တစ်တော့ခ် ရဲ့ Algorithm ဘယ်လို အလုပ်လုပ်သလဲ၊ တစ်တော့ခ်မှာ ဘယ်လို နေရာယူကြမလဲ

အပြောင်းအလဲတစ်ခုကို ကြုံလာရချိန်တိုင်းမှာ လိုက်လျောညီထွေတုန့်ပြန်နိုင်စွမ်းက အရေးပါလှသလို စူးစမ်းလေ့လာအားကလည်း ထိုနည်းလည်းကောင်းပဲ။ ဒီနှစ်ခုကို ဉာဏ်ရှိသလို ယှဉ်တွဲအသုံးမချနိုင်ရင် အကူးအပြောင်းကာလတွေမှာ အတော်လေး ကသီလင်တနိုင်လှတယ်။ ခုလည်း အဲဒီလို အနေအထားမျိုးတွေ ခပ်စိတ်စိတ်လေး မြင်လာရတော့ ကိုယ်တောက်တိတောက်တဲ့ ရှာဖွေမှတ်ဖူးသိထားဖူးတဲ့ အကြောင်းအရာလေးတစ်ချို့ မျှဝေချင်လာတာနဲ့ ဒီစာကိုရေးဖြစ်ပါတယ်။ အပြောင်းအလဲက ရုတ်ချည်းဖြစ်လာတော့ ကိုယ်စွမ်းကိုယ်စရှိသမျှ Adaptability Skill တွေကို အားကုန်ထုတ်သုံးပြီး ဉာဏ်မှီသလောက် ခေတ်နောက်ပြေးလိုက်ရတာပါပဲ။ အားလုံးက တစ်တော့ခ်မှ တစ်တော့ခ်ဆိုတော့ ကိုယ်လည်း တစ်တော့ခ် ပဲပေါ့။ ဆိုတော့ ခေါင်းစဉ်ပါ ပေးထားချက်နဲ့ပဲ စကြပါစို့။ “တစ်တော့ခ်ရဲ့ Algorithm ဘယ်လို အလုပ်လုပ်သလဲ၊ တစ်တော့ခ်မှာ ဘယ်လို နေရာယူကြမလဲ” ဆိုတာပဲပေါ့။ ဖေ့စ်ဘုတ်မှာ ခေတ်မကောင်းချိန်မှာ လူအများစု ရွှေ့ပြောင်းအခြေချကုန်ကြတာက တစ်တော့ခ်ဆိုတာ မြေကြီးလက်ခတ်မလွဲလှဘူး။…

ဆိုရှယ်မီဒီယာ ရေစီးကြောင်း ဘာတွေဖြစ်လာမလဲ

လက်ရှိဖြစ်နေတဲ့ VPN ပြဿနာတွေရယ် Social Media Behavior တွေရယ်အရဆိုရင် လာမယ့် ၃ လကနေ ၆ လ ဝန်းကျင်အတွင်းမှာ Commercial Trends တွေရော Digital Marketing Trends တွေရော Socialtainment Platform တွေဆီ ကြီးကြီးမားမား ရွေ့သွားကြမယ်ထင်ပါတယ်။ ဆိုတော့ Digital Marketing ဘက်မှာ အပြောင်းအလဲ ခပ်ကြီးကြီးတွေနဲ့ ရင်ဆိုင်ရဖို့ ရှိလာပြီ။ ကြိုပြင်ထားဖို့လည်း လိုလာပြီ။ အာဏာရအစိုးရဘက်က VPN ကို Control လုပ်ဖို့ ကြိုးစားလာတာဟာ သူတို့ရဲ့ ကိုယ်ပိုင် Purpose တစ်စုံတစ်ရာကြောင့် ဖြစ်မယ်ဆိုတာ သေချာပေမယ့် Local Market ထဲမှာ အပြောင်းအလဲတွေ စဖြစ်နေခဲ့တာက အဲ့မတိုင်ခင်ကတည်းက လို့တောင် ပြောရမလားပဲ။…

စမတ်ဖုန်းက လူ့အရေပြားကို ဘယ်လို ဒုက္ခပေးသလဲ

စမတ်ဖုန်း လှလှလေးတွေဟာ ဆွဲဆောင်မှုရှိလှပြီးတော့ နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ် ကုန်ပစ္စည်းတစ်ခုဖြစ်သလို တန်ဖိုးရှိတဲ့ အဆင်တန်ဆာတစ်ခုလို့လည်းဆိုလို့ရပါတယ်။ လူတိုင်းဟာ စမတ်ဖုန်းလှလှလေးတွေကို ကိုင်ဆောင် အသုံးပြုနေကြပေမယ့် ဒီဖုန်းတွေကနေပေးတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ သတိမူမိကြတာနည်းပါတယ်။ တကယ်တမ်းအားဖြင့် စမတ်ဖုန်းတွေဟာ လေထုထဲက ဘက်တီးရီးယားပိုးမွှားတွေ ကပ်ညိနိုင်ချေက အလွန်မြင့်မားတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ လေ့လာချက်တွေအရဆိုရင်တော့ စမတ်ဖုန်းတစ်လုံးဟာ ပျမ်းမျှ တစ်လက်မ ပတ်လည်ကို ဘက်တီးရီးယား ၂၅၀၀၀ လောက်ကပ်ညိနေနိုင်ပါတယ်။ မီးဖိုချောင်၊ အိမ်သာ၊ တိရစ္ဆာန်တွေနဲ့ ဆက်စပ်နေရင် ဒီထက်ပိုများနိုင်ပါသေးတယ်။ ဒီပမာဏဟာ အိမ်သာကမုတ်ခွက်ထက် ပိုညစ်ပတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေဟာ အလှအပကို ချစ်မြတ်နိုးသူတွေအတွက် အန္တရာယ်တွေကို ဖိတ်ခေါ်နေတဲ့ အရာတစ်ခုလို့ဆိုလို့ရပါတယ်။ အထူးသဖြင့် အရေပြားအလှအပကို မြတ်နိုးသူတွေအနေနဲ့ စမတ်ဖုန်းလှလှလေးတွေကြောင့် ဖြစ်လာနိုင်တဲ့ အရေပြားဆိုင်ရာ ပြဿနာလေးတွေကို သိထားနိုင်ဖို့ စုစည်းဖော်ပြလိုက်ပါတယ်။ …

အင်တာနက်ပေါ်က စက္ကန့် ၆၀

ဒီကနေ့ခေတ်မှာ အင်တာနက်ကိုအခြေပြုပြီး နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုက အံ့မခန်းပါပဲ။ အင်တာနက်ပေါ်မှာ စီးပွားရှာလို့ရသလို၊ အင်တာနက်ကောင်းမှုနဲ့ အိမ်ထောင်လည်းကျသွားနိုင်တယ်၊ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုလည်း ခံယူလို့ရတယ်၊ အိမ်မှာအသုံးမလိုတဲ့ ပစ္စည်းတွေကိုလည်း ရောင်းချင်ရောင်းနိုင်သေးရဲ့။ ဒါတွေတင်မကပါဘူး နှစ်သက်ရာပညာတွေကို သင်ယူလေ့လာလို့ရသလို စိတ်များပါမယ်ဆိုရင် နိုင်ငံရေးကမ်ပိန်းတွေဆိုတာလည်း လုပ်ချင်တဲ့ဆန္ဒသာရှိ အပြင်လောကမှာထက် ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်သေးတယ်။ အင်တာနက်နည်းပညာက လူတစ်ဦးချင်းစီတိုင်းရဲ့ နေ့စဉ်ဘဝမှာ ခုလိုမျိုး အရေးပါလာတဲ့အခါ လူသန်းပေါင်းများစွာရဲ့ ဘဝလမ်းကြောင်းတွေကို ထိန်းကျောင်းမောင်းနှင်တဲ့အရာပါဖြစ်လာတော့တာပါပဲ။ လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ အင်တာနက်က ဘယ်လောက်တောင် နေရာယူထားသလဲဆိုတာကို မြင်သာအောင် ရှင်းပြချင်ပါတယ်။ လက်ရှိ ၂၀၂၀ ခုနှစ်မှာ လူတစ်ယောက်ရဲ့ အင်တာနက် အသုံးပြုချိန်က တစ်နေ့ကို ၁၈၁ မိနစ် (၃ နာရီနဲ့ တစ်မိနစ်) တိတိ ရှိပါတယ်။ ၃၈ မိနစ်က ကွန်ပျူတာနဲ့ သုံးကြတာဖြစ်ပြီးတော့…

COVID အလွန်ခေတ်အတွက် Next Normal စိန်ခေါ်မှု

အရင်ဆုံး မေးစရာရှိတာ Next Normal ဆိုတာ ဘာလဲဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ “The Next Normal” ဆိုတာက ထိပ်တန်းစီးပွားရေးသုတေသန အဖွဲ့အစည်း McKinsey က စတင်သုံးစွဲခဲ့တဲ့ စကားလုံးပါ။ လက်ရှိ COVID ကာလနဲ့ လာမယ့် COVID အလွန်ကာလတွေမှာ မဖြစ်မနေလက်ခံကျင့်သုံးရတော့မယ် ဒါမှမဟုတ် လိုက်နာရတော့မယ်လို့ ရှုမြင်ခြင်းခံထားရတဲ့ စီးပွားရေးနယ်ပယ်ရဲ့ သဘောသဘာဝလို့ ဆိုနိုင်ပါတယ်။ COVID-19 ကပ်ဘေးနဲ့ New Normal တို့က ပုံသွင်းပေးလိုက်တဲ့ အနာဂတ်ကမ္ဘာ့မြင်ကွင်းလို့လည်း ပြောလို့ရနိုင်ပါရဲ့။ တကယ်တမ်းအားဖြင့် Next Normal ဟာ COVID မတိုင်ခင်ကတည်းက စတင်ခဲ့တာပါ။ ကပ်ဘေးမတိုင်ခင်ကာလမှာကတည်းက တစ်ကမ္ဘာလုံးမှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရွှေ့ အရှိန်အဟုန်က အမြင့်ဆုံးဖြစ်နေခဲ့တာပါ။ ဒီကာလနဲ့ တိုက်ဆိုင်စွာဖြစ်လာတဲ့ COVID-19 ကပ်ဘေးနဲ့ နောက်ဆက်တွဲနေထိုင်မှုပုံစံ…

အွန်လိုင်းပေါ်မှာ ခြေများနေတဲ့ ဖုန်းနံပါတ်အပူးအလှတွေ

“အဲဒီ ၀၉၉၇၇၇၇×××× SIM Card လေးကို ၉၀၀၀ နဲ့ရမလား။ ၉၀၀၀နဲ့ ရရင်ယူမယ်။” Chat Box မှ တဆင့်ပြောကြားလိုက်သည့် အမျိုးသမီးငယ်၏ စကားစုကြောင့် တစ်ဖက်က စဉ်းစားနေဟန် တူသည်။ တစ်ခဏအကြာတွင် တစ်ဖက်က ပုဂ္ဂိုလ်က ၁၀၀၀ ကျပ် လျော့ပေးမည်ဖြစ်ကြောင်းနှင့် Delivery Charge ကို ဝယ်ယူသူဘက်က ပေးဆောင်ရမည်ဖြစ်ကြာင်း အကြောင်းပြန်လိုက်ရာ အရောင်းအဝယ် တည့်သွားလေသည်။ ဤသည်မှာ ပြည်တွင်းတွင် ခေတ်စားနေသော မိုဘိုင်းဖုန်း နံပါတ် အပူးအလှအရောင်းအဝယ်များထဲမှ ဖြစ်ရပ်တစ်ခုမျှသာဖြစ်သည်။ မိုဘိုင်းဖုန်းများ တစ်ခေတ်ဆန်းလာသောအချိန်တွင် လူအများကြား အမျိုုးမျိုးသော မိုဘိုင်းနှင့် သက်ဆိုင်သည့် ရောဂါများ စွဲကပ်လာကြသည်။ တစ်ချို့က ဖုန်းလှလှကိုင်ချင်ကြသည်။ တစ်ချို့က မျက်နှာပြင်ကျယ်ကျယ်ဖုန်းများကိုင်ချင်ကြပြန်သည်။ သို့သော် တစ်ချို့တစ်ချို့သော လူများကမူထူးခြားသည်။ တယ်လီဖုန်းနံပါတ်…

မြန်မာ့ မိုလ်ဘိုင်းဆက်သွယ်ရေး – မည်သူပြိုင်၍ နိုင်ပါတော့နိုင်

မြန်မာနိုင်ငံတွင် ပြည်တွင်း ပြည်ပ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ ၃ ခုအထိ ရှိလာပြီဖြစ်ရာ ပြည်တွင်းမှ အော်ပရေတာတစ်ခုတည်းက လက်ဝါးကြီးအုပ်လုပ်ကိုင်ခဲ့သော ခုနှစ်များသည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။ မိုဘိုင်းဖုန်း အော်ပရေတာအပြိုင်အဆိုင်ကား စလေပြီ။ နောက်ဆုံး ဖုန်းကတ်ရောင်းချသည့် အော်ပရေတာအဖြစ် တယ်လီနော (Telenor) က မိုလ်ဘိုင်းဖုန်းကတ်များကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မန္တလေးမြို့တွင် စတင်ရောင်းချသည်။ ဤသည်မှာ မြန်မာတယ်လီကွန် ဆက်သွယ်ရေးလောကအတွင်းရှိ စားသုံးသူဗဟိုပြု ဈေးကွက်နေရာလုပွဲအတွင်းသို့ MPT၊ အူရီးဒူး (Ooredoo) တို့နှင့်အတူ ပါဝင်ဆင်နွဲလိုက်ခြင်းပင်ဖြစ်သည်။ အော်ပရေတာတို့ စတော့စကြလေပြီ။ တာထွက်ကောင်း၏။ မကောင်း၏။ ဝေဖန်မှုများလည်းရှိနေလေသည်။ ဖုန်းကတ် ဖြန့်ချိရေး ဇာတ်လမ်းအစ ဈေးကွက်အတွင်း တယ်လီနော စတင်ဝင်ရောက်လာချိန်တွင် အူရီးဒူးနှင့် MPT တို့က…

တယ်လီကွန်း ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားပွဲအတွက်တော့မဟုတ်ပါ။ သို့သော်ကမ္ဘာ့ဖလားပွဲကဲ့သို့အရေးပါသည့် မြန်မာနိုင်ငံမှ ပြည်ပဆက်သွယ်ရေး အော်ပရေတာနှစ်ခု၏ ဈေးကွက်ဝေစုအပြိုင်လုပွဲအတွက်သာဖြစ်သည်။နိုင်ငံတကာ တယ်လီကွန်းကုမ္ပဏီ နှစ်ခုဖြစ်သော အော်ရီးဒူးနှင့် တယ်လီနော အပေါ် ပွဲကြိုသုံးသပ်ကြည့်ပါမည်။ အဆိုပါပြိုင်ပွဲသည် ၂၀၁၃ ဇန်နဝါရီတွင် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်၊နည်းပညာဝန်ကြီးဌာနက ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီများအားဝင်ရောက်လုပ်ကိုင်ခွင့်ပြုရန်အတွက် အော်ပရေတာလိုင်စင် တင်ဒါခေါ်ယူခဲ့ခြင်းမှစတင်သည်။ အဆင့်ဆင့်သောခြေစစ်ပွဲများကို ဖြတ်ကျော်၍တစ်နှစ်ခွဲခန့်ကြာသည့်ကာလတစ်ခုကိုကျော်လွန်ခဲ့ပြီးနောက် ယခုအခါ ပြည်သူများမျှော်လင့်နေသည့် နိုင်ငံတကာအဆင့်မှီမိုဘိုင်းဝန်ဆောင်မှုများကို စတင်ထိတွေ့နိုင်တော့မည်ဖြစ်သည်။ ဈေးကွက်ဝေစုအပြိုင်လုရမည့်ယခုပြိုင်ပွဲသည် တင်ဒါယှဉ်ပြိုင်စဉ်ကထက် ပိုမိုစိတ်လှုပ်ရှားစရာကောင်းမည်ဖြစ်သည်။ ၁၅ နှစ်ကြာယှဉ်ပြိုင်ရမည့် ပြိုင်ပွဲတစ်ခု၏အစလည်းဖြစ်သည်။ တယ်လီနောလား တယ်လီနောကလည်း တင်ဒါအောင်စဉ်က ကတိပေးထားသည့်အတိုင်း လာမည့်စက်တင်ဘာလတွင် မိုဘိုင်း SIM Card များကို စတင်ရောင်းချတော့မည်ဟုဆိုသည်။ တယ်လီနောအနေဖြင့် ပြည်တွင်းတွင်ရောင်းချရန် SIM Card သန်း ၃၀ ပြင်ဆင်ထားပြီး ဖုန်းနံပါတ် ၁၀ သန်းလည်းဝယ်ယူထားသည်။ “တာဝါတိုင်ရှိတဲ့ဒေသတိုင်းမှာ ဖုန်းပြောလို့ရမယ်။ SIM…

မီတာခတက်၍ လစာတိုးခြင်း နောက်ကွယ်မှ ငွေကြေးဖောင်းပွမှုပြဿနာ

ယခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ စတင်၍ အစိုးရဝန်ထမ်းများအား လစာ ၂၀၀၀၀ ကျပ် စီ တိုးမြှင့်ပေးတော့မည် ဖြစ်သောကြောင့် ကုန်ဈေးနှုန်းများ တက်လာမည်ကို ပြည်သူများက စိုးရိမ်နေကြသည်။ ထို့အပြင် လျှပ်စစ်မီတာခများကိုလည်း ဧပြီလမှ စတင်ကာ တိုးမြှင့်ကောက်ခံမှုတော့မည်ဖြစ်သောကြောင့် ငွေကြေးဖောင်းပွမှုနှုန်း ပိုမိုမြင့်တက်လာပြီး တိုင်းပြည်စီးပွားရေးကို ထိခိုက်မှုများ ဖြစ်လာမည်ကိုလည်း စိုးရိမ်မှုများရှိနေကြသည်။ လစာတက်ခြင်းနှင့် မီတာခတက်လာခြင်း အပေါ် အမြင်အမျိုးမျိုးရှိနေပြီး ယင်းတို့အတွက်ကြောင့် နောက်ဆက်တွဲအနေဖြင့် ကုန်ဈေးနှုန်းတိုးလာမှုနှင့် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာနိုင်ခြေ ရှိမရှိကို သတိထားစောင့်ကြည့်နေကြသည်။ “မီတာခတက်တာကိုကြည့်ရင် Real Production Costs ကိုထည့်ပြောရမယ်။ အခုက အစိုးရဘက်ကပြောနေတာက ကုန်ကျစရိတ်ထက် ဝန်ဆောင်ခကိုပဲ ယူနေတာလို့။ ဥပမာ လျှပ်စစ်ဓာတ်အားထုတ်လုပ်လို့ အမှန်တကယ်ကုန်ကျစရိတ်က တစ်ယူနစ် ၁၅၀ ကျတယ်ဆိုပါစို့။ အစိုးရက ၇၅…

မိုဘိုင်းဖုန်းအရောင်းဆိုင် ဖွင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက် ၆ ချက်

မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးလာတာသည်နှင့် အမျှ မိုဘိုင်းဖုန်းများသည် လူများ၏ လူမှုဘဝတွင် ပိုမိုအရေးပါလာသည်။ ၎င်းအခြေအနေနှင့် ဆက်စပ်၍ မိုဘိုင်းဖုန်းအရောင်းဆိုင်ဖွင့်လှစ်သည့် လုပ်ငန်းများလည်း စိတ်ဝင်စားစရာစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာနေပြီဖြစ်သည်။ အဆိုပါလုပ်ငန်းကို ဝင်ရောက်ရင်းနှီးလုပ်ကိုင်လိုသူများလည်း ပေါများလာသည်။ ထို့ကြောင့် မိုဘိုင်းဖုန်းဆိုင်လုပ်ငန်း လုပ်ကိုင်လိုသူများအတွက် ဆိုင်ဖွင့်လှစ်မည်ဆိုပါက ကြိုတင်ပြင်ထားသင့်သည့်အချက် (၆) ချက်ကို ဖော်ပြပေးလိုက်ပါသည်။ ၁။ အရင်းအနှီးဘယ်လောက်သုံးမှာလဲ သေချာဆုံးဖြတ်ပါ အရင်းအနှီးပမာဏသည် မိမိဖွင့်လှစ် လိုသည့်နေရာ၊ မိမိကိုယ်တိုင် သုံးစွဲနိုသည့်ပမာဏ ဆိုင်အရွယ်အစားများအပေါ် အဓိကမူတည်သည်။ စားပွဲတစ်လုံး မိုဘိုင်းဖုန်း ၁၀ လုံး အလုံး ၂၀ နှင့် ငွေဖြည့်ကတ်ရောင်းသည့် ဆိုင်မှ ကျပ်သိန်း ရာထောင် ချီရင်းနှီမြှုပ်နှံသည့် ဆိုင်ကြီးများအထိ မိမိလက်ဝယ်တွင် ရှိသည့်အရင်းအနှီးပမာဏအပေါ်မူတည်၍ လုပ်ကိုင်ဆောင်ရွက်နိုင်သည်။ ဆိုင်အရွယ်အစားပေါ်မူတည်၍ ကုန်ကျစရိတ် ပိုမိုများပြားလာမည်ဖြစ်သည်။ ဆိုင်အပြင်အဆင်၊ နေရာ၊ ဝန်ထမ်းခန့်ထားမှု…