ဝက်သားဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အသားတစ်မျိုးလို့ ဆိုစမှတ်ရှိပါတယ်။ မြန်မာ့ဆိုရိုးတစ်ခုမှာလည်း “အသားမှာ ဝက်” လို့ ဆိုထားတယ်မဟုတ်လား။ အခုတော့ ဝက်သားကို နည်းပညာအကူအညီနဲ့ အတုဖန်တီးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး စိုက်ပျိုးထုတ်လုပ်မှုအခြေပြု ဝက်သားတုကို Consumer Electronics Show 2020 ပြပွဲမှာ ထုတ်ဖော် ပြသခဲ့ပြီးတော့ လူစိတ်ဝင်စားမှုလည်း ကြီးကြီးမားမားရခဲ့ပါတယ်။ လက်ရှိမှာ အဆိုပါ လူလုပ် ဝက်သားတုကို Impossible Pork လို့ နာမည်ပေးထားပြီးတော့ Kosher နဲ့ Halal Certified ရထားတာမို့ အစ္စလာမ်ဘာသာဝင်တွေပါ စားသုံးလို့ရပါတယ်။ ဒီဝက်သားကို အသုံးပြုထားတဲ့ ဟမ်ဘာဂါတွေကို Burger King ဆိုင်တစ်ချို့မှာ စတင်ပြီး စားသုံးလို့ရမှာပါ။ သဘာဝအတိုင်း မဟုတ်ပဲ လူသားနည်းပညာဖန်တီးထုတ်လုပ်ထားတဲ့ အဲဒီ Impossible Pork…
Category: Knowledge
ဘီယာသောက်လို့ ဗိုက်ပူတာလား
ဘီယာတွေ အလွန်အကျွံသောက်သုံးတတ်တဲ့ အမျိုးသားတွေမှာ ဗိုက်ထွက်လာတဲ့ ပြဿနာမျိုး ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုမျိုးဖြစ်လာပြီဆိုရင် ချစ်သူခင်သူ ရင်းနှီးသူတွေက အဲဒီအမျိုးသားကို ဘီယာဗိုက် လို့ စနောက်ကျမှာ မလွဲဧကန်ပါပဲ။ အသောက်အစားလေးကလည်းရှိ မအားမလပ်လို့ လေ့ကျင့်ခန်းလည်း ပုံမှန်မလုပ်နိုင်တဲ့သူတွေဆိုရင် ဘီယာဗိုက်ဆိုတဲ့ ဘွဲ့ကိုရဖို့ သိပ်နီးစပ်ပါတယ်။ ကမ္ဘာပေါ်မှာ ဘီယာဗိုက်ဖြစ်နေတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ အတော်ကိုများပြားတဲ့ အမျိုးသားထုကြီးဟာ ဒီဘွဲ့ကို ရရှိနေကြပါတယ်။ တစ်ခုရှိတာက ဒီလို ဘီယာဗိုက်ဆိုတဲ့ ဘွဲ့အမည်နာမကြီးက တကယ်ကို ဘီယာသောက်လို့ ရလာတာလား။ ကြည့်ရအောင်။ ဘီယာဟာတကယ် ဗိုက်ပူစေသလား ဘီယာအလွန်အကျွံသောက်သုံးတာကြောင့် ဗိုက်ခေါက်ထွက်လာနိုင်တယ်လို့ ယတိပြတ်ပြောလို့မရပါဘူး။ တကယ်တမ်း ဗိုက်ပူစေတဲ့ပြဿနာက ဘီယာသောက်သုံးပြီးတဲ့နောက်မှာ ခန္တာကိုယ်အတွင်း စုကျန်ခဲ့တဲ့ ကယ်လိုရီတွေကို လုံလောက်မျှတအောင် မချေဖျက်နိုင်တာကြောင့်ဖြစ်ပါတယ်။ ဘီယာထဲကပါလာတဲ့ ကယ်လိုရီတွေအပြင်၊ အမြည်းအဖြစ် တွဲဖက်စားသောက်တဲ့ အစားအစာတွေက ကျန်ရှိနေတဲ့…
ဘာကြောင့် နေ့စဉ် တရားထိုင်သင့်တာလဲ
စိတ်ဖိစီးမှုနဲ့ သောကဗျာပါဒတွေဟာ နေ့စဉ်လူနေမှုဘဝမှာ ရင်ဆိုင်နေရလေ့ရှိတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ မကိုင်တွယ်နိုင်တော့ဘူးလို့ ခံစားမိတဲ့ အခက်အခဲတွေကြောင့် ဒီလို စိတ်ဖိစီးမှုတွေ ရလာတတ်ပါတယ်။ ကျွန်တော်တို့တွေဟာ နေ့စဉ်နဲ့အမျှရင်ဆိုင်နေရတဲ့ ပြဿနာတွေ အခက်အခဲတွေနဲ့ ဖိအားတွေကို ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ပြဿနာတိုင်းဟာ အဖြေရှိတာ မှန်လို့လား။ ပြဿနာတိုင်းကို ပြန်လည်ဖြေရှင်းနေဖို့ လိုအပ်လို့လား။ ဒီလို စိတ်အာရုံနောက်ကျိစရာ စိတ်ညစ်ညူးစရာ အခြေအနေတွေကို တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်နိုင်ဖို့ တရားရှုမှတ်ခြင်းက ကောင်းသော နည်းလမ်းတစ်ခုပါတယ်။ တရားရှုမှတ်ခြင်းနည်းလမ်းကို အသုံးချပြီး စိတ်ဖိစီးမှုတွေ၊ အမျိုးမျိုးသော သောကတွေကို လျှော့ချနိုင်ပါတယ်။ တရားရှုမှတ်တာဟာ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး တစ်နေ့ကို ၁၀ မိနစ် ကနေ နာရီဝက် ဝန်းကျင်လောက်အထိ ပုံမှန်ပြုလုပ်ပေးရုံနဲ့ အကျိုးကျေးဇူးတွေ အများအပြားရနိုင်ပါတယ်။ တရားရှုမှတ်ခြင်းအလေ့အထဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း…
ခြေနင်းတော် ရွှေဖိနပ်ကြောင့် ခြေထောက်မထိခိုက်စေဖို့ဆိုရင်
ဖိနပ်တို့ အဝတ်အစားတို့ ခန္တာကိုယ်ပေါ်မှာ ဆင်မြန်းရတဲ့အရာတွေဟာ ယျေဘုယျအားဖြင့် အဆင်တန်ဆာတစ်ခုအဖြစ် ရှုမြင်ခြင်းခံရတတ်ပါတယ်။ အထူးသဖြင့် ဖိနပ်ပေါ့။ ဒါပေမယ့် မှန်ကန်သင့်လျော်တဲ့ ဖိနပ်ကို စီးပေးခြင်းဟာ မိမိရဲ့ခြေထောက်ကို သက်သောင့်သက်သာဖြစ်စေသလို ခန္တာကိုယ်အပေါ် မလိုလားအပ်တဲ့ ထိခိုက်မှုတွေဖြစ်မလာအောင်လည်း ကာကွယ်ရာ ရောက်တယ်ဆိုတာမျိုးကိုတော့ သိတဲ့သူနည်းပါးပါတယ်။ ဖိနပ်ဆိုတာဟာ ခြေထောက်အတွက် ကူရှင်ထိုင်ခုံတစ်ခုလိုပါပဲ။ ခန္တာကိုယ်ဟာ အနေအထားမှန်ကန်တဲ့ ထိုင်ခုံမျိုးမှာ သက်သောင့်သက်သာ ထိုင်ပြီးနားဖို့ လိုအပ်သလို ခြေထောက်ဟာလည်း သူ့ကို ကောင်းကောင်း ပံ့ပိုးပေးနိုင်တဲ့ ဖိနပ်မျိုး စီးထားဖို့ လိုပါတယ်။ ဒါမှ ခြေထောက်လည်း သက်သောင့်သက်သာဖြစ်မှာဖြစ်ပြီး ခြေလှမ်းတိုင်းကို စိတ်အေးအေးချမ်းချမ်းနဲ့ လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ကိုယ့်အတွက် သက်သောင့်သက်သာရှိစေမယ့် ဖိနပ်ဆိုတာ ဘယ်လိုမျိုးလဲ နူးညံ့ရမယ် – ဖိနပ်အလယ်သားဟာ ဖိနပ်တစ်ခုမှာ အရေးအပါဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ သူဟာ ခန္တာကို မှန်မှန်ကန်ကန်…
Game of Thrones ထဲက သမိုင်း၊ သမိုင်းထဲက Game of Thrones (၂)
ဘုရင့်နိုင်ငံတော် “သေဆုံးခြင်းသမိုင်းကို မှင်ရည်ဖြင့် ပုံဖော်ရေးဖွဲ့ကြသော်ငြား အသက်သွေးဖြင့်သာ ရှင်သန်ခွင့်ကို ရနိုင်ပေမည်” ရော့ဒ်ရစ်ခ် ဟာလော အန်းလ်ဝစ်ခ်ရဲတိုက်သည် နယ်စပ်နယ်နိမိတ်တစ်လျှောက်ရှိ လူရိုင်းမျိုးနွယ်စုများ၏ တိုက်ခိုက်မှုများကို ခုခံရာတွင် ခံစစ်တန်း၏ ပထမဆုံးသောစည်းဟု ဆိုနိုင်သည်။ အမေ့ခံ ခံတပ်ကြီးကို တောင်စောင်းတစ်ခုပေါ်တွင် တည်ဆောက်ထားပြီး အင်္ဂလန်မြောက်ပိုင်းရှိ ချက်ဗယော့တ်တောင်တန်းဒေသတစ်လျှောက် အချက်အခြာလမ်းကြောင်းများကို ထိမ်းချုပ်နိုင်သည့် နေရာလည်းဖြစ်၏။ ခံတပ်မြို့တွင်းသို့ ဝင်ရောက်နိုင်မည့် တစ်ခုတည်းသော လမ်းကြောင်းမှာ မျှော်စင်ခပ်မြင့်မြင့်ဖြင့် တွဲလျက်တည်ဆောက်ထားသော ဂိတ်ပေါက်ဝတွင် စစ်ဆေးခံပြီး ကျဉ်းမြောင်းသည့် လမ်းမှတဆင့် ဖြတ်သန်းသွားရန်သာရှိသည်။ နေ့စဉ်နှင့်အမျှ ကုန်စည်များကို သယ်ဆောင်လာကြသော ဝန်တင်မြင်းများနှင့် လူအပေါင်းတို့သည် အထက်ပါနည်းလမ်းအတိုင်းပင် ရဲတိုက်ထံသို့ လိုအပ်သည့် ကုန်စည်များကို ပို့ဆောင်ကြရသည်။ ကျူးကျော်သူများရောက်ရှိလာပြီး ကျေးရွာများကိုဖျက်ဆီးတိုက်ခိုက်ကာ အဓမ္မပြုကျင့်မှုများ၊ လုယက်သတ်ဖြတ်မှုများ ပြုလုပ်လာသည့်အခါတိုင်း ဒေသခံများသည် ရဲတိုက်ရှိရာသို့ စုဝေးထွက်ပြေးလာကြပြီး…
Game of Thrones ထဲက သမိုင်း၊ သမိုင်းထဲက Game of Thrones (၁)
နိဒါန်း တစ်ခုသောအချိန်ကာလ၌ ငယ်ရွယ်ပျိုမြစ်သည့် လူငယ်လေးတစ်ဦးသည် ဖခင်ဖြစ်သူဆုံးရှုံးခဲ့သည့် ရာဇပုလ္လင်ကို ပြန်လည်ရယူရန် တော်လှန်ရေးတစ်ရပ် ဦးဆောင်ဆင်နွဲလေသည်။ ကလေးဘဝတွင် မျက်မြင်ကြုံခဲ့ဖူးသည့် ဖခင်ဘုရင်ကြီး၏ ထီးနန်းနှင့် အသက်ဆုံးရှုံးမှုမှ သူ့အနေဖြင့် သင်ခန်းစာကောင်းများ ရယူနိုင်ခဲ့ပြီးဖြစ်၏။ သူတို့မျိုးရိုးသည် တက်ကြွပြီး သြဇာတိက္ကမနှင့်ပြည့်စုံသည့် မြောက်ပိုင်းမင်းဆက်များမှ တိုက်ရိုက်ဆင်းသက်လာကြသူများ ဖြစ်ကြသည်။ ဤအချက်ကြောင့်ပင်လျှင် သူ၏တန်ဖိုးနှင့် လက်စားချေလိုမှုကို တိုက်ပွဲများဖြင့် သက်သေပြခဲ့ခြင်းဖြစ်ချေမည်။ သူ့အနေဖြင့် ငယ်ရွယ်စဉ်မှာပင် တိုက်ပွဲပေါင်းမြောက်များစွာကို အနိုင်ယူနိုင်ခဲ့သကဲ့သို့ အနီးချုပ်စပ် ပဒေသရာဇ်နယ်မြေဒေသများကို ဦးဆောင်နေကြသည့် အရှိန်အဝါကြီးမားလှသော မိသားစုများ၏ သစ္စာခံမှုကိုလည်း ရယူနိုင်ခဲ့သည်။ တိုက်ပွဲများတစ်လျှောက် ၎င်းအား အဓိကပံ့ပိုးထောက်ခံပေးခဲ့သူမှာ မိခင်ဖြစ်သူကိုယ်တိုင် ဖြစ်၏။ မိခင်ဖြစ်သူ မိဘုရားကြီးသည် သားတော်ကို ပံ့ပိုးရင်း တခြားသော လူမမယ်သားငယ် နှစ်ဦးကိုလည်း ရက်စက်ကြမ်းတမ်းလှသည့် ရန်သူများ၏လက်မှ ကင်းဝေးစေရန် အားထုတ်ကြိုးပမ်းရသူ…
မကောင်းသတင်းဟာ အောင်မြင်မှုဖြစ်နေပြီလား
“ခင်ဗျား လူမုန်းများတာ ခံချင်သလား၊ မကောင်းသတင်းနဲ့ ကျော်ကြားချင်သလား” လို့ လမ်းမှာတွေ့တဲ့ သာမန် လူတစ်ယောက်ကို မေးကြည့် “ဟင် မဖြစ်ချင်ပါဘူး” လို့ ဖြေကြလိမ့်မယ်။ ဒါပေမယ့် ဒီမေးခွန်းကိုပဲ လူမှုကွန်ယက်ပေါ်မှာပဲ မေးကြည့်မယ်ဆိုရင် ဘယ်လိုအဖြေထွက်မယ်ထင်သလဲ။ လူမုန်းများတယ်၊ မကောင်းသတင်းနဲ့ ကျော်ကြားတယ်လို့ ဆိုလိုက်ရင် လူတိုင်းကတော့ နှာခေါင်းရှုံ့သွားကြတာချည်းပါပဲ။ ဘယ်သူမှ မကောင်းသတင်းနဲ့ မကြော်ကြားချင်ကြဘူးလေ။ ဒါပေမယ့် လူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ Private Chat Box တွေကနေ ဘယ်လိုနည်းမျိုးနဲ့လဲလို့ အနည်းဆုံးလာစုံစမ်းကြလိမ့်မယ်။ မအံ့သြသွားပါနဲ့။ ခေတ်က တဖြည်းဖြည်းပြောင်းလဲလာနေတယ်။ အတွေးအခေါ်တွေ အယူအဆတွေဟာ နေ့စဉ်နဲ့အမျှ ပြောင်းလဲလာတယ်။ မတူကွဲပြားတဲ့ ရှုထောင့်တွေ ချဉ်းကပ်ပုံတွေဟာ ပိုလို့ပိုလို့တိုးပွားလာနေတယ်။ သိပ်ဝေးဝေး မကြည့်နဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်အထိ နာမည်ဆိုး၊ အမည်းစက်ကျန်ခဲ့မှာကို…
လိင်ပညာပေးသင်ကြားမှုအတွက် မေးခွန်း (၆) ရပ်
မြန်မာပြည်မှာက ပြဿနာတစ်စုံတစ်ရာကို ဆွေးနွေးငြင်းခုံကြတဲ့အခါ အဓိက အကြောင်းအရာကို ဖျောက်ပြီး ကိုယ်ကိုင်စွဲတဲ့ အယူအဆကိုပဲ တရားသေဆုပ်ကိုင်ပြီး ငြင်းခုံကြတတ်ကြတာဟာ ဓလေ့ကြီးတစ်ခုပဲ။ ခုလည်း Sex Education ကိစ္စကို ဆွေးနွေးငြင်းကြခုံကြတဲ့အခါ အများစုက အဓိကကျတဲ့ လိုရင်းအချက်တွေဆီ မရောက်ပဲ ကိုယ်ပိုင် အယူအဆတွေ၊ အစွဲတွေနဲ့ ရှုမြင်ပြောဆိုကြတာကို ကြားနေရပြန်တယ်။ စာသင်ကျောင်းတွေမှာ Sex Education (လိင်ပညာပေးမှု ဘာသာရပ်) သင်ကြားပေးဖို့ စတင်ကြိုးပမ်းလာတာဟာ လက်ခံကြိုဆိုရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Sex Edu သင်ကြားမှုကို စတင်တော့မယ်ဆိုရင် စဉ်းစားရမှာက အကျိုးကျေးဇူးနဲ့ ဘေးထွက်ဆိုးကျိုး ၂ ခုရဲ့ မျှခြေပါပဲ။ Sex Edu သင်ကြားမှုတိုင်းဟာ အကျိုးကျေးဇူးရနိုင်တယ်လို့ တဖက်သတ်ယူဆထားလို့မရသလို၊ ဒါကို သင်လို့မဖြစ်ဘူး ယဉ်ကျေးမှု၊ ဘာသာရေးတွေနဲ့ မသင့်လျော်ဘူးလို့လည်း…
မဟာက္ကိတ္ထိယဝါဒီများသို့
ခုခေတ်ထဲ မြင်ရပြုရ အဆင်မပြေတာလေးတစ်ခု အားအားယားယား ပြောဦးမယ်။ အရမ်းကို တက်ကြွပြီး အမျိုးသားထုကြီးကို တော်လှန်ပြမယ့် Feminist တွေအကြောင်းပေါ့။ Feminist တွေနဲ့ ပတ်သက်ရင် ကိုယ်သဘောမတွေ့ဆုံးက အမျိုးသားတွေဟာ သူတို့ကို ဖိနှိပ်ချုပ်ခြယ်သူတွေ၊ အမျိုးသားတွေဟာ မကောင်းဘူးလို့ တစ်ထစ်ချတွက်ထားတဲ့အချက်ပဲ။ လူရယ်လို့ဖြစ်လာရင် အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်၊ ဘာသာရေးနဲ့ မျိုးဗီဇတွေကြောင့် ရှင်သန်ရပ်တည်လာတဲ့ စိတ်ပိုင်းဆိုင်ရာ အမူအကျင့်ခြင်းမတူခြားနားကြတယ်။ ဒီအချက် ၄ ချက်ပေါ်မူတည်ပြီး စရိုက်တွေ၊ အကျင့်တွေ၊ သဘာဝတွေဖြစ်လာတယ်။ အမျိုးသားတွေ ကြီးစိုးတဲ့ ခေတ်မှာ အမျိုးသားတွေ အားကောင်းတာ၊ ဦးဆောင်နေကြတာဟက ပတ်ဝန်းကျင်၊ ဓလေ့ထုံးတမ်း၊ သမိုင်းနဲ့ ဘာသာရေးလို အရာတွေက ပုံသွင်းပေးလိုက်တာ။ ဒါကို လက်ဆင့်ကမ်းလာသူတွေက နောက်မျိုးဆက်ဆီ ဒါကိုပဲ ပြန်လက်ဆင့်ကမ်းမှာပဲ။ ဒါဆို နောက်မျိုးဆက်ဆီကို သမမျှတတဲ့…
“Facebook” နှင့် “ကုလား” က ပေးသော သင်ခန်းစာ
ယခုကာလတွင် လူမှုကွန်ယက် ဝက်ဘ်ဆိုက် Facebook တွင် သောသောညံနေသည့် ကိစ္စရပ်မှာ “ကုလား” ဆိုသည့် စကားလုံးကို Hate Speech ဟု Facebook Team က ယူဆသတ်မှတ်လိုက်ခြင်းအကြောင်းပင်ဖြစ်သည်။ ယင်းနှင့်အတူ ကုလား ဆိုသည့် အသုံးအနှုန်းသည် အမုန်းစကား ဟုတ်မဟုတ်ဆိုသည့် အမြင်မတူစွာ အငြင်းပွားမှုများကိုလည်း မြင်တွေ့နေရသည်။ အဆိုပါ “ကုလား” ဝေါဟာရနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝိုင်း၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ များ နှင့် NGO တချို့၏ အကြံပြုချက်များအရ ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Facebook က ဆိုခဲ့သည်။ မည်သည့်အဖွဲ့အစည်းများဟု အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိပေ။ တကယ်တမ်းအားဖြင့် ကြည့်မည်ဆိုလျှင် မြန်မာဝေါဟာရများတွင် ကုလားဆိုသည့် ဝေါဟာရအသုံးအနှုန်း တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်း ၇၀၀…
