟာ ပတ်ဝန်းကျင်တစ်ခွင်ကို ဖြာလဲ့လို့ ကျနေတယ်။ တိုက်ခတ်လာတဲ့ လေပြေညှင်းလေးကတော့ လိုအပ်တာထက်ပိုပြီး အေးစက်နေသလိုပဲ။ တောင်ကုန်းခပ်မြင့်မြင့်ပေါ်ကနေ ပစိဖိတ်သမုဒ္ဒရာ ရေပြင်ကျယ်ကြီးကို လှမ်းငေးနေရတာကို ကျွန်တော် အမြဲတမ်းသဘောကျခဲ့တာ။ တစ်ချက်တစ်ချက် ခပ်သော့သော့ကလေးတိုက်ခတ်လာတတ်တဲ့ လေအဟုန်မှာ အင်နဲ့အားနဲ့ ရွက်တိုက်ဖို့ ချိန်ကိုက်စောင့်နေတဲ့ ရွက်လှေငယ်လေးတွေကလည်း ရေပြင်ပြာပြာအနှံ့မှာ ဟိုတစ်စီး ဒီတစ်စီးရယ်။ ကျွန်တော့်အတွေးထဲမတော့ ဒီမြင်ကွင်းကို သိပ်မကြာခင်မှာ ခွဲခွာရတော့မယ့်အကြောင်းတွေးရင်း လွမ်းသလိုလို။ ကျွန်တော် အိမ်ပြန်ရမယ့်ရက်နဲ့ နီးကပ်လာနေပြီမဟုတ်လား။ အယ်လ်အေကနေ နောက်ဆုံးတစ်ခေါက်ပြန်လာပြီးတဲ့နောက်မှာ ကျွန်တော် ဆန်ဒီယေဂိုက ကိုယ်မရောက်ဖြစ်သေးတဲ့ နေရာတွေကို ဆက်ပြီးသွားတယ်။ မရောက်ဖူးတဲ့နေရာတွေဆီသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာခဲ့ပေမယ့် တကယ်တမ်းစပြီးရောက်ခဲ့တာက ဆန်ဒီယေဂိုကို ရောက်ရောက်ချင်း ပထမဆုံးသွားပြီး လည်ပတ်ခဲ့ဖူးတဲ့ ကာဘရီယိုအထိမ်းအမှတ် ရုပ်ထုကြီး (Cabrillo National Monument) ဆီပေါ့။ ပြောရရင်…
Category: World
“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၁၃
‘ကန္တာရ ခရီးသည်’ နိုင်ရာဂရာမှာ ၂ ရက်နေပြီးတဲ့နောက်မှာတော့ ဆန်ဒီယေဂိုကို ပြန်ဖို့ ဘက်ဖလိုကို Uber တက္ကစီငှားပြီး ပြန်လာပါတယ်။ ဟိုတယ်ကိုလာကြိုတဲ့ တက္ကဆီ ဒရိုင်ဘာက စပိန်လူမျိုးတစ်ယောက်ပါ။ ကျူးဘားကနေတဆင့် အမေရိကန်မှာ လာအခြေချနေထိုင်သူပါတဲ့။ လမ်းတစ်လျှောက်လုံးသူနဲ့ စကားစမြည်ပြောဖြစ်တော့ နိုင်ရာဂရာဟာ နေဖို့ မသင့်တော်တော့တဲ့ အရပ်လို့ သူကဆိုပါတယ်။ လမ်းမှာထင်ထင်ရှားရှားမြင်တွေ့နိုင်တဲ့ နိုင်ရာဂရာမြစ်ကမ်းပါးက ရေအားလျှပ်စစ် စီမံကိန်းစက်ရုံကြီးကိုပြပြီး ဒါကြီးကြောင့် နိုင်ရာဂရာပျက်စီးနေတာလို့ ဆိုပါတယ်။ ဒီရေအားလျှပ်စစ် စီမံကိန်းကနေပြီးတော့ ကနေဒါနဲ့ အမေရိကန်ကို လျှပ်စစ်ဓာတ်အားအဓိက ပံ့ပိုးပေးနေတာဖြစ်ပေမယ့် ဒီစီမံကိန်းကြောင့်ပဲ ပတ်ဝန်းကျင် ဂေဟစနစ်ပျက်ယွင်းရပြီး နိုင်ဂရာမြစ်ထဲမှာ ငါးမျိုးစိတ်တွေ ကုန်သလောက်ဖြစ်နေပြီလို့ သူက ပြောပြပါတယ်။ နိုင်ရာဂရာကနေအထွက် ဘက်ဖလိုဘက်ကို အသွား နိုင်ရာဂရာမြစ်ကို တံတားကနေတဆင့် ဖြတ်ကူးတော့ မြစ်ကြောင်းထဲမှာ ရေတွေညစ်ညမ်းနေတာကို မြင်ခဲ့ရပါသေးတယ်။…
“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၁၂
‘ရေခဲမြစ်ကမ်းက အချမ်းဇာတ်’ ဝါရှင်တန်ကနေ မြောက်ပိုင်းက နိုင်ရာဂရာဘက်ကို သွားဖို့အတွက်ဆိုရင် နယူးယောက်ခ်ပြည်နယ်ကို ပြန်ဖြတ်ရပါတယ်။ အချိန်လည်း နည်းနည်းလင့်လာပြီဖြစ်တာမို့ လမ်းမှာတစ်ညဝင်အိပ်ပြီး နောက်တစ်နေ့ မနက်ရောက်တော့မှ နာမည်ကျော် ကော်နင်း မှန်စက်ရုံတည်ရှိရာ ကော်နင်းကို ဆက်သွားပါတယ်။ ဒီကနေတဆင့် နိုင်ရာဂရာဆီ ခရီးဆက်ရမှာကိုး။ ကေ်ာနင်းဟာ စမတ်ဖုန်းလက်ထဲမှာ ရှိသူတိုင်းနီးပါး ရင်းနှီးနေတဲ့ စကားလုံးတစ်ခုဖြစ်ပါတယ်။ လူဦးရေ ၁ သောင်းစွန်းစွန်းသာရှိပြီး အေးအေးချမ်းချမ်းရှိလှတဲ့ ဒီမြို့လေးဟာ Corning Inc. အခြေစိုက်ရာ မြို့လေးဖြစ်ပါတယ်။ ကော်နင်းဟာ ကမ္ဘာ့စမတ်ဖုန်းလောကကို မြေလှန်ပစ်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ နာမည်ကြီး အမှတ်တံဆိပ် စမတ်ဖုန်းတိုင်း သူနဲ့ ကင်းနိုင်တာ ခပ်ရှားရှားရယ်ပါ။ သူတို့ရဲ့ ကော်နင်း ဂေါ်ရီလာ ဂလက်စ် (Corning Gorilla Glass) တွေဟာ စမတ်ဖုန်းအများစုမှာ အသုံးပြုနေတဲ့…
“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၁၁
‘အိမ်ဖြူတော်ကို တရုတ်တွေဝိုင်းထားပြီ’ ဖီလာဒဲဖီးယားနဲ့ ဝါရှင်တန်က မိုင် ၁၄၀ စွန်းစွန်းပဲ ဝေးတာမို့ ကားနဲ့သွားရင် ၂ နာရီခွဲကျော်ကျော်ပဲ မောင်းရပါတယ်။ ဖီလာဒဲဖီးယားမှာ အချိန်သိပ်မကုန်ခဲ့တော့ နေရောင်ကောင်းကောင်းရနေချိန်မှာ ဝါရှင်တန်ကို ခြေချနိုင်ခဲ့တယ်။ ဝါရှင်တန်ရောက်တော့ နေအတော်မြင့်နေပြီဆိုပေမယ့် ရာသီဥတုကတော့ အေးနေဆဲပါ။ ဝါရှင်တန်ရောက်ရောက်ချင်း အရင်ဆုံး ဝင်တာကတော့ ယူအက်စ် ကက်ပီတော်လ် (United States Capitol) အဆောက်အအုံဆီပါ။ ကက်ပီတော်လ်၊ ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင် (Washington Monument) နဲ့ လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံ (Lincoln Memorial) တို့က မျဉ်းဖြောင့်အတိုင်း တစ်တန်းတည်း တည်ရှိနေတာဖြစ်ပြီးတော့ အလယ်မှာ နေရှင်နယ်မောလ် (National Mall) ဆိုတဲ့ မြက်ခင်းရင်ပြင်ကျယ်ကြီး ရှိပါတယ်။ နေရှင်နယ် မောလ်ရဲ့ ဘယ်ညာ နှစ်ဘက်မှာတော့ စမစ်ဆိုနီယမ်…
“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၁၀
‘ဂရိအမည်နဲ့ ငြိမ်းချမ်းချင်သူတွေရဲ့ မြို့’ နယူးယောက်ခ်မှာ ၂ ည နေပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းဝင်မြို့ဖြစ်တဲ့ ဖီလာဒဲလ်ဖီးယားနဲ့ မြို့တော်ဖြစ်တဲ့ ဝါရှင်တန် ဒီစီ (Washington, D.C.) ကို ခရီးဆက်ပါတယ်။ နယူးယောက်ခ်မှာ ၂ ည ဆိုပေမယ့်တစ်ညက နယူယောက်ခ်အပြင်ဘက်က အက်ဒီဆင်မှာ နေတာပါ။ အက်ဒီဆင်ဆိုတာ နယူးယောက်ခ်မြို့နဲ့ မလှမ်းမကမ်းမှရှိပေမယ့် နယူးဂျာစီပြည်နယ်ထဲက မြို့လေးတစ်မြို့ဖြစ်ပြီး ခမ်းနားကြီးကျယ်ပြီး ရှုပ်ထွေးလှတဲ့လူနေမှုပုံစံနဲ့ ခေတ်မှီမြို့ပြဖွဲ့စည်းပုံမျိုးလည်း မရှိပါဘူး။ ဒါပေမယ့် ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့သလိုပဲ သမိုင်းတန်ဖိုးကြီးမားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့မြို့ငယ်လေးတစ်ခုပါ။ မြို့လေးက အေးအေးဆေးဆေးနဲ့ ဆိတ်ဆိတ်ငြိမ်ငြိမ်ရှိလှပြီးတော့ လူနေအိမ်ခြေလဲကျဲပါးပါတယ်။ နယူးယောက်ခ်လို ပွက်လောရိုက်နေတဲ့မြို့နဲ့ မလှမ်းမကမ်းလေးမှာတင် ဒီလို အေးအေးဆိတ်ဆိတ်မြို့လေးတစ်မြို့ရှိနေတာ အံ့သြစရာပါ။ နောက်ထပ် အံ့သြစရာက ဒီမြို့မှာ မြန်မာတွေ ရှိတာပါပဲ။ နောက်တစ်နေ့မနက် ခပ်စောစောမှာတော့…
“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၉
‘ပန်းသီးစားကြသူများ – ၂’ နောက်တစ်နေ့မှာတော့ မနက်အစောပိုင်းထဖြစ်တယ်။ ဒီနေ့ကတော့ Tour ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ပေါ့။ ဟိုတယ်ကနေ စောစောလေး ထွက်ခဲ့ပြီး လူသူများတဲ့ ဝေါလ်စထရိ (Wall street) ကို အရင်ဆုံး သွားဖြစ်တယ်။ လူတိုင်းဟာ အနောက်တိုင်းဝတ်စုံကို ချပ်ချပ်ရပ်ရပ်ဝတ်ပြီး လက်ဆွဲအိတ်လေးကိုင်ကာ ဒီလမ်းထဲ ဝင်ဝင်သွားကြတာကို ထိုင်ကြည့်နေရတာကလည်း အရသာတစ်မျိုးပါပဲ။ ဒီဝတ်စုံပြည့်လူတွေဟာ နယူးယော့ခ် စတော့အိတ်ချိန်းက စတော့ခ်ရှယ်ယာ ပွဲစားတွေပါ။ ဝေါလ်စထရိလမ်းထဲမှာက နယူးယောက်ခ် စတော့အိတ်ချိန်းအပြင် ဖက်ဒရယ်ခန်းမ (Federal Hall National Memorial) လည်း ရှိပါတယ်။ အမှတ် ၄၀၊ ဝေါလ်စထရိကတော့ နာမည်ကျော် ထရမ့်ပ်အဆောက်အအုံ (Trump Building) တည်ရှိတဲ့ နေရာပေါ့။ စတော့ခ် အိတ်ချိန်းပတ်ဝန်းကျင်မှာတော့ ခပ်စုတ်စုတ် လမ်းဘေးဈေးသည်တွေ…
“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၈
‘ပန်းသီးစားကြသူများ – ၁’ လေယာဉ် သိမ့်ခနဲတုန်သွားတာမို့ ကျွန်တော် လန့်ပြီးနိုးလာခဲ့တယ်။ ပြတင်းတံခါးကလှမ်းကြည့်လိုက်တော့ တိမ်တောင်တိမ်သားတွေကလွဲပြီး ပတ်ဝန်းကျင်မှာ ဘာမှမရှိ။ ဝန်းကျင်ပတ်ပတ်လည်မှာ တိမ်တွေ ကြားမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ မလင်းတလင်း ကောင်းကင်ပြင်ကြီးပဲ ရှိတယ်။ အချိန်က မနက် ၅ နာရီကျော်ပဲရှိသေးတယ်။ မျက်စိရှေ့က တီဗီစခရင်မှာ နယူးယောက်ခ် (New York) ကို ရောက်ဖို့ ၁ နာရီနီးပါးလိုသေးကြောင်းပြနေတာမို့ စခရင်ပေါ်ကတခြား Feature တွေကို တခုချင်း ပြောင်းကြည့်နေမိတယ်။ ရုပ်ရှင်ကြည့်ရမလား ဂိမ်းပဲဆော့ပြီး အချိန်ဖြုန်းရမလား မဝေခွဲတတ်။ လေယာဉ်ပေါ်မှာ Wifi သုံးလို့ရပေမယ့် Social Media App တွေလောက်ပဲ သုံးခွင့်ရှိတာမို့ မသုံးဖြစ်ပါဘူး။ စိတ်ကြိုက်သုံးလို့ရတဲ့ အင်တာနက်ကို လေယာဉ်ပေါ်မှာ ဝယ်သုံးလို့ရပေမယ့် ဈေးအတော်လေးကြီးတယ်လေ။ ယိုဆမ်မတီကနေ…
“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၇
‘တိမ်တိုက်တံတား ရေတံခွန်များ’ တူးရစ်ကားရဲ့ ပြတင်းတံခါးကနေ နံဘေးကမြင်ကွင်းတွေကို ကြည့်မိတော့ တဝေါဝေါသောသောနဲ့ ဝါးလုံးထိုးစီးနေတဲ့ ချောင်းငယ်လေးကို လှမ်းမြင်နေရတယ်။ ရေအလျှင်က မြန်သလို ကျယ်လောင်လှတဲ့ ချောင်းရေစီးသံဟာ အလုံပိတ်တူးရစ်ကားကြီးထဲကတောင် ကြားနေရတာပါ။ တစ်ခြားတစ်ဘက်ခြမ်းမှာတော့ ထင်းရူးပင်တွေဖုံးလွှမ်းနေတဲ့ တောင်ကမ်းပါးရံကြီးဟာ မိုးထိအောင် မြင့်မြင့်မားမား။ နေရောင်ခြည်ဟာလည်း လင်းတလှည့်ပျောက်တလှည့်နဲ့ သစ်ပင်အုပ်ကြားထဲ ရုံးမထွက်နိုင်ဟန်တူပါရဲ့။ ဖုန်းကို ရုတ်တရက်ကြည့်မိတော့ အင်တာနက်လိုင်း မမိတော့တာ သတိထားမိတယ်။ စမတ်ဖုန်းက နာရီမှာ မနက် ၉ နာရီလို့ ပြနေပြီး အပူချိန်ကလည်း ၁၄ ဒီဂရီ ဆဲလ်စီးယပ်စ်တဲ့။ ကမ္ဘာကျော် ယိုဆမ်မတီ အမျိုးသား ဥယျာဉ် (Yosemite National Park) ကိုတော့ ရောက်လာခဲ့ပြီ။ LA က ထွက်လာတုန်းကနဲ့ ရာသီဥတုမတူတော့။ ဒီမှာက သစ်ရိပ်ဝါးရိပ်တွေအပြင်…
“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၆
‘အိမ်ခြေမဲ့တို့ရဲ့နတ်မြို့တော်’ ကျွန်တော်နဲ့ လော့စ်အိန်ဂျယ်လိစ် (Los Angeles) က အတော် ကံစပ်ပုံပါပဲ။ ရက် ၂၀ လောက် ကာလအတွင်းမှာ ၇ ကြိမ်တောင် ရောက်ခဲ့ရလို့ပါ။ LA ကို ပထမအကြိမ် ရောက်ဖူးတုန်းက ဟောင်ကောင်ကနေ အမေရိကကို အလာတုန်းက LAX လေဆိပ်ကို ခနဝင်ခဲ့ရုံ သက်သက်ပါ။ ဒုတိအကြိမ်ကတော့ အသိမိတ်ဆွေတွေနဲ့တွေ့ဖို့ ဆန်ဒီယေဂိုကနေ LA ကို တနေ့တာသွားလည်ခဲ့ချိန်မှာ ဖြစ်ပါတယ်။ အဲ့တုန်းကတော့ အဲ့ဒီ ခရီးစဉ်အကြောင်း ရှေ့ဆောင်းပါးမှာ တစ်ချို့တစ်ဝက်ထည့်ရေးခဲ့ပါသေးတယ်။ အဲ့ဒီ တစ်ခေါက်ရောက်စဉ်တုန်းက ဟောလီးဝုဒ်နဲ့ ဂရစ်ဖစ်သ် အာကာသစောင့်ကြည့်ရေးစခန်း (Griffith Observatory) တို့ဆီကိုပဲ သွားဖြစ်ခဲ့တာပါ။ ရှေ့ဆောင်းပါးမှာ Griffith Observatory အကြောင်းကို သေချာထည့်မပြောဖြစ်ခဲ့တာမို့ နည်းနည်းလောက် ပြောပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့…
“ကာဘရီယိုမှ မက်ဟက်တန်သို့” ကန့်လန့်ဖြတ် အမေရိကခရီး – ၅
‘ရွှေတံတား၊ ဘာကလေနဲ့ အနောက်ကမ္ဘာက အာရှမြို့’ မြန်မာပြည်မှာတုန်းက တောထဲတောင်ထဲ မရောက်ဘူးတဲ့ ကျွန်တော်ဟာ ကာလီဖိုးနီးယားကိုရောက်မှ မျက်စိတဆုံးကျယ်ပြောလှတဲ့သစ်တောကြီးတွေကို မျက်ဝါးထင်ထင် စမြင်ဖူးရတယ်။ ဆန်ဒီယေဂိုကနေ ဆန်ဖရန်စစ္စကိုမြို့ (San Francisco) ကို လေယာဉ်နဲ့သွားတာပါ။ ဆန်ဖရန်စ္စကို အနီးနားကိုရောက်ကတည်းက စိမ်းစိုနေတဲ့ထင်းရူးတောကြီးတွေ အထပ်ထပ်ဖုံးနေတဲ့ တောင်ကုန်းတောင်တန်းကြီးတွေအကြား တိမ်မျှင်တိမ်သားတွေ မျောလွင့်ယှက်နွယ်နေပုံကိုမြင်ရတာဟာ ဘာနဲ့မှမတူတဲ့ စိတ်ငြိမ်းချမ်းမှုကို ခံစားရစေပါတယ်။ ဆန်ဖရန်စစ္စကို လေဆိပ်ကိုရောက်ပြီဆိုတာနဲ့ အရင်ဆုံးမြင်ရမှာကတော့ အာရှသားတွေပါပဲ။ အာရှနိုင်ငံတစ်ခုကို ရောက်နေသလိုကို ထင်မှတ်မှားစရာပါ။ လေဆိပ်သန့်ရှင်းရေးကနေစပြီး ဖိနပ်တိုက်သမား၊ အနှိပ်သည်၊ အရောင်းဝန်ထမ်း၊ ဆောက်လုပ်ရေး အလုပ်ကြမ်းသမားသာမက ရဲ၊ စစ်သား၊ လူမှုဝန်ထမ်းအရာရှိနဲ့ အကောက်ခွန်အရာရှိတွေအထိ အာရှမျက်နှာပေါက်နဲ့ လူတွေချည်း မြင်ရပါလိမ့်မယ်။ ကာလီဖိုးနီးယားပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဆန်ဖရန်စစ္စကိုမှာ ဘယ်လောက်တောင် အာရှသားများသလဲ ပြောပြဦးမယ်။ ရောက်ရောက်ချင်း…
