အချိန်ကနေ့လည်ခင်း ဖြစ်နေသော်လည်းအခန်းအတွင်းမှောင်မိုက်ဓာတ်ကနေရာတော်တော်များများကို ကြီးစိုးထားသည်။ မှောင်မှိုင်းမှိုင်းအခန်းအတွင်းတွင် စူးရှတောက်ပသော Disco Light များကတလက်လက်တောက်ပနေသည်။ ခန်းမ၏ အလယ်တွင် စက်ဝိုင်းပုံစားပွဲငယ်တစ်ခုအခန့်သားရှိသည်။ စားပွဲငယ်၏ ဘေးပတ်ပတ်လည်ရှိလူငယ်ငါးဦးကတက်တက်ကြွကြွ ဟန်ပန်မျိုးဖြင့် တစ်စုံတစ်ရာကိုစောင့်မျှော်နေသလိုပင်။ အခန်းတွင်းရှိလူများအားလုံးကလှုပ်လှုပ်ရွရွဖြင့် သူတို့ကိုစိတ်ဝင်တစား ကြည့်နေကြသည်။ “Ready နော်။ 1, 2, 3 …စပြီ။” စင်မြင့်ပေါ်ရှိ DJ က အော်ဟစ်သတိပေးသံအဆုံးတွင် လူငယ်ငါးဦးတို့သည် စားပွဲငယ်ပေါ်ရှိ Jonny Walker အရက် သုံးပတ်စီထည့်ထားသောတစ်ခါသုံးပလတ်စတစ်ခွက်ငယ်ထဲမှ အရက်များကိုပိုက်ဖြင့် အလျင်အမြန်စုပ်ယူနေကြသည်။ ယင်းလူငယ်ငါးဦးထဲမှ အမြန်ဆုံးကုန်အောင် သောက်နိုင်သူသည် အနိုင်ရရှိမည်ဖြစ်သည်။ အနိုင်ရသူအတွက်လည်း Jägermeister ၁.၅ လီတာအရက်ပုလင်းတစ်တောင့်က ဒိုင်လုပ်သူ၏ လက်ထဲတွင် အဆင်သင့် ရှိနေသည်။ အထက်ပါမြင်ကွင်းမှာ Day Party များတွင် ကျင်းပလေ့ရှိသော Break Drink…
Category: Feature
မြို့ပြရန်ကုန်၏ အမွေ
သူ့ဟန်က တစ်စုံတစ်ရာကို အလွန် စိုးရိမ်နေ သလို ပင်။ အဆောက်အအုံ တစ်ခုကို သေချာ ကြည့်နေ သည်။ အမှတ်တံဆိပ် သက်တမ်း နှစ် ၉၀ ကျော်ရှိ မာဘိုရို စီးကရက် တစ်လိပ်ကို မက်မက်မောမော ဖွာရှိုက်လိုက်ရင်း စိုးရိမ်တကြီး လေသံဖြင့် စကား စပြောသည်။ “နောက် ၂ နှစ်၊ သုံးနှစ်အတွင်း ဒီအဆောက်အအုံ တွေကို ဘယ်သူမှ ဘာမှ မကာကွယ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဒီအဆောက်အအုံတွေကို ဘယ် တော့မှ မြင်ခွင့်ရတော့မှာ မဟုတ်ဘူး” ဟု စိုးရိမ် တကြီး ဆိုလိုက်သူမှာ ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်ဦး ဖြစ်သည်။ ကုလသမဂ္ဂ…
မျက်စိကျစရာဖြစ်လာသော ပြည်တွင်းဟိုတယ်ဈေးကွက်
နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ အမေရိကန်ပြည်ထောင်စု သမ္မတ ဘာရက်ခ် အိုဘားမား အပါအဝင် နိုင်ငံတကာ နာမည်ကျော်ခေါင်းဆောင်ကြီးများ ချစ်ကြည်ရေးခရီးစဉ်များအဖြစ် ဆက်တိုက်လာရောက်ခဲ့ကြပြီးနောက် မြန်မာ့ခရီးသွားလုပ်ငန်းသည် အပြောင်းအလဲ ကြီးမားစွာဖြစ်လာခဲ့သည်။ နိုင်ငံတကာ ပြည်ပခရီးသွားဝက်ဆိုက်များတွင် သွားရောက်လည်ပတ်ရန် သင့်လျော်သောဒေသအဖြစ် သတ်မှတ်ခံခဲ့ရခြင်းများကြောင့် ပြည်ပခရီးသွားများစိတ်ဝင်စားစရာ နေရာတစ်ခုဖြစ်လာခဲ့ပြီး ခရီးသည်ဝင်ရောက်မှုမှာလည်း စံချိန်တင်ခဲ့သည်။ ယင်းနှင့်အတ ၂၀၁၂ ခုနှစ်အတွင်း ခရီးသည်ဝင်ရောက်မှု တိုးတက်လာခြင်းနှင့်အတူ ပြည်တွင်း၌ တည်းခိုစရာ အခန်းမလုံလောက်မခြင်း၊ အဆင့်မြင့်ဟိုတယ်ရှားပါးမှုများကြောင့် ပြည်ပနိုင်ငံများရှိ နိုင်ငံတကာ ဟိုတယ်လုပ်ငန်းစုကြီးများအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် မျက်စိကျစရာနေရာတစ်ခုဖြစ်လာသည်။ “ပြည်တွင်းမှာ ဟိုတယ်လုပ်ငန်းလုပ်ကိုင်ဖို့ နိုင်ငံတကာဟိုတယ်တွေ ဆက်တိုက် ဝင်ရောက်လာနေပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ စီမံကိန်းများဌာန ညွှန်ကြားရေးမှူး ဦးလှိုင်ဦးကပြောသည်။၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက Jones Lang Laslle Hotels က…
The Journey Begins
Thanks for joining me! Good company in a journey makes the way seem shorter. — Izaak Walton
