ပြည်ပ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီများ လုပ်ငန်းများစတင်နေကြပြီဖြစ်သည်။ ပြည်တွင်းမှ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် ရတနာပုံတယ်လီပို့ကလည်း လိုင်စင်ရယူရန်နှင့် ပြည်ပမိတ်ဖက်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းရန် ဆောင်ရွက်နေပြီး နောက်ဆုံးအခြေအနေသို့ရောက်ရှိနေပြီဟု ဆိုထားသည်။ လက်ရှိ တစ်ဦးတည်း အော်ပရေတာ လုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာ့ဆက်သွယ်ရေးကလည်း ပြည်ပ အင်အားကြီး ဆက်သွယ်ရေးကုမ္ပဏီ တစ်ခု နှင့် ပူးပေါင်းရန် ပြင်ဆင်နေသည်။ အများပြည်သူမျှော်လင့်နေသော နိုင်ငံတကာအဆင့်မှီဆက်သွယ်ရေးဝန်ဆောင်မှုများသည် မကြာမတင်ကာလအတွင်း ပြည်တွင်းတွင် စတင်နိုင်မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည် ပြိုင်ဆိုင်မှုရှိသည့် ဆက်သွယ်ရေးဈေးကွက်သစ်တစ်ခု ပေါ်ထွက်လာတော့မည်ဖြစ်သည်။ နိုင်ငံတကာအဆင့်မှီဟု အပြိုင် အဆိုင်ပြောနေကြသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြည်သူများသာ မက ဈေးကွက်ကပါ မျှော်လင့်နေပြီဖြစ်သည်။ မိုဘိုင်းဖုန်းဈေးကွက်အတွင်း ဝန်ဆောင်မှုနှင့် ရောင်းချမှု ပုံစံများ ပြောင်းလဲလာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ဘာတွေပြောင်းလာနိုင်သလဲ လက်ရှိပြည်တွင်းတွင် SIM Card…
Category: Technology
၂၀၁၃ မှစ၍
၂၀၁၃ ဆိုသော နှစ်တစ်နှစ်သည် ကုန်ဆုံးခဲ့ပြီဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် အပြောင်းအလဲများ အသီးသီးဖြစ်ပေါ်ခဲ့ကြသည်။ လောကနိယာမသဘောအရ အကောင်း၊ အဆိုးဒွန်တွဲနေသော်လည်း အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲများ အများစုဖြစ်ပေါ်လာခဲ့သော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ အထူးသဖြင့် ယခင်က နာတာရှည်ရောဂါတစ်ခုကဲ့သို့ တိုင်းပြည်၏ အဓိကအားနည်းချက်တစ်ခုသဖွယ် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော လက်ဝါးကြီးအုပ်မှု၊ ခြစားမှုများနှင့် အခြေခံအဆောက်အအုံအားနည်းချက်များဖြင့် ရောပျွမ်းရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကဏ္ဍတွင် ကြီးမားသော အပြောင်းအလဲများဖြစ်ပေါ်လာခဲ့သည်။ လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ အာဏာရလာပြီး နောက်ပိုင်း နိုင်ငံတကာတွင် မြန်မာနိုင်ငံသည် အံ့အားသင့်ဖွယ်ရာ အပြောင်းအလဲများကို ဖန်တီးပြနိုင်ခဲ့သောနိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေးဇာတ်ခုံပေါ်သို့ ပြန်လည် တက်လှမ်းလာခဲ့သည်။ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး စသည့် ကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းအားထုတ်မှုများနှင့် အခြေခံအဆောက်အအုံကဏ္ဍ…
၂၀၁၄ နှင့် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာ နှစ်ခု
သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍသည် ကမ္ဘာတစ်ဝှမ်းတွင် အချိန်နှင့်အမျှ လျှင်မြန်စွာ ပြောင်းလဲနေသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ ထို့အတူ မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည်လည်း အရှိန်အဟုန်ဖြင့် အလျှင်အမြန်ပြောင်းလဲလာနေသည်။ ၂၀၁၁ ခုနှစ်မှ စတင်၍ အစိုးရက မိုဘိုင်းဖုန်း SIM Card ဈေးနှုန်းများကို တဖြည်းဖြည်းခြင်းလျှော့ချပေးခဲ့ပြီး ၂၀၁၃ တွင်မှု အလှည့်အပြောင်း အဖြစ် နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများကို ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူ၍ ဆက်သွယ်ရေးကဏ္ဍကို အကြီးအကျယ်ပြောင်းလဲပစ်ခဲ့သည်။ နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီ နှစ်ခု ဖြစ်သော တယ်လီနော်နှင့် အော်ရီဒူးတို့ တင်ဒါအောင်မြင်ခဲ့ပြီးနောက် အဆိုပါကုမ္ပဏီများက မိမိတို့ လုပ်ကိုင်မည့် အစီအစဉ်များကို ကြိုတင်ကြေညာကြထားကြပြီး ပြည်သူများကလည်း ဈေးနှုန်းသက်သာခြင်း၊ နိုင်ငံတကာအဆင့်မှီ ဝန်ဆောင်မှုများ ပေးအပ်သွားမည်ဆိုခြင်းတို့ကြောင့် ဝန်ဆောင်မှုများမပေးမှီမှာပင် အဆိုပါကုမ္ပဏီများအပေါ် သဘောကြနှစ်ခြိုက်နေကြသည်။ ယင်းအနေအထားသည် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရန်မလိုအပ်ပဲ အော်ပရေတာလုပ်ကိုင်ခွင့် တစ်နေရာစီရရှိနေသော…
စမတ်ဖုန်းခေတ်
အသက်နှစ်ဆယ့်သုံးနှစ်အရွယ်လူငယ်တစ်ဦးဖြစ်သူ ကိုထက်ထက်လတ်က နာမည်ကျော် မိုဘိုင်းဖုန်းအရောင်းဆိုင်ကြီးတစ်ခုအတွင်းတွင် အရောင်းဝန်ထမ်းအမျိုးသမီးလေး ရှင်းပြနေသည်များကို စိတ်ပါဝင်စားစွာနားထောင်နေသည်။ အရောင်းဝန်ထမ်း အမျိုးသမီးလေးရှင်းပြပြီနောက် သူက စိတ်ကျေနပ်သွားသည့် ဟန်ပန်ဖြင့် မိုဘိုင်းဖုန်းကို ဝယ်ယူလိုက်သည်။ “ကျွန်တော့်မှာ ရှိတဲ့ပိုက်ဆံ သုံးသိန်းကျော်လောက်နဲ့ Screen ကျယ်ကျယ် Hardware ကောင်းကောင်းနဲ့ဆိုရင် ဒီဖုန်း သင့်တော်မယ်ထင်တယ်” ဟု သူအသစ်ဝယ်ယူလာသည့် တက်ဘလက်နှင့် ဖုန်း နှစ်မျိုးစလုံး အသုံးပြုနိုင်သော Galaxy Tab 3 ဖုန်းကိုကိုင်ရင်း သူကဆိုသည်။ မိုဘိုင်းဖုန်း SIM Card များဈေးနှုန်းလျော့ကျလာပြီးနောက်ပိုင်း ယခုမြင်ကွင်းမျိုးသည် ရန်ကုန်မြို့တွင် မထူးခြားတော့သော မြင်ကွင်းတစ်ခုသာဖြစ်သည်။ “အခုနောက်ပိုင်း ဟန်းဆက် အများဆုံးဝယ်တာက လူငယ်အများစုပါပဲ။ နိုင်ငံတကာမှလည်း ဒီလိုပဲ။ လူငယ်တွေက အဓိက မိုဘိုင်းဖုန်းအသုံးပြုသူတွေပဲလေ။” ဟု ရန်ကုန် မြောက်ဥက္ကလာရှိ Star…
မြန်မာ့ဆက်သွယ်ရေး နွေဦး
ဇွန်လ ၂၇ ရက် ရုံးခန်းတစ်ခုလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေသည်။ တာဝန်ရှိသူအချို့ ခန်းမထဲတွင် လူစုရန်ပြောကြားသောကြောင့် သူမ စိတ်လှုပ်ရှားစွာ လိုက်ပါသွားသည်။ သို့သော် လူကြီးများ၏ မျက်နှာ အနည်းငယ်ပျက်နေသောကြောင့် သူမစိုးရိမ်မိလာသည်။ အခန်းထဲသို့ အားလုံးရောက်ပြီး လူစုံသောအခါတွင် အမှုဆောင်အဖွဲ့ဝင်တစ်ဦးက “ဆက်သွယ်ရေးတင်ဒါ ကျွန်တော်တို့ မရဘူး” ဟု စိတ်မပါတပါနှင့် ပြောလိုက်သည်။ သူ့စကားဆုံးသည်နှင့် အခန်းထဲတွင် ဝုန်းခနဲ ပွက်လောရိုက်သွားသည်။ တစ်ချို့က ငိုကြသည်။ တစ်ချို့ က စိတ်ပျက်လက်ပျက်ဖြင့် ခန်းမ အပြင်ထွက်သွားပြီး မိမိနေရာ မိမိပြန်ထိုင်ပြီး ငူငူငိုင်ငိုင်ဖြင့်ဖြစ်ကုန်ကြသည်။ “မနက်ပိုင်းကတည်းက သတင်းတွေက အမျိုးမျိုးထွက်နေတာ။ ကိုယ့်ကုမ္ပဏီနာမည်ပါပေမယ့် တရားဝင်မဟုတ်သေးတော့ မပြောသေးဘူး။ စောင့်ကြည့်နေကြတာပေါ့။ အားလုံးကို ခန်းမထဲခေါ်ပြီး လိုင်စင်မရတော့ဘူးလို့ ပြောလိုက်တဲ့ အချိန်မှာ ငိုချလိုက်ကြတာ။ ဝမ်းနည်းပက်လက်ပဲ။”…
၂၀၁၄ ဆက်သွယ်ရေး ဗိုလ်လုပွဲ
ပုဆိန်ရိုးဟု အခေါ်ခံရမည်လား မဆိုတတ်၊ လက်ရှိဆက်သွယ်ရေး ဝန်ဆောင်မှုများကို စိတ် ပျက်နေပြီ ဖြစ်သည့် မြန်မာလူထုကမူ ပြည်ပ ဖုန်းကုမ္ပဏီနှစ်ခုကို မျှော်တလင့်လင့် ရှိနေပြီ ဖြစ်သည်။ နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီ နှစ်ခုဖြစ်သော တယ်လီနောနှင့် အော်ရီဒူးတို့ တင် ဒါ အောင်မြင်ခဲ့ပြီးနောက် အဆိုပါ ကုမ္ပဏီများက မိမိတို့လုပ်ကိုင်မည့် အစီအစဉ်များကို ကြို တင် ကြေညာထားကြပြီး ပြည်သူများကလည်း ဈေးနှုန်းသက်သာခြင်း၊ နိုင်ငံတကာ အဆင့်မီ ဝန်ဆောင် မှုများ ပေးအပ်သွားမည် ဆိုခြင်းတို့ကြောင့် ဝန်ဆောင်မှုများ မပေးမီမှာပင် မဆွတ်ခင် ညွတ်နေကြသည့် သဘောရှိသည်။ ယင်းအနေအထားသည် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်ရန် မလိုအပ်ဘဲ အော်ပရေတာ လုပ်ကိုင်ခွင့် တစ်နေရာစီ ရရှိနေသော ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းနှစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး…
CDMA ခေတ်ကုန်ပြီလား
ကိုကျော်ကျော်တစ်ယောက် လက်ထဲကဖုန်းကိုတစ်ချက်ကြည့်လိုက်သည်။ သူသည် မိုဘိုင်းဖုန်းအရောင်းဆိုင် တစ်ခုအတွင်းရောက်နေခြင်းဖြစ်ပြီး ဆိုင်ဝန်ထမ်းအမျိုးသမီးများရှင်းပြသည်ကို နားထောင်ရင်း သူနည်းနည်း စိတ်ညစ်သွားသည်။ “၁၅၀၀ တန် CDMA ဖုန်းတွေက Handset သိပ်များများရွေးစရာမရှိဘူး။ ဒါဆောင်ကျွန်တော်တို့က CDMA 800 MHz မို့လို့။ 450 ကိုင်တဲ့သူတွေဆိုရင် Smart Phone တောင်ကိုင်လို့မရဘူး။” ဟုသူကဆိုသည်။ လူငယ်တစ်ယောက်ပီပီ ဖုန်းကောင်းကောင်းသုံးချင်သော်လည်း ၁၅၀၀ တန် မိုဘိုင်းဖုန်းများသည် CDMA ဖုန်းများဖြစ်နေသည့်အတွက် နာမည်ကျော် အမှတ်တံဆိပ် မိုဘိုင်းဖုန်းများကို သုံးစွဲခွင့်မရဖြစ်နေသည်။ သို့သော် MEC Tel မှ ချထားပေးသည့် ယင်း ၁၅၀၀ တန် ဖုန်းများသာမက မြန်မာ့ဆက်သွယ်ရေးက ယခင်ချထားပေးထားသည့် CDMA 800 MHz နှင့် CDMA 450 MHz…
ကမ္ဘာကျော် ဆက်သွယ်ရေးကုမ္ပဏီများ အပြိုင်လုနေသည့် နှစ်နေရာ
အစိုးရက နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားသည့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများကို ပုဂ္ဂလိက ကုမ္ပဏီလေးခုသို့ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ရာ ကျန်ရှိနေသည့် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် နှစ်နေရာအတွက် ကမ္ဘာကျော် ဆက်သွယ်ရေး ကုမ္ပဏီများ လုပ်ကိုင်ခွင့်ရရှိရန် အပြိုင်အဆိုင်ဆွဲဆောင် လာကြသည်။ လက်ကျန်နှစ်နေရာအတွက် စကာတင်ရွေးချယ်ခံထားရသော ဆက်သွယ်ရေးကုမ္ပဏီ ၁၂ခုက ယှဉ်ပြိုင်ရမည်ဖြစ်ရာ လုပ်ကိုင်ခွင့်ရရှိရေး အတွက် ကမ္ဘာကျော် ဆက်သွယ်ရေးကုမ္ပဏီများက ကမ်းလှမ်းမှုမျိုးစုံကို အပြိုင်အဆိုင် ထုတ်ပြန်ကြေညာလာကြသည်။ “ကျွန်တော်တို့ လိုင်စင်ရခဲ့ရင် မြန်မာနိုင်ငံရဲ့ အကောင်းဆုံးဆက်သွယ်ရေး ကဏ္ဍကို ကျွန်တော်တို့ ဘာသာကြိုးစား တည်ဆောက်သွားပါမယ်။ မိုဘိုင်းဝန်ဆောင်မှုတွေ၊ အင်တာနက် စနစ်တွေ အပါအဝင် ဖုန်းခေါ်ဆိုမှုတွေကို တစ်မိနစ် ၂ဝ လောက်နဲ့ ခေါ်ဆိုခွင့်ပေးသွားပါမယ်။ လူတိုင်း ဖုန်းကိုင်နိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းသွားမှာပါ” ဟု ဧပြီလအတွင်း မြန်မာနိုင်ငံ လာရောက်ခဲ့သည့်…
သန်းခြောက်ဆယ် အိပ်မက် တကယ်ဖြစ်ပြီလား
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်ပ ဆက်သွယ်ရေး ကုမ ္ပဏီနှစ်ခု ဖြစ်သော နော်ဝေ အခြေစိုက် Telenor/နှင့် ကာတာအခြေစိုက် Q-Tel (Ooredoo) ကုမ္ပဏီ တို့ကို ဆက်သွယ်ရေး အော်ပရေတာလိုင်စင်ချထားပေးရန် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေးအော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့်ရွေးချယ်ရေးကော်မတီ၏ ရွေးချယ်မှုဖြင့် ဇွန်လ ၂၇ ရက်နေ့တွင် ရွေးချယ်လိုက်ပြီဖြစ်သည်။ ထို့အပြင် အကြောင်းအမျိူးမျိုးကြောင့်ရွေးချယ်ခံရသည့်တာဝန်ကိုမထမ်းဆောင်နိုင်ပါက အစားထိုးအနေနှင့် ပြင်သစ်တယ်လီကွန်းOrange နှင့် Marubeni ကော်ပိုရေးရှင်းကို အရန် အဖြစ်ရွေးချယ်လိုက်သည်။ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများ ယခုလာမည့်လွှတ်တော်တွင် အတည်ပြုပြီးပါမှ အဆိုပါဆက်သွယ်ရေး လိုင်စင်ရကုမ္ပဏီများကို လိုင်စင်များတရားဝင်ချပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေးအော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့်ရွေးချယ်ရေးကော်မတီက ထုတ်ပြန်ကြေညာသည်။ အဆိုပါ ကုမ္ပဏီများသည် ပြည်တွင်းမှ မြန်မာ့ဆက်သွယ်ရေးနှင့် MEC Tel တို့ ပူးပေါင်းထားသည့် Myanmar…
အစဉ်အလာကို ကျော်နိုင်ဖွယ်မရှိသေးတဲ့ လျှပ်စစ်မီးနဲ့ ဒီနှစ်နွေ
ဖြတ်ခနဲရုပ်တရက် မှောင်မိုက်သွားသောကြောင့် ကလေးများက ဟေးခနဲ အော်ကြလိုက်သည်။ လူကြီးအချို့က မကြေမနပ်မြည်တွန်တောက်တီးကုန်ကြသည်။ လက်ဖက်ရည်ဆိုင်တစ်ခုလုံး တီးတိုးတီးတိုးစကားသံများသာ ဆူညံစွာထွက်ပေါ်လာသည်။ မိုးတွင်းကာလမကုန်သေးသော်လည်း မီးက ယခုကဲ့သို့ အလျဉ်းသင့်သလို ပြတ်တောက်လေ့ရှိသည်။ မိုးရာသိကာလဖြစ်သော်လည်း လိုင်းပြဿနာများအပါအဝင် အမျိုးမျိုးသောအကြောင်းများကြောင့် မကြာခဏမီးပျက်တတ်ကြောင်း ဗဟန်းမြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းတစ်ဦးကဆိုသည်။ “ဘောလုံးပွဲရှိတဲ့ရက်တွေဆို မကြာခဏ ပြတ်တတ်တယ်။ အခုမိုးတွင်းကြီးတောင်မှ မိုးရွာရင်လည်း ပြတ်တယ်။ မလာရင်လည်း ပြတ်ချင်ထပြတ်တာပဲ။” ဟု မြောက်ဥက္ကလာပမြို့နယ်မှ ဆုံဆည်းရာလက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုထူးက ဆိုသည်။ ရန်ကုန်မြို့အပါအဝင် မြို့တော်တော်များများတွင် လက်ဖက်ရည်ဆိုင်အများစုသည် နိုင်ငံတကာဘောလုံးပွဲများ၊ နေ့စဉ်ထွက် မြန်မာကားများ သာမက တစ်နေကုန်ထုတ်လွှင့်ပေးနေသော Skynet၊ 5 Movies နှင့် Myawady Digital တို့မှ ရုပ်ရှင်ကားများကို လည်း တစ်နေကုန် ဖွင့်လှစ်ပြသကြလေ့ရှိသည်။ ထို့ကြောင့် မီးမလာပါက…
