မြန်မာ့ အကျိုးစီးပွားနှင့် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း

The Belt and Road Initiative (BRI) ကို တချိန်တုန်းကတော့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (One Belt One Road) ဟု ခေါ်ဆိုခဲ့ကြဖူးသည်။ ၂၀၁၃ ခုနှစ်ရောက်မှ BRI ဟု ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ မည်သို့ပင် ခေါ်တွင်နေသည်ဖြစ်စေ တရုတ်တို့သည် ပိုးလမ်းမသစ် စီမံကိန်းကို စတင် အကောင်အထည်ဖော်နေပြီဖြစ်ပြီး မြန်မာအစိုးရအာဏာပိုင်များသည်လည်း ယင်းစီမံကိန်းအပေါ် မျက်စိကျနေကြသည်မှာ အမှန်ပင်။ BRI စီမံကိန်းသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းတစ်ခုဖြစ်ပြီး တရုတ်အစိုးရက အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာ့ဝင်ရိုး ချိန်ခွင်လျှာကို ထိန်းညှိနိုင်ရန် ရည်ရွယ်ထားသည့် အစီအမံတစ်ခုဖြစ်သည်။ ၂၀၁၃ ခုနှစ်ကတည်းက အခြေခံအဆောက်အအုံဆိုင်ရာ ကနဦး စီမံကိန်းများစတင်နေခဲ့ပြီး အာရှ၊ ဥရောပနှင့် အာဖရိကတို့ကို ချိတ်ဆက်ထားသည့် စီးပွားရေး…

4.0 ခေတ် ရေကြည်မြက်နုရာ

Industry 4.0 သည် မြန်မာ့စားပွဲဝိုင်းများပေါ် ရောက်လာခဲ့သည်မှာ မကြာသေး။ သို့သော် ကမ္ဘာ့စင်မြင့်ပေါ်သို့ ရောက်ရှိနေသည်မှာတော့ ၂၀၁၅-၁၆ ဝန်းကျင်ကတည်းကဖြစ်သည်။ အဆိုပါကာလများမှစတင်ကာ ကမ္ဘာတစ်ဝှမ်း ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲတိုင်းပြည်တိုင်းမှ အစိုးရတိုင်း၏ အနာဂတ်စီမံကိန်းများတွင် စက်မှုတော်လှန်ရေး ၄.၀ (Industry 4.0) ဆိုသည့် စကားရပ်တစ်ခု အလျှင်အမြန် နေရာယူလာခဲ့သည်။ ကွန်ပျူတာထိမ်းချုပ် စက်ပစ္စည်းများနှင့် လူလုပ်သိဉာဏ်တု နည်းပညာများ၏ မောင်းနှင်အားဖြင့် ရှေ့ဆက်ကြမည့် ကမ္ဘာကြီးကို ကိုယ်စားပြု၏။ ဒစ်ဂျစ်တယ်စီးပွားရေးလှိုင်းနှင့်အတူ Industry 4.0 သည် ကမ္ဘာလုံးဆိုင်ရာ ကဏ္ဍအသီးသီးအတွက် အဓိက မောင်းနှင်အားဖြစ်လာတော့မည်ဟု ဗျာဒိတ်ပြုခြင်းခံနေရသည်မဟုတ်ပါလား။ ကမ္ဘာ့သမိုင်းတစ်လျှောက်တွင်လည်း စီးပွားရေးလှိုင်းတစ်ခု ဖြစ်ပေါ်လာချိန်တိုင်းတိုင် အဆိုပါလှိုင်းကို အကျိုးရှိစွာ အသုံးချနိုင်သည့်နိုင်ငံများ အလျင်အမြန် တိုးတက်သွားခဲ့ဖူးသည့် ဥပမာများရှိခဲ့ဖူးသည်။ ယင်းကြောင့် Industry 4.0 တွင်လိုက်ပါ…

ဘုရားဟောနဲ့အညီ Cyber Crime ကို ကာကွယ်ခြင်း

ဖြစ်စဉ် ၁ “ကျွန်တော် ကံစမ်းမဲ ပေါက်တာလား မသိဘူး” ဘယ်ကမှန်းမသိဘူး။ ဒေါ်လာတစ်သန်း ကံစမ်းမဲပေါက်ကြောင်း အသိပေးစာတွေ မိုဘိုင်းဖုန်းတစ်ချို့ဆီဝင်လာတယ်။ ဝင်လာသမျှ မက်ဆေ့ချ်တိုင်းဟာ အမေရိကန် အော်ပရေတာတွေ၊ လုပ်ငန်းတွေရဲ့ နာမည်တွေနဲ့ဖြစ်ပြီး ပေးထားတဲ့ Link တွေ၊ Mail တွေဟာလည်း အမေရိကန် လိပ်စာတွေနဲ့ဖြစ်နေပါတယ်။ “သင့်ရဲ့ ဖုန်းနံပတ်ဟာ XXX ကုမ္ပဏီရဲ့ နှစ်ပတ်လည် အစီအစဉ်မှာ ကံထူးခဲ့တာမို့ ဒေါ်လာတစ်သန်း ဆုကြေးငွေရရှိမှာဖြစ်ပါတယ်။ အောက်ပါ e-mail ကို သင့်ရဲ့ အမည်၊ အသက်၊ နေရပ်လိပ်စာကို ပေးပို့ပေးပါ” ဆိုတဲ့ မက်ဆေ့ချ်မျိုးတွေဟာ မိုဘိုင်းဖုန်းတွေဆီကို တိုက်ရိုက် ဝင်ရောက်လာနေတာဖြစ်ပြီးတော့ မိုဘိုင်းလ်အော်ပရေတာတွေရဲ့ လုံခြုံရေးပိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုကတော့ စိတ်ပျက်စရာဖြစ်ပါတယ်။ ဖြစ်စဉ် ၂ “ညီမကို ကယ်ပါဦးရှင်”…

လိင်ပညာပေးသင်ကြားမှုအတွက် မေးခွန်း (၆) ရပ်

မြန်မာပြည်မှာက ပြဿနာတစ်စုံတစ်ရာကို ဆွေးနွေးငြင်းခုံကြတဲ့အခါ အဓိက အကြောင်းအရာကို ဖျောက်ပြီး ကိုယ်ကိုင်စွဲတဲ့ အယူအဆကိုပဲ တရားသေဆုပ်ကိုင်ပြီး ငြင်းခုံကြတတ်ကြတာဟာ ဓလေ့ကြီးတစ်ခုပဲ။ ခုလည်း Sex Education ကိစ္စကို ဆွေးနွေးငြင်းကြခုံကြတဲ့အခါ အများစုက အဓိကကျတဲ့ လိုရင်းအချက်တွေဆီ မရောက်ပဲ ကိုယ်ပိုင် အယူအဆတွေ၊ အစွဲတွေနဲ့ ရှုမြင်ပြောဆိုကြတာကို ကြားနေရပြန်တယ်။ စာသင်ကျောင်းတွေမှာ Sex Education (လိင်ပညာပေးမှု ဘာသာရပ်) သင်ကြားပေးဖို့ စတင်ကြိုးပမ်းလာတာဟာ လက်ခံကြိုဆိုရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Sex Edu သင်ကြားမှုကို စတင်တော့မယ်ဆိုရင် စဉ်းစားရမှာက အကျိုးကျေးဇူးနဲ့ ဘေးထွက်ဆိုးကျိုး ၂ ခုရဲ့ မျှခြေပါပဲ။ Sex Edu သင်ကြားမှုတိုင်းဟာ အကျိုးကျေးဇူးရနိုင်တယ်လို့ တဖက်သတ်ယူဆထားလို့မရသလို၊ ဒါကို သင်လို့မဖြစ်ဘူး ယဉ်ကျေးမှု၊ ဘာသာရေးတွေနဲ့ မသင့်လျော်ဘူးလို့လည်း…

“Facebook” နှင့် “ကုလား” က ပေးသော သင်ခန်းစာ

ယခုကာလတွင် လူမှုကွန်ယက် ဝက်ဘ်ဆိုက် Facebook တွင် သောသောညံနေသည့် ကိစ္စရပ်မှာ “ကုလား” ဆိုသည့် စကားလုံးကို Hate Speech ဟု Facebook Team က ယူဆသတ်မှတ်လိုက်ခြင်းအကြောင်းပင်ဖြစ်သည်။ ယင်းနှင့်အတူ ကုလား ဆိုသည့် အသုံးအနှုန်းသည် အမုန်းစကား ဟုတ်မဟုတ်ဆိုသည့် အမြင်မတူစွာ အငြင်းပွားမှုများကိုလည်း မြင်တွေ့နေရသည်။ အဆိုပါ “ကုလား” ဝေါဟာရနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝိုင်း၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ များ နှင့် NGO တချို့၏ အကြံပြုချက်များအရ ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Facebook က ဆိုခဲ့သည်။ မည်သည့်အဖွဲ့အစည်းများဟု အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိပေ။ တကယ်တမ်းအားဖြင့် ကြည့်မည်ဆိုလျှင် မြန်မာဝေါဟာရများတွင် ကုလားဆိုသည့် ဝေါဟာရအသုံးအနှုန်း တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်း ၇၀၀…

စာသင်ကျောင်းတံခါးတို့ ပြန်မဖွင့်မီ

COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းက စာသင်ကျောင်းတွေကို ပိတ်ပင်ထားခဲ့ရပါတယ်။ ခုချိန်မှာတော့ ကျောင်းဖွင့်ရာသီကို ပြန်လည်ရောက်ရှိလာပါပြီ။ ရောဂါကူးစက်မှုဟာ သိသာစွာကျင်းသွားခြင်းမရှိသေးပေမယ့် ရောဂါအခြေအနေကို ထိန်းချုပ်နိုင်လာတဲ့ တိုင်းပြည်တစ်ချို့ကတော့ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်လာကြပြီဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်မှာ လာမယ့်ဇွန်လဆိုရင် စာသင်ကျောင်းတချို့ကို ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်သလို မြန်မာနိုင်ငံမှာလည်း ဇူလိုင်လဝန်းကျင်မှာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာပါ။ ဒီလို ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့ ဆုံးဖြတ်ချက်တွေဟာ ကမ္ဘာတစ်ဝှမ်းက ၁.၄ ဘီလီယံသော ကျောင်းသားတွေ အပေါ်သက်ရောက်မှုတွေရှိလာတော့မှာဖြစ်ပါတယ်။ ကပ်ဘေးကာလမှာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ရတာဟာ အန္တရာယ်များတဲ့ အစီအစဉ်တစ်ခုဖြစ်သလို ကျောင်းသားတွေရဲ့ အနာဂတ်ကိုလည်း ထည့်သွင်းစဉ်းစားရတာမို့ ကျဉ်းထဲကျပ်ထဲက အတိမ်းအစောင်းမခံတဲ့ အခြေအနေတစ်ခုပါ။ စာသင်ကျောင်းတွေ ဘယ်လိုပြန်ဖွင့်ကြမလဲ နိုင်ငံတကာမှာတော့ ဒေသခံကျန်းမာရေးဌာနတွေနဲ့ ညှိနှိုင်းပြီး စာသင်ကျောင်းတွေကို ပြန်ဖွင့်ဖို့ စီစဉ်နေကြပါတယ်။ ဥပမာအားဖြင့် ပြောရရင်…

စင်ကာပူ အစ ရန်ကုန်လား၊ ရန်ကုန်အစ စင်ကာပူလား

“စင်ကာပူမြို့က ရန်ကုန်မြို့တည်ပြီးသည့်နောက်မှ ပေါ်ပေါက်လာတာ။ အင်္ဂလိပ်အစိုးရက စင်ကာပူကို တည်တုန်းက ရန်ကုန်မြို့ကို တည်ထားတဲ့ စနစ်တချို့ကို ပြန်လည်အသုံးပြုခဲ့တယ်။” ဟု စင်ကာပူတွင်နေထိုင်ဖူးသည်ဆိုသည့် တက္ကစီသမားက အာပေါင်အာရင်းသန်သန်ဖြင့် ဆိုလိုက်သည်။ ချွေးပြိုက်ပြိုက်ကျအောင် ပူပြင်းသောနွေတစ်ည၌ စမ်းချောင်းမှ မြောက်ဥက္ကလာသို့ တက္ကစီငှား၍ ပြန်လာစဉ်ဖြစ်သည်။ “လက်ရှိမှာ ကိုယ်တွေက သူတို့ကို ပြန်အတုယူရမှာက ရှက်ဖို့တောင်ကောင်းတယ်။” ဟု သူက ဆိုသည်။ တကယ်တမ်း ကျွန်တော်တို့ စပြောဖြစ်သည့် အကြောင်းအရာက လှည်းတန်းတံတားပေါ်ဖြတ်သန်းရင်း ရန်ကုန်ကို စင်ကာပူဖြစ်အောင်လုပ်မည်ဆိုသည့် အရင်အစိုးရလက်ထက်က issue အဟောင်း။ ယင်းအစီအစဉ်မှာ ဘာမျှဖြစ်မလာကြောင်း၊ ဘက်ဂျက်များ ပျောက်ဆုံးသွားသည်သာ အဖတ်တင်ကြောင်၊ မီးပွိုင့်များ အဆင့်မြှင့်တင်မည်ဆိုပြီး ပိုက်ဆံတွေ ဘယ်ရောက်ကုန်မှန်းမသိကြောင်း၊ အလျှိုအလျှိုပေါ်ပေါက်လာသည့် အဆင်မပြေသည့် တံတားစီမံကိန်းများအကြောင်း၊ လေထဲတိုက်အိမ်ဆောက်ခဲ့သည့် မြို့သစ်စီမံကိန်းများအကြောင်း စသဖြင့်စသဖြင့်။ယင်းမှတဆင့် သူ့စကားတွေက…

လမ်းပျော် ဓာတ်ပုံဆရာကို Viewfinder မှ ကြည့်ခြင်း

“ကျွန်တော် ကိုယ့်ကိုယ်ကို Artist လို့ ပြောရတာ ရှက်တယ်” လက်ထဲက ဘီယာခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်သည်။ ပိန်ချောင်ချောင် မျက်နှာနှင့်မလိုက်လှစွာ သူ့မျက်လုံးတွေက အရောင်တောက်နေသည်။ မှန်သားခင်းထားသည့် စားပွဲခုံပေါ်တွင် ကျည်အပြည့်ဖြည့်ထားသည့် သေနတ်တစ်လက်လို ကင်မရာတစ်လုံးကို ဓားလွယ်ခုတ်ဟန်ဖြင့် ချထားသည်။ ပြောဟန်ဆိုဟန် ခြေဟန်လက်ဟန်ကလည်း Rapper ပုံ ပေါက်နေသေး၏။ သူက တွေးတွေးဆဆပုံစံဖြင့် ဆက်ပြောသည်။ “ကျွန်တော်က ဒီလို Street ဓာတ်ပုံတွေရိုက်နေရတာကို Passionate ဖြစ်တယ်။ ပျော်တယ်။ ဓာတ်ပုံဆိုတာကြီးက ပိုပြီး သိလာလေလေ ပိုပြီး နက်ရှိုင်းလာလေလေပဲဗျ” သူ့နာမည်ရင်းက မျိုးသော်ဖြစ်သည်။ တကယ်တမ်းဆိုရလျှင် သူနှင့် ကျွန်တော် အွန်လိုင်းမှတဆင့် သိကျွမ်းခဲ့သည်မှာ ၅ နှစ်ဝန်းကျင်ရှိပြီ။ Photo Rhymer ဟု Tag ထိုးထားသည့်…