တစ်တော့ခ် ရဲ့ Algorithm ဘယ်လို အလုပ်လုပ်သလဲ၊ တစ်တော့ခ်မှာ ဘယ်လို နေရာယူကြမလဲ

အပြောင်းအလဲတစ်ခုကို ကြုံလာရချိန်တိုင်းမှာ လိုက်လျောညီထွေတုန့်ပြန်နိုင်စွမ်းက အရေးပါလှသလို စူးစမ်းလေ့လာအားကလည်း ထိုနည်းလည်းကောင်းပဲ။ ဒီနှစ်ခုကို ဉာဏ်ရှိသလို ယှဉ်တွဲအသုံးမချနိုင်ရင် အကူးအပြောင်းကာလတွေမှာ အတော်လေး ကသီလင်တနိုင်လှတယ်။ ခုလည်း အဲဒီလို အနေအထားမျိုးတွေ ခပ်စိတ်စိတ်လေး မြင်လာရတော့ ကိုယ်တောက်တိတောက်တဲ့ ရှာဖွေမှတ်ဖူးသိထားဖူးတဲ့ အကြောင်းအရာလေးတစ်ချို့ မျှဝေချင်လာတာနဲ့ ဒီစာကိုရေးဖြစ်ပါတယ်။ အပြောင်းအလဲက ရုတ်ချည်းဖြစ်လာတော့ ကိုယ်စွမ်းကိုယ်စရှိသမျှ Adaptability Skill တွေကို အားကုန်ထုတ်သုံးပြီး ဉာဏ်မှီသလောက် ခေတ်နောက်ပြေးလိုက်ရတာပါပဲ။ အားလုံးက တစ်တော့ခ်မှ တစ်တော့ခ်ဆိုတော့ ကိုယ်လည်း တစ်တော့ခ် ပဲပေါ့။ ဆိုတော့ ခေါင်းစဉ်ပါ ပေးထားချက်နဲ့ပဲ စကြပါစို့။ “တစ်တော့ခ်ရဲ့ Algorithm ဘယ်လို အလုပ်လုပ်သလဲ၊ တစ်တော့ခ်မှာ ဘယ်လို နေရာယူကြမလဲ” ဆိုတာပဲပေါ့။ ဖေ့စ်ဘုတ်မှာ ခေတ်မကောင်းချိန်မှာ လူအများစု ရွှေ့ပြောင်းအခြေချကုန်ကြတာက တစ်တော့ခ်ဆိုတာ မြေကြီးလက်ခတ်မလွဲလှဘူး။…

ဆိုရှယ်မီဒီယာ ရေစီးကြောင်း ဘာတွေဖြစ်လာမလဲ

လက်ရှိဖြစ်နေတဲ့ VPN ပြဿနာတွေရယ် Social Media Behavior တွေရယ်အရဆိုရင် လာမယ့် ၃ လကနေ ၆ လ ဝန်းကျင်အတွင်းမှာ Commercial Trends တွေရော Digital Marketing Trends တွေရော Socialtainment Platform တွေဆီ ကြီးကြီးမားမား ရွေ့သွားကြမယ်ထင်ပါတယ်။ ဆိုတော့ Digital Marketing ဘက်မှာ အပြောင်းအလဲ ခပ်ကြီးကြီးတွေနဲ့ ရင်ဆိုင်ရဖို့ ရှိလာပြီ။ ကြိုပြင်ထားဖို့လည်း လိုလာပြီ။ အာဏာရအစိုးရဘက်က VPN ကို Control လုပ်ဖို့ ကြိုးစားလာတာဟာ သူတို့ရဲ့ ကိုယ်ပိုင် Purpose တစ်စုံတစ်ရာကြောင့် ဖြစ်မယ်ဆိုတာ သေချာပေမယ့် Local Market ထဲမှာ အပြောင်းအလဲတွေ စဖြစ်နေခဲ့တာက အဲ့မတိုင်ခင်ကတည်းက လို့တောင် ပြောရမလားပဲ။…

အာဏာရှင်စနစ်ကို ရေသောက်မြစ်ရှာခြင်း

အာဏာရှင်စနစ်၊ အာဏာရှင်ခေတ်ဆိုတာ မြန်မာတွေအတွက်တော့ မျိုးဆက် ၃ ခု လုံး ကြုံဖူးတဲ့ အတွေ့အကြုံအိပ်မက်ဆိုးဖြစ်လာခဲ့ပြီ။ အာဏာရှင်စနစ်ဟာ မကောင်းဘူးလို့ သက်ကြီးစကား သက်ငယ်ကြား နားထောင်ခဲ့ရဖူးသလို ကိုယ်တိုင်ကိုယ်ကျလည်း ဖြတ်သန်းခဲ့ကြဖူးပြီ။ မြန်မာပြည်မှာ အာဏာရှင်စနစ်အကြောင်းပြောကြရင် အင်စတီကျူးရှင်းဆိုတဲ့ မျက်မှန်စိမ်းတပ်ပြီး ပြောတတ်ကြတယ်။ ဘယ်အဖွဲ့အစည်းကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘယ်နည်းလမ်းတွေကြောင့် စသဖြင့်ပေါ့။ တကယ်တမ်းတွေးကြည့်ရင် မြန်မာနိုင်ငံရဲ့ သက်တမ်း နှစ် ၁၀၀၀ ကျော်မှာ လူထုရွေးကောက်တင်မြှောက်မှုနဲ့ အုပ်ချုပ်ရေးအာဏာကို ပိုင်ဆိုင်ခွင့်ရတဲ့ အစိုးရတွေရဲ့ သက်တမ်းက မဆိုစလောက်လေးရယ်ပါ။ သက်ဦဆံပိုင်ဘုရင်ခေတ်နဲ့ ကိုလိုနီခေတ်တွေကို ချန်လှပ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလချည်း တိုင်းထွာမယ်ဆိုရင်တောင်မှ အာဏာရှင်စနစ်နဲ့ ကင်းလွတ်တဲ့ကာလက ၂၅% ဝန်းကျင်ပဲရှိပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်နဲ့ ပတ်သက်ဆက်နွယ်ရတဲ့ အချိန်ကာလတွေက အတော်လေးများလှတာကို မြင်ရပါလိမ့်မယ်။ လွတ်လပ်ရေးပြီးချိန်ကတည်းကနေ…

အင်တာနက်ပေါ်က စက္ကန့် ၆၀

ဒီကနေ့ခေတ်မှာ အင်တာနက်ကိုအခြေပြုပြီး နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုက အံ့မခန်းပါပဲ။ အင်တာနက်ပေါ်မှာ စီးပွားရှာလို့ရသလို၊ အင်တာနက်ကောင်းမှုနဲ့ အိမ်ထောင်လည်းကျသွားနိုင်တယ်၊ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုလည်း ခံယူလို့ရတယ်၊ အိမ်မှာအသုံးမလိုတဲ့ ပစ္စည်းတွေကိုလည်း ရောင်းချင်ရောင်းနိုင်သေးရဲ့။ ဒါတွေတင်မကပါဘူး နှစ်သက်ရာပညာတွေကို သင်ယူလေ့လာလို့ရသလို စိတ်များပါမယ်ဆိုရင် နိုင်ငံရေးကမ်ပိန်းတွေဆိုတာလည်း လုပ်ချင်တဲ့ဆန္ဒသာရှိ အပြင်လောကမှာထက် ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်သေးတယ်။ အင်တာနက်နည်းပညာက လူတစ်ဦးချင်းစီတိုင်းရဲ့ နေ့စဉ်ဘဝမှာ ခုလိုမျိုး အရေးပါလာတဲ့အခါ လူသန်းပေါင်းများစွာရဲ့ ဘဝလမ်းကြောင်းတွေကို ထိန်းကျောင်းမောင်းနှင်တဲ့အရာပါဖြစ်လာတော့တာပါပဲ။ လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ အင်တာနက်က ဘယ်လောက်တောင် နေရာယူထားသလဲဆိုတာကို မြင်သာအောင် ရှင်းပြချင်ပါတယ်။ လက်ရှိ ၂၀၂၀ ခုနှစ်မှာ လူတစ်ယောက်ရဲ့ အင်တာနက် အသုံးပြုချိန်က တစ်နေ့ကို ၁၈၁ မိနစ် (၃ နာရီနဲ့ တစ်မိနစ်) တိတိ ရှိပါတယ်။ ၃၈ မိနစ်က ကွန်ပျူတာနဲ့ သုံးကြတာဖြစ်ပြီးတော့…

လမ်းနှစ်သွယ်နဲ့ ဆေးခြောက် ဝိရောဓိ

ကျွန်တော်တို့ ဗမာလူမျိုးတွေက အစွဲအလမ်းကြီးတယ်၊ အငြင်းလည်းသန်တယ်။ တစ်ခုခုကို ယုံကြည်မှတ်ယူထားပြီးရင် ပြင်ရ ချွတ်ရခက်တယ်။ ဒီတော့ တစ်ချို့သောအကြောင်းအရာတွေက ဓားထမ်းပြောရတဲ့ Topic တွေဖြစ်လာရော။ အဲ့ဒီလိုအကြောင်းအရာတွေထဲမှာ ဆေးခြောက်ကိစ္စလည်းပါတယ်။ တလောက မိတ်ဆွေတစ်ယောက်နဲ့ ပြည်တွင်းက ဆေးခြောက်တရားဝင်ဖြစ်ရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေအကြောင်း ပြောဖြစ်တယ်။ သဘောထားမတိုက်ဆိုင်မှုတွေက သိသာလာတာမို့ စကားစဖြတ်လိုက်ရတယ်။ ဆေးခြောက်တရားဝင်ဖြစ်ရေးဟာ ကမ္ဘာတစ်လွှားမှာ ရှိနေတဲ့ လှုပ်ရှားမှုတစ်ခုပါ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အခြေအနေခြင်းမတူသလို လိုအပ်ချက်နဲ့တောင်းဆိုချက်ခြင်းလည်း ကွာခြားမှုရှိပေမယ့် တူညီတဲ့ ဘုံရည်မှန်းချက်က ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ်ကနေ ပယ်ဖျက်ပြီး တရားဝင်အသုံးပြုခွင့်ပေးဖို့ပါပဲ။ ဒီအချက်ကို ရှေးရိုးစွဲတဲ့ လူကြီးတစ်ချို့ကတော့ သဘောကျကြမယ်မထင်ပါဘူး။ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် မှတ်ယူကြီးပြင်းလာခဲ့ကြသူတွေကိုး။ လူငယ်တစ်ချို့နဲ့ နှစ်ခြိုက်သူတွေကတော့ ဆေးခြောက်ကို တရားဝင်ဖြစ်ဖို့ ဆိုရှယ်မီဒီယာတွေပေါ်ကနေ တောင်းဆိုနေကြတာမျိုးတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း တောင်းဆိုသူအများစုက အခြေအနေကို…

မြန်မာ့ ဝသီ၊ ဘန် ဖရန်ကလင်နှင့် အဂတိနွယ်ပင်

ပြောရမယ်ဆိုရင် မြန်မာပြည်က လူတွေအကြားထဲမှာ အထက်-အောက်အမြင်နဲ့ ဆက်ဆံရေးတွေ ၊ ဆရာမွေး-တပည့်မွေး ယဉ်ကျေးမှုတွေက နှစ်သက္ကရာဇ် ရာချီပြီးကို ခိုင်ခိုင်မာမာ အမြစ်တွယ်နေခဲ့တာ။ အားမနာစတမ်းပြောရရင် မြန်မာဆိုတာနဲ့ကို အဂတိတရားနဲ့ ယဉ်ပါးပြီးသား။ ဒါပေမယ့် အဂတိတရားဆိုတာမျိုးက လူတော်တော်များများ ထင်မြင်ယူဆနေကြသလိုမျိုး ငွေ၊ လာဘ်လာဘချည်းသက်သက်နဲ့ ချည်နှောင်ထားတဲ့ ဆက်ဆံရေး မဟုတ်ဘူးဗျ။ လူတွေရဲ့ ထင်မြင်ချက်က နည်းနည်းလေး လွဲချော်နေတယ်။ ဆိုလိုချင်တာကဗျာ၊ ငွေတစ်ခု ပေးရုံ-ယူရုံ အခြေအနေမဟုတ်ဘူး။ အဲ့ထက်အများကြီး ပိုပြီး ရှုပ်ထွေးနက်နဲတယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှုတွေ၊ ရှုပ်ထွေးတဲ့ လူမှုဆက်ဆံရေးပုံစံတွေ၊ အမျှင်မပြတ်တဲ့ ဆရာ-တပည့် ဆက်ဆံရေးတွေကို ဆိုလိုချင်တာ။ ထင်ထင်ရှားရှားကြည့်ချင်ရင်တော့ အစိုးရအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ဝန်ထမ်းဟောင်း၊ လူဟောင်းတွေကိုကြည့်ပါ ပိုသိသာထင်ရှားတဲ့ အချက်တွေကို တွေ့နိုင်လိမ့်မယ်။ ဝန်ထမ်းတာဝန်ကနေ အနားယူပြီးချိန်တွေမှာတောင် ဆရာ-တပည့်ဆက်ဆံရေးတွေ ကျန်ရှိနေသေးတာမျိုးပေါ့။…

မကောင်းသတင်းဟာ အောင်မြင်မှုဖြစ်နေပြီလား

“ခင်ဗျား လူမုန်းများတာ ခံချင်သလား၊ မကောင်းသတင်းနဲ့ ကျော်ကြားချင်သလား” လို့ လမ်းမှာတွေ့တဲ့ သာမန် လူတစ်ယောက်ကို မေးကြည့် “ဟင် မဖြစ်ချင်ပါဘူး” လို့ ဖြေကြလိမ့်မယ်။ ဒါပေမယ့် ဒီမေးခွန်းကိုပဲ လူမှုကွန်ယက်ပေါ်မှာပဲ မေးကြည့်မယ်ဆိုရင် ဘယ်လိုအဖြေထွက်မယ်ထင်သလဲ။ လူမုန်းများတယ်၊ မကောင်းသတင်းနဲ့ ကျော်ကြားတယ်လို့ ဆိုလိုက်ရင် လူတိုင်းကတော့ နှာခေါင်းရှုံ့သွားကြတာချည်းပါပဲ။ ဘယ်သူမှ မကောင်းသတင်းနဲ့ မကြော်ကြားချင်ကြဘူးလေ။ ဒါပေမယ့် လူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ Private Chat Box တွေကနေ ဘယ်လိုနည်းမျိုးနဲ့လဲလို့ အနည်းဆုံးလာစုံစမ်းကြလိမ့်မယ်။ မအံ့သြသွားပါနဲ့။ ခေတ်က တဖြည်းဖြည်းပြောင်းလဲလာနေတယ်။ အတွေးအခေါ်တွေ အယူအဆတွေဟာ နေ့စဉ်နဲ့အမျှ ပြောင်းလဲလာတယ်။ မတူကွဲပြားတဲ့ ရှုထောင့်တွေ ချဉ်းကပ်ပုံတွေဟာ ပိုလို့ပိုလို့တိုးပွားလာနေတယ်။ သိပ်ဝေးဝေး မကြည့်နဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်အထိ နာမည်ဆိုး၊ အမည်းစက်ကျန်ခဲ့မှာကို…

မြန်မာ့ အကျိုးစီးပွားနှင့် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း

The Belt and Road Initiative (BRI) ကို တချိန်တုန်းကတော့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (One Belt One Road) ဟု ခေါ်ဆိုခဲ့ကြဖူးသည်။ ၂၀၁၃ ခုနှစ်ရောက်မှ BRI ဟု ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ မည်သို့ပင် ခေါ်တွင်နေသည်ဖြစ်စေ တရုတ်တို့သည် ပိုးလမ်းမသစ် စီမံကိန်းကို စတင် အကောင်အထည်ဖော်နေပြီဖြစ်ပြီး မြန်မာအစိုးရအာဏာပိုင်များသည်လည်း ယင်းစီမံကိန်းအပေါ် မျက်စိကျနေကြသည်မှာ အမှန်ပင်။ BRI စီမံကိန်းသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းတစ်ခုဖြစ်ပြီး တရုတ်အစိုးရက အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာ့ဝင်ရိုး ချိန်ခွင်လျှာကို ထိန်းညှိနိုင်ရန် ရည်ရွယ်ထားသည့် အစီအမံတစ်ခုဖြစ်သည်။ ၂၀၁၃ ခုနှစ်ကတည်းက အခြေခံအဆောက်အအုံဆိုင်ရာ ကနဦး စီမံကိန်းများစတင်နေခဲ့ပြီး အာရှ၊ ဥရောပနှင့် အာဖရိကတို့ကို ချိတ်ဆက်ထားသည့် စီးပွားရေး…

4.0 ခေတ် ရေကြည်မြက်နုရာ

Industry 4.0 သည် မြန်မာ့စားပွဲဝိုင်းများပေါ် ရောက်လာခဲ့သည်မှာ မကြာသေး။ သို့သော် ကမ္ဘာ့စင်မြင့်ပေါ်သို့ ရောက်ရှိနေသည်မှာတော့ ၂၀၁၅-၁၆ ဝန်းကျင်ကတည်းကဖြစ်သည်။ အဆိုပါကာလများမှစတင်ကာ ကမ္ဘာတစ်ဝှမ်း ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲတိုင်းပြည်တိုင်းမှ အစိုးရတိုင်း၏ အနာဂတ်စီမံကိန်းများတွင် စက်မှုတော်လှန်ရေး ၄.၀ (Industry 4.0) ဆိုသည့် စကားရပ်တစ်ခု အလျှင်အမြန် နေရာယူလာခဲ့သည်။ ကွန်ပျူတာထိမ်းချုပ် စက်ပစ္စည်းများနှင့် လူလုပ်သိဉာဏ်တု နည်းပညာများ၏ မောင်းနှင်အားဖြင့် ရှေ့ဆက်ကြမည့် ကမ္ဘာကြီးကို ကိုယ်စားပြု၏။ ဒစ်ဂျစ်တယ်စီးပွားရေးလှိုင်းနှင့်အတူ Industry 4.0 သည် ကမ္ဘာလုံးဆိုင်ရာ ကဏ္ဍအသီးသီးအတွက် အဓိက မောင်းနှင်အားဖြစ်လာတော့မည်ဟု ဗျာဒိတ်ပြုခြင်းခံနေရသည်မဟုတ်ပါလား။ ကမ္ဘာ့သမိုင်းတစ်လျှောက်တွင်လည်း စီးပွားရေးလှိုင်းတစ်ခု ဖြစ်ပေါ်လာချိန်တိုင်းတိုင် အဆိုပါလှိုင်းကို အကျိုးရှိစွာ အသုံးချနိုင်သည့်နိုင်ငံများ အလျင်အမြန် တိုးတက်သွားခဲ့ဖူးသည့် ဥပမာများရှိခဲ့ဖူးသည်။ ယင်းကြောင့် Industry 4.0 တွင်လိုက်ပါ…

ဘုရားဟောနဲ့အညီ Cyber Crime ကို ကာကွယ်ခြင်း

ဖြစ်စဉ် ၁ “ကျွန်တော် ကံစမ်းမဲ ပေါက်တာလား မသိဘူး” ဘယ်ကမှန်းမသိဘူး။ ဒေါ်လာတစ်သန်း ကံစမ်းမဲပေါက်ကြောင်း အသိပေးစာတွေ မိုဘိုင်းဖုန်းတစ်ချို့ဆီဝင်လာတယ်။ ဝင်လာသမျှ မက်ဆေ့ချ်တိုင်းဟာ အမေရိကန် အော်ပရေတာတွေ၊ လုပ်ငန်းတွေရဲ့ နာမည်တွေနဲ့ဖြစ်ပြီး ပေးထားတဲ့ Link တွေ၊ Mail တွေဟာလည်း အမေရိကန် လိပ်စာတွေနဲ့ဖြစ်နေပါတယ်။ “သင့်ရဲ့ ဖုန်းနံပတ်ဟာ XXX ကုမ္ပဏီရဲ့ နှစ်ပတ်လည် အစီအစဉ်မှာ ကံထူးခဲ့တာမို့ ဒေါ်လာတစ်သန်း ဆုကြေးငွေရရှိမှာဖြစ်ပါတယ်။ အောက်ပါ e-mail ကို သင့်ရဲ့ အမည်၊ အသက်၊ နေရပ်လိပ်စာကို ပေးပို့ပေးပါ” ဆိုတဲ့ မက်ဆေ့ချ်မျိုးတွေဟာ မိုဘိုင်းဖုန်းတွေဆီကို တိုက်ရိုက် ဝင်ရောက်လာနေတာဖြစ်ပြီးတော့ မိုဘိုင်းလ်အော်ပရေတာတွေရဲ့ လုံခြုံရေးပိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုကတော့ စိတ်ပျက်စရာဖြစ်ပါတယ်။ ဖြစ်စဉ် ၂ “ညီမကို ကယ်ပါဦးရှင်”…