၂၀၁၅ ကို စိုးရိမ်နေရသည့် အဖျော်ယမကာလုပ်ငန်းများ

၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် စတင်ပြဌာန်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့မှုများစတင်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ အဖော်ယမကာကုမ္ပဏီများအပါအဝင် နိုင်ငံတကာလုပ်ငန်းစုကြီးများ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့သည်။ ပက်စီ၊ ကိုကာကိုလာ၊ Sunkist၊ 100 Plusနှင့် နာမည်ကျော်ဘီယာများဖြစ်သည့် Carlsberg၊ Heineken၊ Cheng အစရှိသော နိုင်ငံတကာအဆင့်နာမည်ကျော် အဖျော်ယမကာကုမ္ပဏီများက ပြည်တွင်းတွင် စက်ရုံများတည်ဆောက်ကာ ကုန်ပစ္စည်းများထုတ်လုပ်ရန် ပြင်ဆင်လာကြသည်။ ယင်းထဲမှ သိသာထင်ရားသောပြိုင်ဆိုင်မှုအဖြစ် ကမ္ဘာကျော် Carbonated အချိုရည် Brand များဖြစ်သည့် ပက်စီနှင့် ကိုကာကိုလာတို့ဝင်ရောက်လာခြင်းနှင့် Carlsberg နှင့် Heineken တို့ပြည်တွင်းတွင် ထုတ်လုပ်ရန် ဝင်ရောက်လာခြင်းပင်ဖြစ်သည်။ အမေရိကန်နိုင်ငံမှ ပိတ်ဆို့အရေးယူမှုများကြောင့် ၁၉၉၇ ခုနှစ်တွင် ပြည်တွင်းတွင် ထုတ်လုပ်မှု ရပ်ဆိုင်း၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသော ပက်စီနှင့် နှစ်ပေါင်း…

လိုင်စင်ရပြီးနောက်

ပြည်ပဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီများ မျှော်လင့်စောင့်စားနေသော မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရားဝင်ချထားပေးလိုက်ပြီဖြစ်သည်။ ယင်းသည် မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် သမိုင်းဝင်အပြောင်းအလဲတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီ ၄ ခု၏ မိုဘိုင်းဆက်သွယ်ရေးဈေးကွက်လုပွဲအတွက် တာထွက်ခရာမှုတ်လိုက်ခြင်းပင်ဖြစ်သည်။ ယခင်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)တစ်ဦးတည်းက လက်ဝါးကြီးအုပ်လုပ်ကိုင်ခွင့်ရရှိခဲ့သော မိုဘိုင်းဆက်သွယ်ရေးကဏ္ဍတွင် ယခုအခါပြည်တွင်းမှ ရတနာပုံ၊ ပြည်ပမှ တယ်လီနောနှင့် အူရီးဒူးတို့ပါ ဝင်ယှဉ်ပြိုင် ဆင်နွဲရတော့မည်ဖြစ်သည်။ ပြည်ပ အော်ပရေတာ ကုမ္ပဏီ နှစ်ခုကို ဆက်သွယ်ရေးလိုင်စင်ချထားပေးပြီးနောက် အဆိုပါကုမ္ပဏီများကလည်း ကြိုတင် ကြေညာထားကြသည့်အတိုင်း မိုဘိုင်းဆက်သွယ်ရေးကွန်ယက်တည်ဆောက်မှုလုပ်ငန်းများ စတင်နေကြပြီဖြစ်သည်။ ပြည်တွင်း မိုဘိုင်းဆက်သွယ်ရေးဈေးကွက်အတွင်း နေရာတစ်နေရာ အခိုင်အမာရရှိထားသည့် MPT၊ ငွေကြေးအင်အားအလုံးအရင်းဖြင့် ဝင်ရောက်လုပ်ကိုင်မည့် အူရီးဒူး၊ နည်းပညာနှင့် ဆက်သွယ်ရေးလုပ်ငန်း အတွေ့အကြုံကြွယ်ဝသည့် တယ်လီနောနှင့် မြန်မာ့ဆက်သွယ်ရေးနှင့်…

စပ်ဖျဉ်းဖျဉ်း ဆက်သွယ်ရေးဈေးကွက် အပြောင်းအလဲ

အူရီဒူးကုမ္ပဏီက သြဂုတ်လအတွင်း မိုဘိုင်းဖုန်း ဆင်းမ်ကတ်များကို စတင်မိတ်ဆက်ရောင်းချလိုက်ခြင်းသည် မြန်မာနိုင်ငံသမိုင်းတွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ပထမဆုံး မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို စတင်လိုက်ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာ ဆိုးဝါးညံ့ဖျင်းသော ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် ယဉ်ပါးနေခဲ့သည့် မြန်မာနိုင်ငံသားများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအပြင် အခြားရွေးချယ်စရာ မိုဘိုင်းအော်ပရေတာတစ်ဦး တိုးလာခြင်းလည်းဖြစ်သည်။ ထပ်မံ၍လည်း စက်တင်ဘာလဆန်းပိုင်းတွင် တယ်လီနောနှင့် ယခုနှစ်မကုန်မီကာလအတွင်း ပြည်တွင်းမှ ရတနာပုံတို့ကလည်း မိုဘိုင်းဝန်ဆောင်မှုများ ဖြင့်ပြည်တွင်းဈေးကွက်အတွင်း အပြိုင်အဆိုင်ဝန်ဆောင်မှုများ စတင်တော့မည်ဖြစ်သည်။ ပြည်တွင်းရှိ ပြည်သူများအတွက် ရွေးချယ်စရာများ ပိုမိုများပြားလာပြီဖြစ်သော်လည်း ရွေးချယ်မှုပြုလုပ်ရာတွင် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း ဈေးကွက်အခြေအနေများအရ ထင်ထင်ရှားရှားမြင်တွေ့နေရသည်။ “ဆိုင်တွေမှာ စရောင်းရောင်းခြင်းမှာပဲ အူရီးဒူး တစ်ကတ်ဝယ်လိုက်တယ်။ ဖုန်းခေါ်ဆိုခကတော့ သက်သာတယ်လို့ပြောလို့ရတယ်။ အင်တာနက် Speed ကတော့ မြန်ပါရဲ့။ ဒါပေမယ့် အင်တာနက်သုံးခက မသက်သာဘူး။” ဟု မြောက်ဥက္ကလာပမြို့နယ်နေ ဦးကျော်စွာကဆိုသည်။ စတင်ရောင်းချစဉ်က…

၂၀၁၅၊ ၉၀ ရာခိုင်နှုန်းနှင့် ဆက်သွယ်ရေကဏ္ဍအတွက် စိန်ခေါ်သံ

“တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ မအားသေးပါရှင်”။ ရုတ်တရက်ပေါ်လာသည့် အသံကြောင့် ကိုထွန်းမြင့် စိတ်ပျက်မိသွားသည်။ အရေးတကြီး အလုပ်ကိစ္စများ၊ မိသားစုကိစ္စများ ဆက်သွယ်စဉ် ယင်းကဲ့သို့သော အသံကြားရပါက သူအလွန်စိတ်ပျက်မိသကဲ့သို့ စိတ်လည်း အလွန်တိုရသည်။ “ဆက်သွယ်ရေးတာဝါတိုင်နဲ့ ၂ လမ်းပဲခြားတဲ့နေရာမှာနေပြီး ဖုန်းလိုင်းမိမတာနဲ့ မကြာခဏ ကြုံနေရတယ်။ အခုနောက်ပိုင်းမှာ လိုင်းမမိတာတွေပိုများလာတယ်။ MPT က ဘာမှမလုပ်ပဲ ငုတ်တုတ်များထိုင်နေကြလား မသိဘူး။” ဟု သူက စိတ်ပျက် လက်ပျက်ဆိုသည်။ မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ခန့်နေထိုင်ပြီး မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုနိုင်သူဦးရေမှာ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် ၆ သန်းကျော်သာရှိသေးကာ အာဆီယံနိုင်ငံများအတွင်း တယ်လီဖုန်းသိပ်သည်းဆ (Tele Density) အနိမ့်ပါးဆုံးနိုင်ငံဖြစ်သည်။ “အရင်ကတည်းက အခြေခံအဆောက်အအုံတည်ဆောက်ရေးကို ဦးစားမပေးပဲနဲ့ ဖုန်းတွေကို ဈေးတင်ရောင်းဖို့ပဲ စဉ်းစားခဲ့တာကိုး…

မိုဘိုင်းဝန်ဆောင်မှု အရွေ့

ပြည်ပ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီများ လုပ်ငန်းများစတင်နေကြပြီဖြစ်သည်။ ပြည်တွင်းမှ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် ရတနာပုံတယ်လီပို့ကလည်း လိုင်စင်ရယူရန်နှင့် ပြည်ပမိတ်ဖက်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းရန် ဆောင်ရွက်နေပြီး နောက်ဆုံးအခြေအနေသို့ရောက်ရှိနေပြီဟု ဆိုထားသည်။ လက်ရှိ တစ်ဦးတည်း အော်ပရေတာ လုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာ့ဆက်သွယ်ရေးကလည်း ပြည်ပ အင်အားကြီး ဆက်သွယ်ရေးကုမ္ပဏီ တစ်ခု နှင့် ပူးပေါင်းရန် ပြင်ဆင်နေသည်။ အများပြည်သူမျှော်လင့်နေသော နိုင်ငံတကာအဆင့်မှီဆက်သွယ်ရေးဝန်ဆောင်မှုများသည် မကြာမတင်ကာလအတွင်း ပြည်တွင်းတွင် စတင်နိုင်မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည် ပြိုင်ဆိုင်မှုရှိသည့် ဆက်သွယ်ရေးဈေးကွက်သစ်တစ်ခု ပေါ်ထွက်လာတော့မည်ဖြစ်သည်။ နိုင်ငံတကာအဆင့်မှီဟု အပြိုင် အဆိုင်ပြောနေကြသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြည်သူများသာ မက ဈေးကွက်ကပါ မျှော်လင့်နေပြီဖြစ်သည်။ မိုဘိုင်းဖုန်းဈေးကွက်အတွင်း ဝန်ဆောင်မှုနှင့် ရောင်းချမှု ပုံစံများ ပြောင်းလဲလာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ဘာတွေပြောင်းလာနိုင်သလဲ လက်ရှိပြည်တွင်းတွင် SIM Card…

၂၀၁၃ မှစ၍

၂၀၁၃ ဆိုသော နှစ်တစ်နှစ်သည် ကုန်ဆုံးခဲ့ပြီဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် အပြောင်းအလဲများ အသီးသီးဖြစ်ပေါ်ခဲ့ကြသည်။ လောကနိယာမသဘောအရ အကောင်း၊ အဆိုးဒွန်တွဲနေသော်လည်း အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲများ အများစုဖြစ်ပေါ်လာခဲ့သော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ အထူးသဖြင့် ယခင်က နာတာရှည်ရောဂါတစ်ခုကဲ့သို့ တိုင်းပြည်၏ အဓိကအားနည်းချက်တစ်ခုသဖွယ် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော လက်ဝါးကြီးအုပ်မှု၊ ခြစားမှုများနှင့် အခြေခံအဆောက်အအုံအားနည်းချက်များဖြင့် ရောပျွမ်းရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကဏ္ဍတွင် ကြီးမားသော အပြောင်းအလဲများဖြစ်ပေါ်လာခဲ့သည်။ လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ အာဏာရလာပြီး နောက်ပိုင်း နိုင်ငံတကာတွင် မြန်မာနိုင်ငံသည် အံ့အားသင့်ဖွယ်ရာ အပြောင်းအလဲများကို ဖန်တီးပြနိုင်ခဲ့သောနိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေးဇာတ်ခုံပေါ်သို့ ပြန်လည် တက်လှမ်းလာခဲ့သည်။ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး စသည့် ကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းအားထုတ်မှုများနှင့် အခြေခံအဆောက်အအုံကဏ္ဍ…

၂၀၁၅ နှင့် အခြေခံအဆောက်အအုံမျှော်လင့်ချက်

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် တွင် အာဆီယံ ဥက္ကဌ ရာထူးကို တာဝန်ယူထမ်းဆောင်ရန် ပြီးခဲ့သော အောက်တိုဘာလအတွင်က တရားဝင် ရာထူးလက်ခံရယူခဲ့ပြီးဖြစ်သည်။ နိုင်ငံရေး စီပွားရေး ပြုပြင်ပြောင်းလဲမှုများဆက်တိုက်ဆောင်ရွက်နေခြင်းကြောင့် နေချင်း၊ ညချင်း ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး စင်မြင့်ထက်တွင် ရုတ်ချည်းထင်ပေါ်လာခဲ့သော မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ ကိစ္စရပ် တစ်ခုဖြစ်သည်။ အာဆီယံဥက္ကဌရာထူးလက်ခံခဲ့ခြင်းကြောင့် တိုင်းပြည်၏ ဂုဏ်သိက္ခာပိုမိုတိုးတက်လာမည် သာမက တိုင်းပြည်အပေါ်နိုင်ငံတကာ၏ ယုံကြည်မှုပိုမိုလာမည်ဖြစ်သလို အခြားကဏ္ဍအသီးသီးတွင် အခွင့်အလမ်းများ၊ အကျိုးစီးပွားများလည်း ရရှိလာမည်မှာမလွဲမသွေဖြစ်သည်။ သို့သော် ယင်းအကျိုးအမြတ်များနှင့် ဒွန်တွဲ၍ စိန်ခေါ်မှုများနှင့် အခက်အခဲများကလည်း ရှိနေသေးသည်။ အထူးသဖြင့် အခြေခံအဆောက်အအုံမပြည့်စုံမှုနှင့် ပြည်တွင်းလက်နက်ကိုင်ပြဿနာများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအတွက် အကြီးများဆုံး စိတ်ခေါ်မှုဖြစ်သည်ဟု နိုင်ငံတကာအဖွဲ့အစည်းများနှင့် စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။ ပြည်တွင်းငြိမ်ချမ်းရေးအတွက် အစိုးရက အထူးအားသွန်ခွန်စိုက်ကြိုးပမ်းနေပြီး သိသိသာသာ…

၂၀၁၄ နှင့် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာ နှစ်ခု

သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍသည် ကမ္ဘာတစ်ဝှမ်းတွင် အချိန်နှင့်အမျှ လျှင်မြန်စွာ ပြောင်းလဲနေသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ ထို့အတူ မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည်လည်း အရှိန်အဟုန်ဖြင့် အလျှင်အမြန်ပြောင်းလဲလာနေသည်။ ၂၀၁၁ ခုနှစ်မှ စတင်၍ အစိုးရက မိုဘိုင်းဖုန်း SIM Card ဈေးနှုန်းများကို တဖြည်းဖြည်းခြင်းလျှော့ချပေးခဲ့ပြီး ၂၀၁၃ တွင်မှု အလှည့်အပြောင်း အဖြစ် နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများကို ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူ၍ ဆက်သွယ်ရေးကဏ္ဍကို အကြီးအကျယ်ပြောင်းလဲပစ်ခဲ့သည်။ နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီ နှစ်ခု ဖြစ်သော တယ်လီနော်နှင့် အော်ရီဒူးတို့ တင်ဒါအောင်မြင်ခဲ့ပြီးနောက် အဆိုပါကုမ္ပဏီများက မိမိတို့ လုပ်ကိုင်မည့် အစီအစဉ်များကို ကြိုတင်ကြေညာကြထားကြပြီး ပြည်သူများကလည်း ဈေးနှုန်းသက်သာခြင်း၊ နိုင်ငံတကာအဆင့်မှီ ဝန်ဆောင်မှုများ ပေးအပ်သွားမည်ဆိုခြင်းတို့ကြောင့် ဝန်ဆောင်မှုများမပေးမှီမှာပင် အဆိုပါကုမ္ပဏီများအပေါ် သဘောကြနှစ်ခြိုက်နေကြသည်။ ယင်းအနေအထားသည် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရန်မလိုအပ်ပဲ အော်ပရေတာလုပ်ကိုင်ခွင့် တစ်နေရာစီရရှိနေသော…

စမတ်ဖုန်းခေတ်

အသက်နှစ်ဆယ့်သုံးနှစ်အရွယ်လူငယ်တစ်ဦးဖြစ်သူ ကိုထက်ထက်လတ်က နာမည်ကျော် မိုဘိုင်းဖုန်းအရောင်းဆိုင်ကြီးတစ်ခုအတွင်းတွင် အရောင်းဝန်ထမ်းအမျိုးသမီးလေး ရှင်းပြနေသည်များကို စိတ်ပါဝင်စားစွာနားထောင်နေသည်။ အရောင်းဝန်ထမ်း အမျိုးသမီးလေးရှင်းပြပြီနောက် သူက စိတ်ကျေနပ်သွားသည့် ဟန်ပန်ဖြင့် မိုဘိုင်းဖုန်းကို ဝယ်ယူလိုက်သည်။ “ကျွန်တော့်မှာ ရှိတဲ့ပိုက်ဆံ သုံးသိန်းကျော်လောက်နဲ့ Screen ကျယ်ကျယ် Hardware ကောင်းကောင်းနဲ့ဆိုရင် ဒီဖုန်း သင့်တော်မယ်ထင်တယ်” ဟု သူအသစ်ဝယ်ယူလာသည့် တက်ဘလက်နှင့် ဖုန်း နှစ်မျိုးစလုံး အသုံးပြုနိုင်သော Galaxy Tab 3 ဖုန်းကိုကိုင်ရင်း သူကဆိုသည်။ မိုဘိုင်းဖုန်း SIM Card များဈေးနှုန်းလျော့ကျလာပြီးနောက်ပိုင်း ယခုမြင်ကွင်းမျိုးသည် ရန်ကုန်မြို့တွင် မထူးခြားတော့သော မြင်ကွင်းတစ်ခုသာဖြစ်သည်။ “အခုနောက်ပိုင်း ဟန်းဆက် အများဆုံးဝယ်တာက လူငယ်အများစုပါပဲ။ နိုင်ငံတကာမှလည်း ဒီလိုပဲ။ လူငယ်တွေက အဓိက မိုဘိုင်းဖုန်းအသုံးပြုသူတွေပဲလေ။” ဟု ရန်ကုန် မြောက်ဥက္ကလာရှိ Star…

မြန်မာ့ဆက်သွယ်ရေး နွေဦး

ဇွန်လ ၂၇ ရက် ရုံးခန်းတစ်ခုလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေသည်။ တာဝန်ရှိသူအချို့ ခန်းမထဲတွင် လူစုရန်ပြောကြားသောကြောင့် သူမ စိတ်လှုပ်ရှားစွာ လိုက်ပါသွားသည်။ သို့သော် လူကြီးများ၏ မျက်နှာ အနည်းငယ်ပျက်နေသောကြောင့် သူမစိုးရိမ်မိလာသည်။ အခန်းထဲသို့ အားလုံးရောက်ပြီး လူစုံသောအခါတွင် အမှုဆောင်အဖွဲ့ဝင်တစ်ဦးက “ဆက်သွယ်ရေးတင်ဒါ ကျွန်တော်တို့ မရဘူး” ဟု စိတ်မပါတပါနှင့် ပြောလိုက်သည်။ သူ့စကားဆုံးသည်နှင့် အခန်းထဲတွင် ဝုန်းခနဲ ပွက်လောရိုက်သွားသည်။ တစ်ချို့က ငိုကြသည်။ တစ်ချို့ က စိတ်ပျက်လက်ပျက်ဖြင့် ခန်းမ အပြင်ထွက်သွားပြီး မိမိနေရာ မိမိပြန်ထိုင်ပြီး ငူငူငိုင်ငိုင်ဖြင့်ဖြစ်ကုန်ကြသည်။ “မနက်ပိုင်းကတည်းက သတင်းတွေက အမျိုးမျိုးထွက်နေတာ။ ကိုယ့်ကုမ္ပဏီနာမည်ပါပေမယ့် တရားဝင်မဟုတ်သေးတော့ မပြောသေးဘူး။ စောင့်ကြည့်နေကြတာပေါ့။ အားလုံးကို ခန်းမထဲခေါ်ပြီး လိုင်စင်မရတော့ဘူးလို့ ပြောလိုက်တဲ့ အချိန်မှာ ငိုချလိုက်ကြတာ။ ဝမ်းနည်းပက်လက်ပဲ။”…