အင်တာနက်ပေါ်က စက္ကန့် ၆၀

ဒီကနေ့ခေတ်မှာ အင်တာနက်ကိုအခြေပြုပြီး နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုက အံ့မခန်းပါပဲ။ အင်တာနက်ပေါ်မှာ စီးပွားရှာလို့ရသလို၊ အင်တာနက်ကောင်းမှုနဲ့ အိမ်ထောင်လည်းကျသွားနိုင်တယ်၊ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုလည်း ခံယူလို့ရတယ်၊ အိမ်မှာအသုံးမလိုတဲ့ ပစ္စည်းတွေကိုလည်း ရောင်းချင်ရောင်းနိုင်သေးရဲ့။ ဒါတွေတင်မကပါဘူး နှစ်သက်ရာပညာတွေကို သင်ယူလေ့လာလို့ရသလို စိတ်များပါမယ်ဆိုရင် နိုင်ငံရေးကမ်ပိန်းတွေဆိုတာလည်း လုပ်ချင်တဲ့ဆန္ဒသာရှိ အပြင်လောကမှာထက် ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်သေးတယ်။ အင်တာနက်နည်းပညာက လူတစ်ဦးချင်းစီတိုင်းရဲ့ နေ့စဉ်ဘဝမှာ ခုလိုမျိုး အရေးပါလာတဲ့အခါ လူသန်းပေါင်းများစွာရဲ့ ဘဝလမ်းကြောင်းတွေကို ထိန်းကျောင်းမောင်းနှင်တဲ့အရာပါဖြစ်လာတော့တာပါပဲ။ လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ အင်တာနက်က ဘယ်လောက်တောင် နေရာယူထားသလဲဆိုတာကို မြင်သာအောင် ရှင်းပြချင်ပါတယ်။ လက်ရှိ ၂၀၂၀ ခုနှစ်မှာ လူတစ်ယောက်ရဲ့ အင်တာနက် အသုံးပြုချိန်က တစ်နေ့ကို ၁၈၁ မိနစ် (၃ နာရီနဲ့ တစ်မိနစ်) တိတိ ရှိပါတယ်။ ၃၈ မိနစ်က ကွန်ပျူတာနဲ့ သုံးကြတာဖြစ်ပြီးတော့…

လမ်းနှစ်သွယ်နဲ့ ဆေးခြောက် ဝိရောဓိ

ကျွန်တော်တို့ ဗမာလူမျိုးတွေက အစွဲအလမ်းကြီးတယ်၊ အငြင်းလည်းသန်တယ်။ တစ်ခုခုကို ယုံကြည်မှတ်ယူထားပြီးရင် ပြင်ရ ချွတ်ရခက်တယ်။ ဒီတော့ တစ်ချို့သောအကြောင်းအရာတွေက ဓားထမ်းပြောရတဲ့ Topic တွေဖြစ်လာရော။ အဲ့ဒီလိုအကြောင်းအရာတွေထဲမှာ ဆေးခြောက်ကိစ္စလည်းပါတယ်။ တလောက မိတ်ဆွေတစ်ယောက်နဲ့ ပြည်တွင်းက ဆေးခြောက်တရားဝင်ဖြစ်ရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေအကြောင်း ပြောဖြစ်တယ်။ သဘောထားမတိုက်ဆိုင်မှုတွေက သိသာလာတာမို့ စကားစဖြတ်လိုက်ရတယ်။ ဆေးခြောက်တရားဝင်ဖြစ်ရေးဟာ ကမ္ဘာတစ်လွှားမှာ ရှိနေတဲ့ လှုပ်ရှားမှုတစ်ခုပါ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အခြေအနေခြင်းမတူသလို လိုအပ်ချက်နဲ့တောင်းဆိုချက်ခြင်းလည်း ကွာခြားမှုရှိပေမယ့် တူညီတဲ့ ဘုံရည်မှန်းချက်က ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ်ကနေ ပယ်ဖျက်ပြီး တရားဝင်အသုံးပြုခွင့်ပေးဖို့ပါပဲ။ ဒီအချက်ကို ရှေးရိုးစွဲတဲ့ လူကြီးတစ်ချို့ကတော့ သဘောကျကြမယ်မထင်ပါဘူး။ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် မှတ်ယူကြီးပြင်းလာခဲ့ကြသူတွေကိုး။ လူငယ်တစ်ချို့နဲ့ နှစ်ခြိုက်သူတွေကတော့ ဆေးခြောက်ကို တရားဝင်ဖြစ်ဖို့ ဆိုရှယ်မီဒီယာတွေပေါ်ကနေ တောင်းဆိုနေကြတာမျိုးတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း တောင်းဆိုသူအများစုက အခြေအနေကို…

COVID အလွန်ခေတ်အတွက် Next Normal စိန်ခေါ်မှု

အရင်ဆုံး မေးစရာရှိတာ Next Normal ဆိုတာ ဘာလဲဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ “The Next Normal” ဆိုတာက ထိပ်တန်းစီးပွားရေးသုတေသန အဖွဲ့အစည်း McKinsey က စတင်သုံးစွဲခဲ့တဲ့ စကားလုံးပါ။ လက်ရှိ COVID ကာလနဲ့ လာမယ့် COVID အလွန်ကာလတွေမှာ မဖြစ်မနေလက်ခံကျင့်သုံးရတော့မယ် ဒါမှမဟုတ် လိုက်နာရတော့မယ်လို့ ရှုမြင်ခြင်းခံထားရတဲ့ စီးပွားရေးနယ်ပယ်ရဲ့ သဘောသဘာဝလို့ ဆိုနိုင်ပါတယ်။ COVID-19 ကပ်ဘေးနဲ့ New Normal တို့က ပုံသွင်းပေးလိုက်တဲ့ အနာဂတ်ကမ္ဘာ့မြင်ကွင်းလို့လည်း ပြောလို့ရနိုင်ပါရဲ့။ တကယ်တမ်းအားဖြင့် Next Normal ဟာ COVID မတိုင်ခင်ကတည်းက စတင်ခဲ့တာပါ။ ကပ်ဘေးမတိုင်ခင်ကာလမှာကတည်းက တစ်ကမ္ဘာလုံးမှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရွှေ့ အရှိန်အဟုန်က အမြင့်ဆုံးဖြစ်နေခဲ့တာပါ။ ဒီကာလနဲ့ တိုက်ဆိုင်စွာဖြစ်လာတဲ့ COVID-19 ကပ်ဘေးနဲ့ နောက်ဆက်တွဲနေထိုင်မှုပုံစံ…

အွန်လိုင်းပေါ်မှာ ခြေများနေတဲ့ ဖုန်းနံပါတ်အပူးအလှတွေ

“အဲဒီ ၀၉၉၇၇၇၇×××× SIM Card လေးကို ၉၀၀၀ နဲ့ရမလား။ ၉၀၀၀နဲ့ ရရင်ယူမယ်။” Chat Box မှ တဆင့်ပြောကြားလိုက်သည့် အမျိုးသမီးငယ်၏ စကားစုကြောင့် တစ်ဖက်က စဉ်းစားနေဟန် တူသည်။ တစ်ခဏအကြာတွင် တစ်ဖက်က ပုဂ္ဂိုလ်က ၁၀၀၀ ကျပ် လျော့ပေးမည်ဖြစ်ကြောင်းနှင့် Delivery Charge ကို ဝယ်ယူသူဘက်က ပေးဆောင်ရမည်ဖြစ်ကြာင်း အကြောင်းပြန်လိုက်ရာ အရောင်းအဝယ် တည့်သွားလေသည်။ ဤသည်မှာ ပြည်တွင်းတွင် ခေတ်စားနေသော မိုဘိုင်းဖုန်း နံပါတ် အပူးအလှအရောင်းအဝယ်များထဲမှ ဖြစ်ရပ်တစ်ခုမျှသာဖြစ်သည်။ မိုဘိုင်းဖုန်းများ တစ်ခေတ်ဆန်းလာသောအချိန်တွင် လူအများကြား အမျိုုးမျိုးသော မိုဘိုင်းနှင့် သက်ဆိုင်သည့် ရောဂါများ စွဲကပ်လာကြသည်။ တစ်ချို့က ဖုန်းလှလှကိုင်ချင်ကြသည်။ တစ်ချို့က မျက်နှာပြင်ကျယ်ကျယ်ဖုန်းများကိုင်ချင်ကြပြန်သည်။ သို့သော် တစ်ချို့တစ်ချို့သော လူများကမူထူးခြားသည်။ တယ်လီဖုန်းနံပါတ်…

စားကျက်မြေလော တောရိုင်းလော

လွန်ခဲ့သော ၂၀၁၂ ခုနှစ်က ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးက ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက် “မြန်မာပြည်သည် အာရှ၏ နောက်ဆုံးကျန်ရှိသည့် စားကျက်မြေဖြစ်မည်လော”ဟု မေးခွန်းထုတ်ခဲ့ဖူးသည်။ သယံဇာတကြွယ်ဝခြင်း၊ အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရန်လိုအပ်နေခြင်းနှင့် လူသားအရင်းအမြစ် ဆိုင်ရာအားသက်ချက်များ ရှိနေခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများကို အခွင့်အလမ်းကာင်းကြီးများဖြင့် ကမ်းလင့်ကြိုနေသည်ဟု အဆိုပါမဂ္ဂဇင်းမှ ဆောင်းပါးရှင် Justin Kent က ညွှန်းဆိုခဲ့ဖူးသည်။ ဤအချက်သည် သံသယဖြစ်ဖွယ်မရှိခဲ့ပေ။ အဆိုပါဆောင်းပါးကို ဖော်ပြခဲ့သည့် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်၍ ၂၀၁၅ ဇူလိုင်လအထိ ကာလအတွင်း မြန်မာနိုင်ငံသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံနီးပါး စီးဝင်လာခဲ့သည်။ ယင်းသည် လက်ရှိ မြန်မာနိုင်ငံအတွင်းတည်ရှိနေသည့် ပြည်ပနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်း၏ ၂၈ ရာခိုင်နှုန်းမျှသော ပမာဏဖြစ်သည်။…

အကြံပေးသူတို့၏ ၂၀၁၅ အိပ်မက်

ဘာလဲ Law Firm ၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးပွင့်လင်းမြင်သာလာမှုနှင့် စီးပွားရေးဆိုင်ရာ ဖြေလျှော့မှုများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကဏ္ဍမျိုးစုံတွင် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာအရှိဆုံး နိုင်ငံတစ်ခုအဖြစ်သတ်မှတ်ခံလာရသည်။ အထူးသဖြင့် စီးပွားရေးကဏ္ဍတွင် နိုင်ငံတကာ၏ စိတ်ပါဝင်စားမှုသိသိသာသာမြင့်တက်လာပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ အများအပြားဝင်ရောက်လာချိန်တွင် ကျွဲကူးရေပါအနေဖြင့် စီးပွားရေးလုပ်ငန်းများအတွက် ဥပဒေရေးရာဝန်ဆောင်မှုများဆောင်ရွက်ပေးသည့် Corporate Law Firm များ၏ အခန်းကဏ္ဍသည်လည်း တဖြည်းဖြည်းနှင့် ရှေ့တန်းသို့ရောက်လာခဲ့လေသည်။ Law Firm ဟုဆိုရာတွင် မြန်မာလူမျိုးအမျာစုသည် အခန်းကျဉ်းလေးများအတွင်း ငုတ်တုတ်ထိုင်နေလေ့ရှိသော ကဏ္ဍမျိုးစုံကို ဥပဒေရေးရာဝန်ဆောင်မှုများပေးနေသည့် ပြည်တွင်းရှေ့နေများကို ပြေးမြင်မိမည်ဖြစ်သည်။ သို့သော် နိုင်ငံတကာတွင်မူ Law Firm များသည် ကဏ္ဍတစ်ခုခြင်းစီကို သီးသန့်ကျွမ်းကျင်သော ရှေ့နေ အများအပြားပါဝင်သည့် ဥပဒေရေးရာဝန်ဆောင်မှုကုမ္ပဏီကြီးများကိုဆိုလို သည်။ လက်ရှိအချိန်တွင် ပြည်တွင်း၌ Corporate…

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများ ရင်ဆိုင်ရနိုင်သည့် စိန်ခေါ်မှု ၆ ချက်

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အင်္ဂလန် အခြေစိုက် Oxford Business Group က The Report Myanmar 2014 ကို ထုတ်ပြန် ခဲ့ပြီး အဆိုပါ အစီရင်ခံစာတွင် မြန်မာ့စီးပွားရေးသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော်လည်း ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်များအတွင်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ အတွက် စိန်ခေါ်မှု ၆ ခုရှိနေသည် ဟုဆိုသည်။ ၁။ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း ပြောင်းပြန်အနေအထားဖြစ်နိုင်ခြင်း ပထမအချက်အနေဖြင့် ပြုပြင်ပြောင်းလဲရေးအနေအထား နောက်ပြန်လှည့်မလှည့်သည် အရေးအကြီဆုံးအချက်ဟု The Report Myanmar 2014 အစီရင်ခံစာကဆိုသည်။ အဆိုပါအစီရင်ခံစာက ကချင်၊ ရှမ်းနှင့် ကရင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အပြီးသတ် ငြိမ်းချမ်းရေးမရရှိသေးခြင်းကို ထောက်ပြထားပြီး ယင်းအနေအထားသည် လက်ရှိပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတွင်…

မိုဘိုင်းဖုန်းအရောင်းဆိုင် ဖွင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက် ၆ ချက်

မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးလာတာသည်နှင့် အမျှ မိုဘိုင်းဖုန်းများသည် လူများ၏ လူမှုဘဝတွင် ပိုမိုအရေးပါလာသည်။ ၎င်းအခြေအနေနှင့် ဆက်စပ်၍ မိုဘိုင်းဖုန်းအရောင်းဆိုင်ဖွင့်လှစ်သည့် လုပ်ငန်းများလည်း စိတ်ဝင်စားစရာစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာနေပြီဖြစ်သည်။ အဆိုပါလုပ်ငန်းကို ဝင်ရောက်ရင်းနှီးလုပ်ကိုင်လိုသူများလည်း ပေါများလာသည်။ ထို့ကြောင့် မိုဘိုင်းဖုန်းဆိုင်လုပ်ငန်း လုပ်ကိုင်လိုသူများအတွက် ဆိုင်ဖွင့်လှစ်မည်ဆိုပါက ကြိုတင်ပြင်ထားသင့်သည့်အချက် (၆) ချက်ကို ဖော်ပြပေးလိုက်ပါသည်။ ၁။ အရင်းအနှီးဘယ်လောက်သုံးမှာလဲ သေချာဆုံးဖြတ်ပါ အရင်းအနှီးပမာဏသည် မိမိဖွင့်လှစ် လိုသည့်နေရာ၊ မိမိကိုယ်တိုင် သုံးစွဲနိုသည့်ပမာဏ ဆိုင်အရွယ်အစားများအပေါ် အဓိကမူတည်သည်။ စားပွဲတစ်လုံး မိုဘိုင်းဖုန်း ၁၀ လုံး အလုံး ၂၀ နှင့် ငွေဖြည့်ကတ်ရောင်းသည့် ဆိုင်မှ ကျပ်သိန်း ရာထောင် ချီရင်းနှီမြှုပ်နှံသည့် ဆိုင်ကြီးများအထိ မိမိလက်ဝယ်တွင် ရှိသည့်အရင်းအနှီးပမာဏအပေါ်မူတည်၍ လုပ်ကိုင်ဆောင်ရွက်နိုင်သည်။ ဆိုင်အရွယ်အစားပေါ်မူတည်၍ ကုန်ကျစရိတ် ပိုမိုများပြားလာမည်ဖြစ်သည်။ ဆိုင်အပြင်အဆင်၊ နေရာ၊ ဝန်ထမ်းခန့်ထားမှု…

ထမင်းကြမ်း ယပ်ခတ်စားသည့် မျောက်များနှင့် မြန်မာ 4.0 ရှာပုံတော်ခရီး

Industry 4.0 သည် မြန်မာ့ စားပွဲဝိုင်းဆွေးနွေးပွဲများပေါ် ရောက်လာခဲ့သည်မှာ မကြာသေး။ သို့သော် ကမ္ဘာ့စင်မြင့်ပေါ်သို့ ရောက်ရှိနေသည်မှာတော့ ၂၀၁၅-၁၆ ဝန်းကျင်ကတည်းကဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ကမ္ဘာတစ်ဝှမ်း ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲတိုင်းပြည်တိုင်းမှ အစိုးရတိုင်း၏ အနာဂတ်စီမံကိန်းများတွင် စက်မှုတော်လှန်ရေး ၄.၀ (Industry 4.0) ဆိုသည့် စကားရပ်တစ်ခု အလျှင်အမြန် နေရာယူလာခဲ့သည်။ ကွန်ပျူတာထိမ်းချုပ် စက်ပစ္စည်းများနှင့် လူလုပ်သိဉာဏ်တု နည်းပညာများ၏ မောင်းနှင်အားဖြင့် ရှေ့ဆက်ကြမည့် ကမ္ဘာကြီးကို ကိုယ်စားပြု၏။ ဒစ်ဂျစ်တယ်စီးပွားရေးလှိုင်းနှင့်အတူ Industry 4.0 သည် ကမ္ဘာလုံးဆိုင်ရာ ကဏ္ဍအသီးသီးအတွက် အဓိက မောင်းနှင်အားဖြစ်လာတော့မည်ဟု ဗျာဒိတ်ပြုခြင်းခံနေရသည်မဟုတ်ပါလား။ ကမ္ဘာ့သမိုင်းတစ်လျှောက်တွင်လည်း စီးပွားရေးလှိုင်းတစ်ခု ဖြစ်ပေါ်လာချိန်တိုင်းတိုင် အဆိုပါလှိုင်းကို အကျိုးရှိစွာ အသုံးချနိုင်သည့်နိုင်ငံများ အလျင်အမြန် တိုးတက်သွားခဲ့ဖူးသည့် ဥပမာများရှိခဲ့ဖူးသည်။ ယင်းကြောင့် Industry 4.0…

မြန်မာ့ အကျိုးစီးပွားနှင့် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း

The Belt and Road Initiative (BRI) ကို တချိန်တုန်းကတော့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (One Belt One Road) ဟု ခေါ်ဆိုခဲ့ကြဖူးသည်။ ၂၀၁၃ ခုနှစ်ရောက်မှ BRI ဟု ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ မည်သို့ပင် ခေါ်တွင်နေသည်ဖြစ်စေ တရုတ်တို့သည် ပိုးလမ်းမသစ် စီမံကိန်းကို စတင် အကောင်အထည်ဖော်နေပြီဖြစ်ပြီး မြန်မာအစိုးရအာဏာပိုင်များသည်လည်း ယင်းစီမံကိန်းအပေါ် မျက်စိကျနေကြသည်မှာ အမှန်ပင်။ BRI စီမံကိန်းသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းတစ်ခုဖြစ်ပြီး တရုတ်အစိုးရက အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာ့ဝင်ရိုး ချိန်ခွင်လျှာကို ထိန်းညှိနိုင်ရန် ရည်ရွယ်ထားသည့် အစီအမံတစ်ခုဖြစ်သည်။ ၂၀၁၃ ခုနှစ်ကတည်းက အခြေခံအဆောက်အအုံဆိုင်ရာ ကနဦး စီမံကိန်းများစတင်နေခဲ့ပြီး အာရှ၊ ဥရောပနှင့် အာဖရိကတို့ကို ချိတ်ဆက်ထားသည့် စီးပွားရေး…