‘မောင်မိုးဇွန်’ ဆိုသူအကြောင်း

ကျွန်တော်က မောင်မိုးဇွန်ပါ။ ရဲဇွန်အောင်၊ မာဖီယိုဆိုစတဲ့ ကလောင်ခွဲတွေနဲ့လည်း စာတွေရေးနေပါတယ်။ အဓိကအားဖြင့်တော့ ဆက်သွယ်ရေး၊ နည်းပညာ၊ သမိုင်းနဲ့ ခရီးသွားကဏ္ဍတွေက ကျွန်တော် အဓိက ရေးဖြစ်တဲ့ ကဏ္ဍတွေပါ။

ကျွန်တော့် အနေနဲ့ ၂၀၁၂ ခုနှစ်မှာ Living Color မီဒီယာမှာ သတင်းထောက်စလုပ်ခဲ့ပြီး ဒါဟာ ကျွန်တော့်အတွက် မီဒီယာနယ်ပယ်ထဲကို ပထမဆုံး ခြေချဖြစ်ခဲ့တာပါပဲ။ ၂၀၁၃ ခုနှစ်ကနေစတင်ပြီး ကျွန်တော် ဆောင်းပါးတွေ ရေးသားခဲ့ပြီးတော့ ၂၀၁၉ မှာတော့ ဝတ္ထုတိုလေးတွေလည်း ရေးသားနေပါတယ်။ သီးသန့်စာအုပ်တွေ မထုတ်နိုင်သေးပေမယ့် ထုတ်ဝေနိုင်ဖို့လည်း ကြိုးစားနေဆဲပါ။

ဒီဝက်ဘ်စာမျက်နှာမှာတော့ ကျွန်တော့် စာရေးဆရာဘဝသက်တမ်းတစ်လျှောက် ရေးခဲ့ဖူးသမျှ ဆောင်းပါးတွေ၊ စာစုတွေ၊ ကဗျာတွေနဲ့ ဝတ္ထုတိုတွေ အားလုံးကို စုစည်းပြီး တင်ဆက်သွားမှာဖြစ်ပါတယ်။

ခင်မင်လျက်
မောင်မိုးဇွန်

What People Say

“Start writing, no matter what. The water does not flow until the faucet is turned on.”

Louis L’Amour

“I think all writing is a disease. You can’t stop it.”

William Carlos Williams

Let’s build something together.