အာဏာရှင်စနစ်၊ အာဏာရှင်ခေတ်ဆိုတာ မြန်မာတွေအတွက်တော့ မျိုးဆက် ၃ ခု လုံး ကြုံဖူးတဲ့ အတွေ့အကြုံအိပ်မက်ဆိုးဖြစ်လာခဲ့ပြီ။ အာဏာရှင်စနစ်ဟာ မကောင်းဘူးလို့ သက်ကြီးစကား သက်ငယ်ကြား နားထောင်ခဲ့ရဖူးသလို ကိုယ်တိုင်ကိုယ်ကျလည်း ဖြတ်သန်းခဲ့ကြဖူးပြီ။ မြန်မာပြည်မှာ အာဏာရှင်စနစ်အကြောင်းပြောကြရင် အင်စတီကျူးရှင်းဆိုတဲ့ မျက်မှန်စိမ်းတပ်ပြီး ပြောတတ်ကြတယ်။ ဘယ်အဖွဲ့အစည်းကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘယ်နည်းလမ်းတွေကြောင့် စသဖြင့်ပေါ့။ တကယ်တမ်းတွေးကြည့်ရင် မြန်မာနိုင်ငံရဲ့ သက်တမ်း နှစ် ၁၀၀၀ ကျော်မှာ လူထုရွေးကောက်တင်မြှောက်မှုနဲ့ အုပ်ချုပ်ရေးအာဏာကို ပိုင်ဆိုင်ခွင့်ရတဲ့ အစိုးရတွေရဲ့ သက်တမ်းက မဆိုစလောက်လေးရယ်ပါ။ သက်ဦဆံပိုင်ဘုရင်ခေတ်နဲ့ ကိုလိုနီခေတ်တွေကို ချန်လှပ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလချည်း တိုင်းထွာမယ်ဆိုရင်တောင်မှ အာဏာရှင်စနစ်နဲ့ ကင်းလွတ်တဲ့ကာလက ၂၅% ဝန်းကျင်ပဲရှိပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်နဲ့ ပတ်သက်ဆက်နွယ်ရတဲ့ အချိန်ကာလတွေက အတော်လေးများလှတာကို မြင်ရပါလိမ့်မယ်။ လွတ်လပ်ရေးပြီးချိန်ကတည်းကနေ…
Category: Myanmar
လမ်းနှစ်သွယ်နဲ့ ဆေးခြောက် ဝိရောဓိ
ကျွန်တော်တို့ ဗမာလူမျိုးတွေက အစွဲအလမ်းကြီးတယ်၊ အငြင်းလည်းသန်တယ်။ တစ်ခုခုကို ယုံကြည်မှတ်ယူထားပြီးရင် ပြင်ရ ချွတ်ရခက်တယ်။ ဒီတော့ တစ်ချို့သောအကြောင်းအရာတွေက ဓားထမ်းပြောရတဲ့ Topic တွေဖြစ်လာရော။ အဲ့ဒီလိုအကြောင်းအရာတွေထဲမှာ ဆေးခြောက်ကိစ္စလည်းပါတယ်။ တလောက မိတ်ဆွေတစ်ယောက်နဲ့ ပြည်တွင်းက ဆေးခြောက်တရားဝင်ဖြစ်ရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေအကြောင်း ပြောဖြစ်တယ်။ သဘောထားမတိုက်ဆိုင်မှုတွေက သိသာလာတာမို့ စကားစဖြတ်လိုက်ရတယ်။ ဆေးခြောက်တရားဝင်ဖြစ်ရေးဟာ ကမ္ဘာတစ်လွှားမှာ ရှိနေတဲ့ လှုပ်ရှားမှုတစ်ခုပါ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အခြေအနေခြင်းမတူသလို လိုအပ်ချက်နဲ့တောင်းဆိုချက်ခြင်းလည်း ကွာခြားမှုရှိပေမယ့် တူညီတဲ့ ဘုံရည်မှန်းချက်က ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ်ကနေ ပယ်ဖျက်ပြီး တရားဝင်အသုံးပြုခွင့်ပေးဖို့ပါပဲ။ ဒီအချက်ကို ရှေးရိုးစွဲတဲ့ လူကြီးတစ်ချို့ကတော့ သဘောကျကြမယ်မထင်ပါဘူး။ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် မှတ်ယူကြီးပြင်းလာခဲ့ကြသူတွေကိုး။ လူငယ်တစ်ချို့နဲ့ နှစ်ခြိုက်သူတွေကတော့ ဆေးခြောက်ကို တရားဝင်ဖြစ်ဖို့ ဆိုရှယ်မီဒီယာတွေပေါ်ကနေ တောင်းဆိုနေကြတာမျိုးတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း တောင်းဆိုသူအများစုက အခြေအနေကို…
မြန်မာ့ ဝသီ၊ ဘန် ဖရန်ကလင်နှင့် အဂတိနွယ်ပင်
ပြောရမယ်ဆိုရင် မြန်မာပြည်က လူတွေအကြားထဲမှာ အထက်-အောက်အမြင်နဲ့ ဆက်ဆံရေးတွေ ၊ ဆရာမွေး-တပည့်မွေး ယဉ်ကျေးမှုတွေက နှစ်သက္ကရာဇ် ရာချီပြီးကို ခိုင်ခိုင်မာမာ အမြစ်တွယ်နေခဲ့တာ။ အားမနာစတမ်းပြောရရင် မြန်မာဆိုတာနဲ့ကို အဂတိတရားနဲ့ ယဉ်ပါးပြီးသား။ ဒါပေမယ့် အဂတိတရားဆိုတာမျိုးက လူတော်တော်များများ ထင်မြင်ယူဆနေကြသလိုမျိုး ငွေ၊ လာဘ်လာဘချည်းသက်သက်နဲ့ ချည်နှောင်ထားတဲ့ ဆက်ဆံရေး မဟုတ်ဘူးဗျ။ လူတွေရဲ့ ထင်မြင်ချက်က နည်းနည်းလေး လွဲချော်နေတယ်။ ဆိုလိုချင်တာကဗျာ၊ ငွေတစ်ခု ပေးရုံ-ယူရုံ အခြေအနေမဟုတ်ဘူး။ အဲ့ထက်အများကြီး ပိုပြီး ရှုပ်ထွေးနက်နဲတယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှုတွေ၊ ရှုပ်ထွေးတဲ့ လူမှုဆက်ဆံရေးပုံစံတွေ၊ အမျှင်မပြတ်တဲ့ ဆရာ-တပည့် ဆက်ဆံရေးတွေကို ဆိုလိုချင်တာ။ ထင်ထင်ရှားရှားကြည့်ချင်ရင်တော့ အစိုးရအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ဝန်ထမ်းဟောင်း၊ လူဟောင်းတွေကိုကြည့်ပါ ပိုသိသာထင်ရှားတဲ့ အချက်တွေကို တွေ့နိုင်လိမ့်မယ်။ ဝန်ထမ်းတာဝန်ကနေ အနားယူပြီးချိန်တွေမှာတောင် ဆရာ-တပည့်ဆက်ဆံရေးတွေ ကျန်ရှိနေသေးတာမျိုးပေါ့။…
COVID အလွန်ခေတ်အတွက် Next Normal စိန်ခေါ်မှု
အရင်ဆုံး မေးစရာရှိတာ Next Normal ဆိုတာ ဘာလဲဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ “The Next Normal” ဆိုတာက ထိပ်တန်းစီးပွားရေးသုတေသန အဖွဲ့အစည်း McKinsey က စတင်သုံးစွဲခဲ့တဲ့ စကားလုံးပါ။ လက်ရှိ COVID ကာလနဲ့ လာမယ့် COVID အလွန်ကာလတွေမှာ မဖြစ်မနေလက်ခံကျင့်သုံးရတော့မယ် ဒါမှမဟုတ် လိုက်နာရတော့မယ်လို့ ရှုမြင်ခြင်းခံထားရတဲ့ စီးပွားရေးနယ်ပယ်ရဲ့ သဘောသဘာဝလို့ ဆိုနိုင်ပါတယ်။ COVID-19 ကပ်ဘေးနဲ့ New Normal တို့က ပုံသွင်းပေးလိုက်တဲ့ အနာဂတ်ကမ္ဘာ့မြင်ကွင်းလို့လည်း ပြောလို့ရနိုင်ပါရဲ့။ တကယ်တမ်းအားဖြင့် Next Normal ဟာ COVID မတိုင်ခင်ကတည်းက စတင်ခဲ့တာပါ။ ကပ်ဘေးမတိုင်ခင်ကာလမှာကတည်းက တစ်ကမ္ဘာလုံးမှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရွှေ့ အရှိန်အဟုန်က အမြင့်ဆုံးဖြစ်နေခဲ့တာပါ။ ဒီကာလနဲ့ တိုက်ဆိုင်စွာဖြစ်လာတဲ့ COVID-19 ကပ်ဘေးနဲ့ နောက်ဆက်တွဲနေထိုင်မှုပုံစံ…
ကိုဗစ်ပိုးနှင့် ကခုန်ကြသူများ
မနက်ခင်းစောစောစီးစီး လူနာတင်ယာဉ်အသံတွေကြားတော့ စိတ်ထဲနှလုံးမကြည်မသာဖြစ်ရတယ်။ ဒီလိုနေ့ရက်တွေ ဘယ်တော့များမှ ကုန်ဆုံးမှာလဲဆိုတဲ့အတွေးက ဒီကာလတွေမှာ မနက်ခင်းတွေကို လေးလံထိုင်းမှိုင်းစေတဲ့ အတွေးစတွေပါပဲ။ ဒါပေမယ့် တဟေးဟေး တဝါးဝါးနဲ့ ညဉ့်နက်သန်းခေါင်အထိ ပြီးခဲ့တဲ့ညတုန်းက ကြားခဲ့ရတဲ့ အသံဗလံတွေကိုပါ ပေါင်းစပ်တွေးမိလိုက်တော့ မနက်ခင်းဟာ ပူပင်သောကတွေနဲ့ ပိုပြီး နွမ်းလျစရာလို့ ဆိုရပါလိမ့်မယ်။ မိသားစုအသိုင်းအဝိုင်းနဲ့ ဆွေမျိုးညီအကိုမောင်နှမတွေထဲမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူတွေရှိခဲ့ဖူးတော့ ကွာရန်တင်းစင်တာတချို့ရဲ့ အခြေအနေနဲ့ ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေရဲ့ ပင်ပန်းနေမှုတွေကို သိနားလည်တယ်။ ဒီတော့ ဒီရောဂါကပ်ဘေးကြီး မြန်မြန်ပြီးဆုံးစေဖို့ နေ့တိုင်းဆုတောင်းရတယ်။ ကိုယ်တိုင်စည်းကမ်းလိုက်နာနေထိုင်ရတယ်။ ဒီလိုနေထိုင်နေရတဲ့ကြားထဲ ခုရက်ပိုင်းတွေမှာ စီတန်းလှည့်လည်မှုတွေနဲ့ လူစုလူဝေးနဲ့ အောင်ပွဲခံနေကြတာတွေကို မြင်ရတော့ ကျန်းမာရေးဝန်ထမ်းတွေကိုကြားက အားနာမိရတယ်။ ဘယ်လိုလူတွေများပါလိမ့်မယ်။ မြန်မာ့ဒီမိုကရေစီခရီးလမ်းဟာ ရှည်လျားပြီး ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းတစ်ခုပါ။ ဒီနေ့အထိပန်းတိုင်ကို ရောက်ဖို့…
COVID ကပ်ဘေးကြီးထဲဝယ်၊ မဲရုံကို ဘယ်လိုသွားရမယ်
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာဆိုရင် မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကြီးကျင်းပတော့မှာပါ။ တစ်နိုင်ငံလုံးအတွက် အရေးပါလှတဲ့ဒီလိုအခြေအနေမျိုးဟာ COVID-19 ကပ်ဘေးကြီးကြောင့် စိုးရိမ်ပူပန်နေရတာတွေလည်း ရှိနေပါတယ်။ ဒီရွေးကောက်ပွဲမှာ ဘေးကင်းရန်ကွာမဲပေးဖို့က သိပ်ကိုအရေးကြီးလှပါတယ်။ ခုလို COVID-19 ရောဂါဆိုးကြီးကို တစ်ကမ္ဘာလုံးရင်ဆိုင်နေရချိန်မှာ တစ်ကမ္ဘာလုံးမှာ ပုံမှန်ကျင်းပနေကြ ပွဲလမ်းတွေ၊ အားကစားပြိုင်ပွဲကြီးတွေ၊ အခမ်းအနားတွေနဲ့ ရွေးကောက်ပွဲတွေအပေါ်မှာ သက်ရောက်မှုတွေ ရှိလာခဲ့ပါတယ်။ အားကစားပြိုင်ပွဲတွေနဲ့ ပွဲလမ်းသဘင်တွေကို အချိန်ရွှေ့ဆိုင်ခဲ့ကြပေမယ့် တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲကိစ္စကို ဆုံးဖြတ်ရာမှာတော့ နိုင်ငံအတော်များများဟာ အတော်လေးဆုံးဖြတ်ရကျပ်ခဲ့ကြပါတယ်။ ယခုနှစ်ထဲမှာ တိုင်းပြည်တစ်ချို့ဟာ ရွေးကောက်ပွဲတွေကို မဖြစ်ဖြစ်အောင်ကျင်းပခဲ့ကြပြီး တစ်ချို့တိုင်းပြည်တွေကတော့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့ကြတာမျိုးလည်း ရှိပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာ၊ အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ ဂျော်ဒန်၊ ကူဝိတ်၊ ဆွစ်ဇာလန်နဲ့ ကမ္ဘာ့ထိပ်တန်းတိုင်းပြည်တစ်ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုတို့ကတော့ လာမယ့်…
ရွေးကောက်ပွဲ ညောင်သီးလည်းစား၊ ကိုဗစ် လေးသံလည်း နားစွင့်
တစ်နေ့သားပေါ့။ အရပ်ထဲမယ် ရပ်ကွက်ဓမ္မာရုံကလူကြီးတွေနဲ့ လူလတ်ပိုင်းလူငယ်တစ်ချို့ နိုင်ငံရေးပါတီတစ်ခုရဲ့ အလံတွေကို လမ်းထိပ်တွေမှာ လိုက်တပ်ကြတယ်။ အချိန်အားဖြင့်ဆိုရင်တော့ ရပ်ကွက်ထဲမှာ COVID-19 Positive လူနာတွေ့ပြီး တစ်ပတ်ကျော် နှစ်ပတ်နီးပါးအကြာကာလပေါ့။ အိမ်ရှေ့က လမ်းထိပ်မှာ တိုင်တွေလာစိုက်ပြီး အလံတွေလာတပ်တော့ အိမ်ထဲကနေ လှမ်းကြည့်မိတယ်။ လာတပ်တဲ့လူတစ်ချို့။ တစ်ယောက်မှာမှ Mask မတပ်ထားဘူး။ မပါလာဘူးလို့ပြောရင် ပိုမှန်မယ်ထင်တယ်။ လူငယ်တစ်ချို့က အချင်းချင်းပူးကပ်ဆက်နွယ်ပြီး စကားပြောဆိုနေကြတာမို့ တစ်ယောက်နဲ့ တစ်ယောက် ၆ ပေကွာဖို့ ဝေးစွာ ၆ လက်မကွာခဲ့သည်ရှိသော် ကံကောင်း၏လို့ မှတ်ရပါလိမ့်မယ်။ သူတို့တွေကို လှမ်းငေးနေတာကိုရပ်လိုက်ပြီး စားပွဲပေါ်က သတင်းစာကို ကောက်လှန်တော့ “ပါတီကြီးတစ်ခုက အိမ်တိုင်ရာရောက် လိုက်ပြီး မဲဆွယ်စည်းရုံးမယ်” ဆိုတဲ့ သတင်းခေါင်းစဉ်လေးနဲ့ “လူ ၅၀ ထက်မပိုပဲ လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးနိုင်တယ်”…
မြန်မာ့ မိုလ်ဘိုင်းဆက်သွယ်ရေး – မည်သူပြိုင်၍ နိုင်ပါတော့နိုင်
မြန်မာနိုင်ငံတွင် ပြည်တွင်း ပြည်ပ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ ၃ ခုအထိ ရှိလာပြီဖြစ်ရာ ပြည်တွင်းမှ အော်ပရေတာတစ်ခုတည်းက လက်ဝါးကြီးအုပ်လုပ်ကိုင်ခဲ့သော ခုနှစ်များသည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။ မိုဘိုင်းဖုန်း အော်ပရေတာအပြိုင်အဆိုင်ကား စလေပြီ။ နောက်ဆုံး ဖုန်းကတ်ရောင်းချသည့် အော်ပရေတာအဖြစ် တယ်လီနော (Telenor) က မိုလ်ဘိုင်းဖုန်းကတ်များကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မန္တလေးမြို့တွင် စတင်ရောင်းချသည်။ ဤသည်မှာ မြန်မာတယ်လီကွန် ဆက်သွယ်ရေးလောကအတွင်းရှိ စားသုံးသူဗဟိုပြု ဈေးကွက်နေရာလုပွဲအတွင်းသို့ MPT၊ အူရီးဒူး (Ooredoo) တို့နှင့်အတူ ပါဝင်ဆင်နွဲလိုက်ခြင်းပင်ဖြစ်သည်။ အော်ပရေတာတို့ စတော့စကြလေပြီ။ တာထွက်ကောင်း၏။ မကောင်း၏။ ဝေဖန်မှုများလည်းရှိနေလေသည်။ ဖုန်းကတ် ဖြန့်ချိရေး ဇာတ်လမ်းအစ ဈေးကွက်အတွင်း တယ်လီနော စတင်ဝင်ရောက်လာချိန်တွင် အူရီးဒူးနှင့် MPT တို့က…
အမြန်နှုန်းမြင့် ရွေးကောက်ပွဲ
“ကျွန်မတို့ နိုင်ငံသားတွေရဲ့ နိုင်ငံရေးနိုးကြားလာမှုမှာ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးလာမှုကလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။” ဟု ၂၀၁၅ ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အောင်ပွဲခံခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က BBC နှင့် သီးသန့် အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။အနာဂတ်နိုင်ငံခေါင်းဆောင်တစ်ယောက်၏ နှုတ်ထွက်စကားသည် တိုင်ပြည်၏ အခြေအနေကို ထင်ဟပ်ပြနေသည်။ သူကိုယ်တိုင်ဖြတ်သန်းအောင်ပွဲခံခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် နည်းပညာနှင့် ဆက်သွယ်ရေးစနစ်များ၏ အကျိုးကျေးဇူးများကို ပြည်သူများနည်းတူ သူလည်း ခံစားသိမြင်ခဲ့မည်ဖြစ်သည်။ရွေးကောက်ပွဲမစတင်မီကတည်းက ထွက်ရှိလာသည့် app များ၊ ဆိုရှယ်မီဒီယာများမှ လူထု၏ တက်ကြွနိုးကြားမှုများနှင့် ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင် နည်းပညာရပ်များကို ထိရောက်စွာသုံးစွဲခဲ့ခြင်းများကြောင့် မြန်မာ့ရွေးကောက်ပွဲသည် နိုင်ငံရေးဆိုသည့် ခြုံထည်ကို ဖယ်ခွာချုလိုက်လျှင် နည်းပညာရနံ့သင်းပျံ့နေသည်ကို ခံစားရမည်ဖြစ်သည်။“ဒီရွေးကောက်ပွဲဟာ ဆက်သွယ်ရေး နည်းပညာကြောင့် ပိုပြီး လွတ်လပ်ပွင့်လင်းလာတယ်လို့ ပြောလို့ရတယ်။ ယှဉ်ပြိုင်မှုတွေ၊ ရလဒ်တွေ၊ ဖြစ်ရပ်တွေ…
စားကျက်မြေလော တောရိုင်းလော
လွန်ခဲ့သော ၂၀၁၂ ခုနှစ်က ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးက ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက် “မြန်မာပြည်သည် အာရှ၏ နောက်ဆုံးကျန်ရှိသည့် စားကျက်မြေဖြစ်မည်လော”ဟု မေးခွန်းထုတ်ခဲ့ဖူးသည်။ သယံဇာတကြွယ်ဝခြင်း၊ အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရန်လိုအပ်နေခြင်းနှင့် လူသားအရင်းအမြစ် ဆိုင်ရာအားသက်ချက်များ ရှိနေခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများကို အခွင့်အလမ်းကာင်းကြီးများဖြင့် ကမ်းလင့်ကြိုနေသည်ဟု အဆိုပါမဂ္ဂဇင်းမှ ဆောင်းပါးရှင် Justin Kent က ညွှန်းဆိုခဲ့ဖူးသည်။ ဤအချက်သည် သံသယဖြစ်ဖွယ်မရှိခဲ့ပေ။ အဆိုပါဆောင်းပါးကို ဖော်ပြခဲ့သည့် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်၍ ၂၀၁၅ ဇူလိုင်လအထိ ကာလအတွင်း မြန်မာနိုင်ငံသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံနီးပါး စီးဝင်လာခဲ့သည်။ ယင်းသည် လက်ရှိ မြန်မာနိုင်ငံအတွင်းတည်ရှိနေသည့် ပြည်ပနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်း၏ ၂၈ ရာခိုင်နှုန်းမျှသော ပမာဏဖြစ်သည်။…
